2020 မှာ သင့်အနေနဲ့ ဘယ်လိုစမတ်ဖုန်းမျိုးကို ရွေးချယ်ဝယ်ယူဖို့ ပြင်ဆင်နေသလဲ . . .? သင်ကိုင်ဆောင်ချင်တဲ့ စမတ်ဖုန်းမျိုးကရော ဈေးကွက်ထဲကိုရောက်နေပြီလား . . . ? အောက်မှာတော့ ယခုနှစ်အတွင်း သင့်အနေနဲ့ မဖြစ်မနေ စောင့်ဆိုင်း ဝယ်ယူသင့်တဲ့ ဖုန်းတွေကို ဖော်ပြပေးလိုက်ပါတယ် . . . ။

Apple iPhone XII

Apple အနေနဲ့ နောက်ဆုံးမိတ်ဆက်ထားတဲ့ iPhone XR မှာ LCD screen ကိုသာသုံးထားပါတယ်။ 2020 မှာတော့ ပြောင်းလဲမှုတွေကြုံရမှာပါ။ အသစ်ထွက်လာမယ့် iPhone XII ဖုန်းတွေမှာတော့ OLED screens ကို သုံးလာမယ်လို့ သိရပါတယ်။ ပြီးတော့ မျိုးဆက်သစ်ဖုန်းတွေမှာ 5G ကွန်ရက်ချိတ်ဆက်မှုကို ထည့်သွင်းလာမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် AI ပိုင်းမှာလည်း ပိုကောင်းလာဖို့မျှော်လင့်နေကြပါတယ်။ iPhone XII Pro နဲ့ iPhone XII Max ကို 2020 ခုနှစ် စက်တင်ဘာလမှာ ကြေညာမှာဖြစ်ပြီး သူတို့မှာ 6GB RAM ပါလာမယ်လို့ Barclays ရဲ့ လေ့လာဆန်းစစ်သူ Blayne Curtis ကပြောပါတယ်။ ဒါဟာ ကြိုဆိုချင်စရာကောင်းလှတဲ့ ဆင့်ကဲပြောင်းလဲတိုးတက်မှု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် iPhone 11 Pro နဲ့ iPhone 11 Pro Max တွေမှာ 4GB RAM ပဲပါလာတာပါ။ ပုံမှန် iPhone XII မှာတော့ iPhone 11 အတိုင်း 4GB RAM ပဲပါလာမယ်လို့ သတင်းထွက်လာပါတယ်။ DigiTimes က 2020 iPhone တွေမှာ 120Hz Screen ပါမယ်လို့ အရင်က သတင်းပေးထားပါတယ်။ iPad Pro တွေရဲ့ Refresh Rate နဲ့တူသွားမှာပါ။ဒါပေမယ့်iPadတွေရဲ့ LCD မှာလိုမဟုတ်ဘဲ လာမယ့် နှစ်ထုတ် iPhone တွေရဲ့ OLED Screen မှာ 120Hz Screen တပ်ထားမှာပါ။ ဇူလိုင်ကလည်း Ice Universe က 2020 iPhone များမှာ 120Hz Screen များပါလာနိုင်ပြီး Apple ဟာ Samsung, LG တို့နဲ့လည်း ဆွေးနွေးနေတယ်လို့ တွစ်တာကနေ မျှဝေခဲ့ပါတယ်။

OnePlus 8

Flagship killer ကြီးလို့ဆိုရမယ့် OnePlus ကနေထွက်လာမယ့် OnePlus 8 ပဲဖြစ်ပါတယ်။ CashKaro နဲ့ OnLeaks တို့ရဲ့ဓါတ်ပုံတွေအရ OnePlus 8 ဟာ လက်ရှိ OnePlus ဖုန်းတွေနဲ့အရမ်းကိုတူပါတယ်။ အဓိကပြောင်းလဲမှုတစ်ခုက Notch နဲ့ Pop-up အစား Punch-hole Camera ပါလာတာ ဖြစ်ပါတယ်။ OnePlus 8 ရဲ့အနောက်ဘက်မှာ ကင်မရာ 3 လုံး တပ်ဆင်ထားပါတယ်။ OnePlus 7T မှာလို စက်ဝိုင်းပုံသဏ္ဍာန်မဟုတ်ဘဲ ဒေါင်လိုက်ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ဒီဖုန်းတွေမှာ ကြိုးမဲ့အားသွင်းနည်းပညာပါလာမယ်လို့ သတင်းထွက်ထားပါတယ်။ OnePlus 8 Pro ရဲ့ပုံကြမ်းတွေလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဒီဇိုင်းက OnePlus 7 Pro ကို အနည်းငယ်ဆန်းသစ်ထားတဲ့ပုံ ပေါ်ပါတယ်။ ဒါပေမယ့် ကွဲပြားတာကို တွေ့လိုက်ရပါတယ်။ ပုံကြမ်းမှာ အရှေ့ကင်မရာ 1 လုံးပါတဲ့ မော်ဒယ်နဲ့ 2 လုံးပါတဲ့ မော်ဒယ်ကို မြင်ရပါတယ်။ OnePlus 8 Pro မှာ Notch မပါဘဲ Punch-hole Display ကို သုံးထားပါတယ်။ Pro နဲ့ 8 တို့ရဲ့ဒီဇိုင်းကတော်တော်တူနေပါ တယ်။ ဒါပေမယ့် သေချာကြည့်ရင် Pro ရဲ့အနောက်ဘက်မှာ 3D ToF Sensor အပိုထည့်ထားပါတယ်။ ဒါ့အပြင် Earpiece ကပိုကြီးပါတယ်။ Pro ရဲ့မျက်နှာပြင် အထက်ကဘောင်က အနည်းငယ်ပိုထူနေပါတယ်။ Pro မှာ 6.65 လက်မမျက်နှာပြင် ပါလာမှာဖြစ်ပြီး 8 ထက် 0.15 လက်မပိုကြီးပါတယ်။ မကြာခင်ကလည်း OnePlus 8 Pro မှာ 120Hz Display ပါမယ်လို့ သတင်းထွက်လာပါတယ်။

Moto Razr V4

Motorola ရဲ့ Razr clamshell စမတ်ဖုန်းဟာ အရောင်းရဆုံးဆိုတဲ့ စံချိန်ကောင်းတွေရရှိထားတဲ့ ဖုန်းတလုံးလို့ဆိုရမှာပါ။ ဘာကြောင့်လဲဆိုရင် အဲ့ဒီဖုန်းတွေဟာ 4 နှစ်အတွင်း အလုံးရေသန်း 130 နီးပါး ရောင်းချနိုင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် world best-selling ဖုန်းလို့တောင် သတ်မှတ်နိုင်မှာပါ။ အခုထပ်လာတာကတော့ foldable design နဲ့ $1500 ဈေးနှုန်း ဝန်းကျင်ဖုန်းပဲ ဖြစ်ပါတယ်။ ဖုန်းကိုခေါက်ချိုးထားတဲ့အခါမှာ သိပ်ပြီးမထူအောင် ဒီဇိုင်းထုတ်ထားပါတယ်။ အပြင်ဘက်မှာ Quick View External Touchscreen တပ်ဆင်ထားပြီး Notification တွေကြည့်တာနဲ့ သီချင်းဖွင့်တာမျိုးတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီဖုန်းကို ယခုနှစ်အတွင်း ရောင်းချမယ်လို့ သတင်းတွေထွက်နေပေမယ့် ယခုနှစ်အစောပိုင်းကို ပြောင်းလဲရောက်ရှိသွားနိုင်ပါတယ်။ Octa Core Snapdragon 710 10nm သာ သုံးထားတာကတော့ လက်ရှိဖုန်းတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် အတော်လေးကွာဟမှာပါ။

Nokia 10

Nokia ဘက်ကတော့ ယခုနှစ်အတွင်းထွက်လာမယ့် ဖုန်းတွေမှာ ကုမ္ပဏီအနေနဲ့ 5G ကွန်ရက်ကို ထည့်ပေးထားမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းအတွက် 48MP lenses 2 ခု ပေါင်းစပ်ပေးမယ်လို့သိရပါတယ်။ တခုက wide-angle နဲ့နောက်ထပ် တခုက telephoto အတွက် ဖြစ်ပါတယ်။ 4-axis OIS ကို ထောက်ပံ့ပေးမှာပါ။ အရှေ့ဘက်မှာတော့ 16MP ကင်မရာ တပ်ထားမှာဖြစ်ပြီး 1080p နဲ့ 4K videos တွေကို ရိုက်ကူးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ display ကလည်း 6.0 ကနေ 6.5 inches. ကြားရှိမှာပါ။ ဒါ့အပြင် ဘက်ထရီအားသွင်းစနစ်အတွက် quick charge 4+ ၊ water-resistant, dust-resistant တို့လိုမျိုးတွေပါ ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ အဲ့ဒီစမတ်ဖုန်းမှာ in-display fingerprint scanner ပါဝင်လာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီအချက်အလက်တွေဟာ လက်ရှိအချိန်ထိတော့ ကောလာဟလအဆင့်မှာသာ ရှိပါသေး တယ်။ ဒီထက်ပိုတိကျတဲ့ အချက်အလက်တွေ ထွက်လာနိုင်ပါသေးတယ်။

Apple iPhone X Fold

တခြားကုမ္ပဏီတွေကတော့ foldable smartphone တွေထုတ်နေပြီး apple ဆီကနေရော အဲ့လို device မျိုးမျှော်လင့်လို့ မရနိုင်ဘူးလား။ ယခုနှစ်အတွင်းပြောခဲ့တာကတော့ Apple အနေနဲ့ foldable phone တွေထုတ်လာအုံးမှာ မဟုတ်ဘူး ဆိုတာပါ။ ဒါပေမယ့်လည်း တခြားဘက်ကနေကြည့်မယ်ဆိုရင်တော့ Apple အနေနဲ့ foldable phone ဒီဇိုင်းကို မူပိုင်ခွင့်တင် ထားပါတယ်။ သူဟာ Samsung Galaxy Fold လို အတွင်းဘက်ကို ခေါက်ချိုးတဲ့ဒီဇိုင်း ဖြစ်ပါတယ်။ သူ့မှာ Display Layer အပြင် Protective Cover Layer လည်းပါပါတယ်။ မျက်နှာပြင်ရဲ့အထက်မှ Protective Cover Layer ကို Glass, Sapphire, Zirconia များနဲ့ပြုလုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ Apple အနေနဲ့မူပိုင်ခွင့်မှာ Foldable iPhone နဲ့ပတ်သတ်ပြီး ဒီဇိုင်းပုံတွေတင်ထားပေမယ့် အမှန်တကယ်ထုတ်ဖို့ကတော့ မသေချာသေးပါဘူး။ ဒါ့အပြင် Fan Made Render ရဲ့ပုံတွေမှာတော့ သိပ်တိကျမှုမရှိသေးပါဘူး။

Google Pixel 5

လက်ရှိအချိန်မှာ Google Pixel 4 စမတ်ဖုန်းကို အသုံးပြုနေတဲ့သူ ဘယ်လောက်ထိရှိနေပြီလု့ိ ထင်ပါသလဲ။ လာမယ့်နှစ်မှာတော့ Google Pixel 5 ဖုန်းဟာ အမှန်တကယ်ထွက်လာမှာပါ။ ဒါဟာအတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စလို့တောင် ဆိုရမှာပါ။ အခြားစမတ်ဖုန်း ထုတ်လုပ်သူတွေကသာ RAM နဲ့ ဘက်ထရီပိုင်းတွေမှာ ပြောင်းလဲတိုးမြင့်မှုတွေ လုပ်လာကြပေမယ့် android OS ပိုင်ဆိုင်သူကြီးကတော့ အရမ်းလှုပ်လှုပ်ရှားရှားလုပ်တာ မတွေ့ရပါဘူး။ ဒါပေမယ့် သူ့မှာရှိတဲ့အားသာချက်က ဖုန်းထဲမှာရှိတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အကောင်းဆုံးထိန်းချုပ် အလုပ်လုပ်နိုင်တာပါ။ စာရွက်ပေါ်က အချက်အလက်တွေ ကြည့်မယ်ဆိုရင်တော့ Pixel ဖုန်းတွေက အခြားဖုန်းတွေနဲ့ ယှဉ်လိုက်ရင် spec ပိုင်းအားနည်းနေတယ်လို့ ထင်ရပေမယ့် လက်တွေ့သုံးကြည့်လိုက်တဲ့အခါမှာ အခြားအဆင့်မြင့် ဖုန်းတွေအတိုင်းပဲ လုပ်ဆောင်ချက်ပိုင်း ကောင်းမွန်တာကိုတွေ့ရမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Best Futuristic Upcoming Smartphones Expected in 2020

2020 မွာ သင့္အေနနဲ႔ ဘယ္လိုစမတ္ဖုန္းမ်ိဳးကို ေ႐ြးခ်ယ္ဝယ္ယူဖို႔ ျပင္ဆင္ေနသလဲ . . .? သင္ကိုင္ေဆာင္ခ်င္တဲ့ စမတ္ဖုန္းမ်ိဳးကေရာ ေဈးကြက္ထဲကိုေရာက္ေနၿပီလား . . . ? ေအာက္မွာေတာ့ ယခုႏွစ္အတြင္း သင့္အေနနဲ႔ မျဖစ္မေန ေစာင့္ဆိုင္း ဝယ္ယူသင့္တဲ့ ဖုန္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္ . . . ။

Apple iPhone XII

Apple အေနနဲ႔ ေနာက္ဆုံးမိတ္ဆက္ထားတဲ့ iPhone XR မွာ LCD screen ကိုသာသုံးထားပါတယ္။ 2020 မွာေတာ့ ေျပာင္းလဲမႈေတြႀကဳံရမွာပါ။ အသစ္ထြက္လာမယ့္ iPhone XII ဖုန္းေတြမွာေတာ့ OLED screens ကို သုံးလာမယ္လို႔ သိရပါတယ္။ ၿပီးေတာ့ မ်ိဳးဆက္သစ္ဖုန္းေတြမွာ 5G ကြန္ရက္ခ်ိတ္ဆက္မႈကို ထည့္သြင္းလာမယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ AI ပိုင္းမွာလည္း ပိုေကာင္းလာဖို႔ေမွ်ာ္လင့္ေနၾကပါတယ္။ iPhone XII Pro နဲ႔ iPhone XII Max ကို 2020 ခုႏွစ္ စက္တင္ဘာလမွာ ေၾကညာမွာျဖစ္ၿပီး သူတို႔မွာ 6GB RAM ပါလာမယ္လို႔ Barclays ရဲ႕ ေလ့လာဆန္းစစ္သူ Blayne Curtis ကေျပာပါတယ္။ ဒါဟာ ႀကိဳဆိုခ်င္စရာေကာင္းလွတဲ့ ဆင့္ကဲေျပာင္းလဲတိုးတက္မႈ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ iPhone 11 Pro နဲ႔ iPhone 11 Pro Max ေတြမွာ 4GB RAM ပဲပါလာတာပါ။ ပုံမွန္ iPhone XII မွာေတာ့ iPhone 11 အတိုင္း 4GB RAM ပဲပါလာမယ္လို႔ သတင္းထြက္လာပါတယ္။ DigiTimes က 2020 iPhone ေတြမွာ 120Hz Screen ပါမယ္လို႔ အရင္က သတင္းေပးထားပါတယ္။ iPad Pro ေတြရဲ႕ Refresh Rate နဲ႔တူသြားမွာပါ။ဒါေပမယ့္iPadေတြရဲ႕ LCD မွာလိုမဟုတ္ဘဲ လာမယ့္ ႏွစ္ထုတ္ iPhone ေတြရဲ႕ OLED Screen မွာ 120Hz Screen တပ္ထားမွာပါ။ ဇူလိုင္ကလည္း Ice Universe က 2020 iPhone မ်ားမွာ 120Hz Screen မ်ားပါလာႏိုင္ၿပီး Apple ဟာ Samsung, LG တို႔နဲ႔လည္း ေဆြးေႏြးေနတယ္လို႔ တြစ္တာကေန မွ်ေဝခဲ့ပါတယ္။

OnePlus 8

Flagship killer ႀကီးလို႔ဆိုရမယ့္ OnePlus ကေနထြက္လာမယ့္ OnePlus 8 ပဲျဖစ္ပါတယ္။ CashKaro နဲ႔ OnLeaks တို႔ရဲ႕ဓါတ္ပုံေတြအရ OnePlus 8 ဟာ လက္ရွိ OnePlus ဖုန္းေတြနဲ႔အရမ္းကိုတူပါတယ္။ အဓိကေျပာင္းလဲမႈတစ္ခုက Notch နဲ႔ Pop-up အစား Punch-hole Camera ပါလာတာ ျဖစ္ပါတယ္။ OnePlus 8 ရဲ႕အေနာက္ဘက္မွာ ကင္မရာ 3 လုံး တပ္ဆင္ထားပါတယ္။ OnePlus 7T မွာလို စက္ဝိုင္းပုံသ႑ာန္မဟုတ္ဘဲ ေဒါင္လိုက္ဒီဇိုင္းကို အသုံးျပဳထားပါတယ္။ ဒီဖုန္းေတြမွာ ႀကိဳးမဲ့အားသြင္းနည္းပညာပါလာမယ္လို႔ သတင္းထြက္ထားပါတယ္။ OnePlus 8 Pro ရဲ႕ပုံၾကမ္းေတြလည္း ေပါက္ၾကားထြက္ေပၚလာပါတယ္။ ဒီဇိုင္းက OnePlus 7 Pro ကို အနည္းငယ္ဆန္းသစ္ထားတဲ့ပုံ ေပၚပါတယ္။ ဒါေပမယ့္ ကြဲျပားတာကို ေတြ႕လိုက္ရပါတယ္။ ပုံၾကမ္းမွာ အေရွ႕ကင္မရာ 1 လုံးပါတဲ့ ေမာ္ဒယ္နဲ႔ 2 လုံးပါတဲ့ ေမာ္ဒယ္ကို ျမင္ရပါတယ္။ OnePlus 8 Pro မွာ Notch မပါဘဲ Punch-hole Display ကို သုံးထားပါတယ္။ Pro နဲ႔ 8 တို႔ရဲ႕ဒီဇိုင္းကေတာ္ေတာ္တူေနပါ တယ္။ ဒါေပမယ့္ ေသခ်ာၾကည့္ရင္ Pro ရဲ႕အေနာက္ဘက္မွာ 3D ToF Sensor အပိုထည့္ထားပါတယ္။ ဒါ့အျပင္ Earpiece ကပိုႀကီးပါတယ္။ Pro ရဲ႕မ်က္ႏွာျပင္ အထက္ကေဘာင္က အနည္းငယ္ပိုထူေနပါတယ္။ Pro မွာ 6.65 လက္မမ်က္ႏွာျပင္ ပါလာမွာျဖစ္ၿပီး 8 ထက္ 0.15 လက္မပိုႀကီးပါတယ္။ မၾကာခင္ကလည္း OnePlus 8 Pro မွာ 120Hz Display ပါမယ္လို႔ သတင္းထြက္လာပါတယ္။

Moto Razr V4

Motorola ရဲ႕ Razr clamshell စမတ္ဖုန္းဟာ အေရာင္းရဆုံးဆိုတဲ့ စံခ်ိန္ေကာင္းေတြရရွိထားတဲ့ ဖုန္းတလုံးလို႔ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုရင္ အဲ့ဒီဖုန္းေတြဟာ 4 ႏွစ္အတြင္း အလုံးေရသန္း 130 နီးပါး ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ ေျပာရမယ္ဆိုရင္ world best-selling ဖုန္းလို႔ေတာင္ သတ္မွတ္ႏိုင္မွာပါ။ အခုထပ္လာတာကေတာ့ foldable design နဲ႔ $1500 ေဈးႏႈန္း ဝန္းက်င္ဖုန္းပဲ ျဖစ္ပါတယ္။ ဖုန္းကိုေခါက္ခ်ိဳးထားတဲ့အခါမွာ သိပ္ၿပီးမထူေအာင္ ဒီဇိုင္းထုတ္ထားပါတယ္။ အျပင္ဘက္မွာ Quick View External Touchscreen တပ္ဆင္ထားၿပီး Notification ေတြၾကည့္တာနဲ႔ သီခ်င္းဖြင့္တာမ်ိဳးေတြကို ျပဳလုပ္ႏိုင္ပါတယ္။ ဒီဖုန္းကို ယခုႏွစ္အတြင္း ေရာင္းခ်မယ္လို႔ သတင္းေတြထြက္ေနေပမယ့္ ယခုႏွစ္အေစာပိုင္းကို ေျပာင္းလဲေရာက္ရွိသြားႏိုင္ပါတယ္။ Octa Core Snapdragon 710 10nm သာ သုံးထားတာကေတာ့ လက္ရွိဖုန္းေတြနဲ႔ ယွဥ္လိုက္မယ္ဆိုရင္ အေတာ္ေလးကြာဟမွာပါ။

Nokia 10

Nokia ဘက္ကေတာ့ ယခုႏွစ္အတြင္းထြက္လာမယ့္ ဖုန္းေတြမွာ ကုမၸဏီအေနနဲ႔ 5G ကြန္ရက္ကို ထည့္ေပးထားမွာ ျဖစ္ပါတယ္။ ကင္မရာပိုင္းအတြက္ 48MP lenses 2 ခု ေပါင္းစပ္ေပးမယ္လို႔သိရပါတယ္။ တခုက wide-angle နဲ႔ေနာက္ထပ္ တခုက telephoto အတြက္ ျဖစ္ပါတယ္။ 4-axis OIS ကို ေထာက္ပံ့ေပးမွာပါ။ အေရွ႕ဘက္မွာေတာ့ 16MP ကင္မရာ တပ္ထားမွာျဖစ္ၿပီး 1080p နဲ႔ 4K videos ေတြကို ႐ိုက္ကူးႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ display ကလည္း 6.0 ကေန 6.5 inches. ၾကားရွိမွာပါ။ ဒါ့အျပင္ ဘက္ထရီအားသြင္းစနစ္အတြက္ quick charge 4+ ၊ water-resistant, dust-resistant တို႔လိုမ်ိဳးေတြပါ ေထာက္ပံ့ေပးႏိုင္ပါလိမ့္မယ္။ အဲ့ဒီစမတ္ဖုန္းမွာ in-display fingerprint scanner ပါဝင္လာမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒီအခ်က္အလက္ေတြဟာ လက္ရွိအခ်ိန္ထိေတာ့ ေကာလာဟလအဆင့္မွာသာ ရွိပါေသး တယ္။ ဒီထက္ပိုတိက်တဲ့ အခ်က္အလက္ေတြ ထြက္လာႏိုင္ပါေသးတယ္။

Apple iPhone X Fold

တျခားကုမၸဏီေတြကေတာ့ foldable smartphone ေတြထုတ္ေနၿပီး apple ဆီကေနေရာ အဲ့လို device မ်ိဳးေမွ်ာ္လင့္လို႔ မရႏိုင္ဘူးလား။ ယခုႏွစ္အတြင္းေျပာခဲ့တာကေတာ့ Apple အေနနဲ႔ foldable phone ေတြထုတ္လာအုံးမွာ မဟုတ္ဘူး ဆိုတာပါ။ ဒါေပမယ့္လည္း တျခားဘက္ကေနၾကည့္မယ္ဆိုရင္ေတာ့ Apple အေနနဲ႔ foldable phone ဒီဇိုင္းကို မူပိုင္ခြင့္တင္ ထားပါတယ္။ သူဟာ Samsung Galaxy Fold လို အတြင္းဘက္ကို ေခါက္ခ်ိဳးတဲ့ဒီဇိုင္း ျဖစ္ပါတယ္။ သူ႔မွာ Display Layer အျပင္ Protective Cover Layer လည္းပါပါတယ္။ မ်က္ႏွာျပင္ရဲ႕အထက္မွ Protective Cover Layer ကို Glass, Sapphire, Zirconia မ်ားနဲ႔ျပဳလုပ္ထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Apple အေနနဲ႔မူပိုင္ခြင့္မွာ Foldable iPhone နဲ႔ပတ္သတ္ၿပီး ဒီဇိုင္းပုံေတြတင္ထားေပမယ့္ အမွန္တကယ္ထုတ္ဖို႔ကေတာ့ မေသခ်ာေသးပါဘူး။ ဒါ့အျပင္ Fan Made Render ရဲ႕ပုံေတြမွာေတာ့ သိပ္တိက်မႈမရွိေသးပါဘူး။

Google Pixel 5

လက္ရွိအခ်ိန္မွာ Google Pixel 4 စမတ္ဖုန္းကို အသုံးျပဳေနတဲ့သူ ဘယ္ေလာက္ထိရွိေနၿပီလု႔ိ ထင္ပါသလဲ။ လာမယ့္ႏွစ္မွာေတာ့ Google Pixel 5 ဖုန္းဟာ အမွန္တကယ္ထြက္လာမွာပါ။ ဒါဟာအေတာ္ေလး စိတ္ဝင္စားစရာေကာင္းတဲ့ ကိစၥလို႔ေတာင္ ဆိုရမွာပါ။ အျခားစမတ္ဖုန္း ထုတ္လုပ္သူေတြကသာ RAM နဲ႔ ဘက္ထရီပိုင္းေတြမွာ ေျပာင္းလဲတိုးျမင့္မႈေတြ လုပ္လာၾကေပမယ့္ android OS ပိုင္ဆိုင္သူႀကီးကေတာ့ အရမ္းလႈပ္လႈပ္ရွားရွားလုပ္တာ မေတြ႕ရပါဘူး။ ဒါေပမယ့္ သူ႔မွာရွိတဲ့အားသာခ်က္က ဖုန္းထဲမွာရွိတဲ့ ပါဝင္ပစၥည္းေတြနဲ႔ အေကာင္းဆုံးထိန္းခ်ဳပ္ အလုပ္လုပ္ႏိုင္တာပါ။ စာ႐ြက္ေပၚက အခ်က္အလက္ေတြ ၾကည့္မယ္ဆိုရင္ေတာ့ Pixel ဖုန္းေတြက အျခားဖုန္းေတြနဲ႔ ယွဥ္လိုက္ရင္ spec ပိုင္းအားနည္းေနတယ္ လို႔ ထင္ရေပမယ့္ လက္ေတြ႕သုံးၾကည့္လိုက္တဲ့အခါမွာ အျခားအဆင့္ျမင့္ ဖုန္းေတြအတိုင္းပဲ လုပ္ေဆာင္ခ်က္ပိုင္း ေကာင္းမြန္ တာကိုေတြ႕ရမွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)