Fujifilm XA5 ကိုတော့ retro look လေးကို ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ပေါင်းစပ်ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ အညိုရောင်လေးဖြစ်ကာ Mirrorless Digital Camera ဖြစ်ပြီး 24.2MP APS-C CMOS sensor နှင့် updated processor ပါဝင်ကာ ၎င်းက ယခင်မော်ဒယ်တွေထက် 1 ဆခွဲလောက် မြန်ဆန်ပါတယ်။ သယ်ဆောင်ရ လွယ်ကူစေရန် ဖန်တီးပေးထားပြီး အလေးချိန်ကတော့ 1.1 lb ရှိပါတယ်။ 15-45mm f/3.5-5.6 kit lens ကို အသုံးပြုထားပြီး UHD 4K recording နှင့် Full HD video တွေကို 60fps ဖြင့် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Intelligent Hybrid AF system နှင့် phase-detect points တို့ကတော့ မြန်ဆန်တဲ့ focus ချိန်ညှိမှုတွေကို ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ 4K Burst Function ကြောင့် ဓာတ်ပုံတွေကို 15fps ဖြင့် ရိုက်ကူးနိုင်မှာဖြစ်ကာ Portrait Enhancer Mode ကြောင့် skin tones တွေကလည်း လှပသင့်တော်နေစေမှာပါ။

Multi Focus Mode ကတော့ focus stacking အတွက်ဖြစ်ပြီး 3″ LCD touchscreen က 1040k-dot resolution ရှိပြီး ကင်မရာရဲ့ အများဆုံး ISO sensitivity ကတော့ 12800 အထိ ရှိပါတယ်။ အားတစ်ခါသွင်းထားပါက ပုံပေါင်း 450 ခန့်အထိ ရိုက်ကူးနိုင်မှာဖြစ်ကာ Bluetooth connectivity ကြောင့် ဖိုင်တွေကိုလည်း အဆင်ပြေသလို ရွှေ့ပြောင်းနိုင်ပါတယ်။ တန်ဖိုးကတော့ USD 524 ကျသင့်မှာဖြစ်ကာ Fujifilm Myanmar, Ph : 09-761690847 တွင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Fujifilm XA5

Fujifilm XA5 ကိုေတာ့ retro look ေလးကို ဆန္းသစ္တဲ့ လုပ္ေဆာင္ခ်က္ေတြနဲ႔ ေပါင္းစပ္ဖန္တီးေပးထားတာ ျဖစ္ပါတယ္။ အညိဳေရာင္ေလးျဖစ္ကာ Mirrorless Digital Camera ျဖစ္ၿပီး 24.2MP APS-C CMOS sensor ႏွင့္ updated processor ပါဝင္ကာ ၎က ယခင္ေမာ္ဒယ္ေတြထက္ 1 ဆခြဲေလာက္ ျမန္ဆန္ပါတယ္။ သယ္ေဆာင္ရ လြယ္ကူေစရန္ ဖန္တီးေပးထားၿပီး အေလးခ်ိန္ကေတာ့ 1.1 lb ရွိပါတယ္။ 15-45mm f/3.5-5.6 kit lens ကို အသုံးျပဳထားၿပီး UHD 4K recording ႏွင့္ Full HD video ေတြကို 60fps ျဖင့္ ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။ Intelligent Hybrid AF system ႏွင့္ phase-detect points တို႔ကေတာ့ ျမန္ဆန္တဲ့ focus ခ်ိန္ညႇိမႈေတြကို ျပဳလုပ္ႏိုင္မွာပဲ ျဖစ္ပါတယ္။ 4K Burst Function ေၾကာင့္ ဓာတ္ပုံေတြကို 15fps ျဖင့္ ႐ိုက္ကူးႏိုင္မွာျဖစ္ကာ Portrait Enhancer Mode ေၾကာင့္ skin tones ေတြကလည္း လွပသင့္ေတာ္ေနေစမွာပါ။

 

Multi Focus Mode ကေတာ့ focus stacking အတြက္ျဖစ္ၿပီး 3″ LCD touchscreen က 1040k-dot resolution ရွိၿပီး ကင္မရာရဲ႕ အမ်ားဆုံး ISO sensitivity ကေတာ့ 12800 အထိ ရွိပါတယ္။ အားတစ္ခါသြင္းထားပါက ပုံေပါင္း 450 ခန႔္အထိ ႐ိုက္ကူးႏိုင္မွာျဖစ္ကာ Bluetooth connectivity ေၾကာင့္ ဖိုင္ေတြကိုလည္း အဆင္ေျပသလို ေ႐ႊ႕ေျပာင္းႏိုင္ပါတယ္။ တန္ဖိုးကေတာ့ USD 524 က်သင့္မွာျဖစ္ကာ Fujifilm Myanmar, Ph : 09-761690847 တြင္ ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)