GitHub(Early Access) ဟာ Programmer တွေ Developer တွေအတွက် အလွန်အသုံးဝင်တဲ့ development platform တစ်ခုဖြစ်ပြီး မိုဘိုင်းဖုန်းတွေအတွက် ထွက်ရှိလာတာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက နည်းပညာရှင် အများစု GitHub ပေါ်ကနေ project တွေ၊ code တွေကို sharing လုပ်ပေးနေတဲ့ နေရာဖြစ်လို့ software developer တွေ၊ programmer တွေအနေနဲ့ ဆော့ဖ်ဝဲတစ်ခုရေးမှာပဲဖြစ်ဖြစ်၊ website တစ်ခုခုရေးမှာပဲ ဖြစ်ဖြစ်လိုအပ်တဲ့ code တွေကိုယူသုံးနိုင်မှာဖြစ်ပါတယ်။ Open source ကနေ business အထိ code တွေ hosting လုပ်တာ၊ review လုပ်တာတို့လုပ်နိုင်ပြီး ကမ္ဘာတစ်ဝန်းက software developer ပေါင်း သန်း 40 နဲ့အတူ software တွေ ရေးနိုင်မှာဖြစ်ပါတယ်။ Mobile device ပေါ်မှာအသုံးပြုနိုင်တာဖြစ်လု့ိ desktop ကွန်ပျူတာရှေ့မှာမှမဟုတ် ဘယ်နေရာကိုရောက်နေနေ သင့်ရဲ့အဖွဲ့နဲ့ အမြဲတမ်းအဆက်အသွယ် မပြတ်ဘဲ software development အလုပ်ကို ဆက်လုပ်နိုင်မှာပါ။ Code တွေ review ကြည့်တာ၊ developer တစ်ယောက်ရေးထားတဲ့ code နဲ့ အခြားတစ်ယောက်ရေးထားတဲ့ code ကိုပေါင်းစည်းတဲ့အလုပ် merge လုပ်တာတို့ကို လုပ်ငန်းခွင်ထဲမှာရှိနေချိန်မဟုတ်ဘဲ လည်းလုပ်နိုင်မှာဖြစ်ပါတယ်။ အသုံးပြုဖို့ Android 2.2 နဲ့အထက်လိုအပ်ပါတယ်။
NetGuide Journal (Every Wednesday)
—————————————————————————————
  • (Zawgyi Version)
GitHub (Early Access)