မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းက သုံးရတာ လေးလေးလာတယ်။ နောက်ပြီး တစ်ခုခုသုံးနေရင်းနဲ့ အပြင်ထွက်ထွက်သွားလို့ပါ။ အဲ့ဒါက ဘာဖြစ်လို့ပါလဲခင်ဗျာ။ ဘာလုပ်သင့်ပါသလဲ။
ဖြေ – လက်ရှိအသုံးပြုနေတဲ့ ဖုန်း OS (Operating System) မကောင်းတာကြောင့်ပါ။ Recovery ကနေ Reset ချလို့ ရနိုင်ပါတယ်။ အဲ့ဒါကိုမှ ဆက်ပြီးလေးနေရင်တော့ Software ပြန်ရေးသင့်ပါတယ်။

မေး – အစ်ကိုရေ ကျွန်တော်က Browser သုံးရင် Chrome ကို သုံးပါတယ်။ ဘယ် Site ထဲ အဝင်မှားသွားလို့လဲ မသိပါဘူး။ သင် ကံစမ်းမဲပေါက်ပါတယ်ဆိုတဲ့ မက်ဆေ့တွေ အများကြီး Chrome ကနေ တက်တက်လာပါတယ်။ အခု App ကိုပါ ပိတ်ထားရတဲ့အထိ ဖြစ်လာပါပြီ။ အဲ့ဒါကို ဘယ်လိုလုပ်သင့်ပါလဲခင်ဗျာ။ အကြံပြုပါဦး။
ဖြေ – Online Virus ကိုက်တယ်လို့ ခေါ်ပါတယ်။ Setting ထဲက Manage App ထဲဝင်ပြီး Chrome ကို Clear Data လုပ်ပြီး ပြန်သုံးပါ။ ပြန်ကောင်းသွားပါလိမ့်မယ်။

မေး – ကျွန်တော့်ဖုန်းက Zapya မကိုက်လို့လား မသိပါဘူး။ ကူးလို့မရဘူးဖြစ်နေတာ တခြားတစ်ယောက်နဲ့ File တွေ ကူးချင်ရင် ဘယ်လိုကူးလို့ ရနိုင်ပါသေးသလဲ။
ဖြေ – WiFi သုံးတဲ့အခါ ကောင်းပြီး Zapya သုံးလို့မရရင်တော့ Zapya ကိုဖျက်ပြီး Zapya Update အသစ်ကို Download သို့မဟုတ် Bluetooth နဲ့ ကူးပြီး Install ပြန်တင်သုံးကြည့်ပါ။

မေး – အစ်ကိုရေ ဖုန်းတွေမှာပါတဲ့ Face Lock က လုံခြုံမှုရှိပါသလား။ တခြားတစ်ယောက်က ကိုယ့်ရဲ့ဓာတ်ပုံနဲ့ ဖွင့်ရင်ရော Scan ဖတ်ပါသလားခင်ဗျာ။
ဖြေ – Online Review တွေအရ ရုပ်ချင်းတစ်ထေရာထဲတူတဲ့အမွှာတွေ Face Lock သုံးတဲ့အခါ Unlock ဖြစ်သွားပါတယ်။ ပုံတွေနဲ့ဖွင့်ရင်ရော ရနိုင်ခြေနည်းပါတယ်။ ဓာတ်ပုံကို Face Scan ဖတ်ဖို့အတွက် ဖုန်းက လက်မခံတာများလို့ပါ။

မေး – ကိုယ့်ရဲ့ Facebook Account ကို Hack မခံရအောင် ကာကွယ်လို့ ရပါသလား။ ဖြေပေးပါဦး အစ်ကိုရေ။
ဖြေ – Facebook ရဲ့ Setting ထဲက Security And Login မှာ Two Factor ခံထားလို့ ရသလို Login Device မှာလည်း Alarm On ထားပြီး ကာကွယ်ထားလို့ ရပါတယ်။

မေး – iPhone 11 ပြုတ်ကျပြီး Face ID မရတော့လို့ပါ။ ဘယ်လိုလုပ်ရမလဲခင်ဗျာ။ မှန်ကွဲခြင်းလည်း မရှိပါဘူး။ ဘယ်လိုလုပ်ဆောင်ရမလဲ အစ်ကိုရေ။
ဖြေ – အရှေ့ကင်မရာကောင်းပြီး Face ID အလုပ်မလုပ်တော့ရင်တော့ အထဲက Sensor ပိုင်းမှာ ထိခိုက်မှုရှိသွားတာကြောင့် ဖြစ်နိုင်ပါတယ်။ အထဲမှာ Setting တစ်ခုခု မှားနေတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဆိုင်မှာပြကြည့်ပြီး စစ်ဆေးသင့်ပါတယ်။

မေး – မင်္ဂလာပါအစ်ကိုရေ။ တစ်ချို့ Mi ဖုန်းတွေမှာ Google Play Service မပါတာ တွေ့ရပါတယ်။ အဲ့ဒါက ထည့်သွင်းလို့ ရပါသလားခင်ဗျာ။
ဖြေ – သုံးတဲ့ Mi ဖုန်းမော်ဒယ်နဲ့ ကိုက်ညီမယ့် Google Play Store Installer APK ကို အလွယ်တကူ ဒေါင်းပြီး Install တင်လို့ ရပါတယ်။ အခုနောက်ပိုင်း Mi တွေမှာ Google Play Service ကို Zapya နဲ့ အလွယ်တကူ ကူးလို့ ရနေပါပြီ။

မေး – အစ်ကိုရေ GB ရယ် MB ရယ် KB ရယ် TB ရယ်က ဘယ်လိုတွေ ကွာခြားတာပါလဲခင်ဗျာ။
ဖြေ – Digital Storage ကို ပမာဏသတ်မှတ်တဲ့အခါ KB, MB, GB, TB ဆိုပြီး အဆင့်ဆင့်သတ်မှတ်ပါတယ်။ တစ်ခုနဲ့တစ်ခု 1000 ကွာပါတယ်။ (ကွန်ပျူတာယူနစ်မှာတော့ 1024) ကွာပါတယ်။ 1000KB = 1MB, 1000MB = 1GB, 1000GB = 1TB ဆိုပြီး ယူနစ်ရှိပါတယ်ခင်ဗျာ။

မေး – မင်္ဂလာပါအစ်ကိုရေ။ Facebook ကနေ Save ထားတဲ့ Video တွေကို ဒေါင်းချင်လို့ပါခင်ဗျာ။ ဘယ်ကနေပြီးတော့ ဒေါင်းရမလဲဆိုတာကို ပြောပြပေးပါဦး အစ်ကိုရေ။
ဖြေ – TubeMate ထဲကနေ Facebook အကောင့်ကို Login ဝင်ပြီးတော့ Save ထားတာတွေကို အလွယ်တကူနဲ့ ဒေါင်းလို့ရပါတယ်။ Facebook Video Downloader နဲ့လည်း ဒေါင်းလို့ရပါတယ်ခင်ဗျာ။

ပန်းသတင်း မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်း (ပဲခူးမြို့) ဖုန်း-09-956559760, 09-683746227, 09-459212592 မှ ပံ့ပိုးကူညီသည်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာျပႆနာမ်ား

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းက သံုးရတာ ေလးေလးလာတယ္။ ေနာက္ၿပီး တစ္ခုခုသံုးေနရင္းနဲ႔ အျပင္ထြက္ထြက္သြားလို႔ပါ။ အဲ့ဒါက ဘာျဖစ္လို႔ပါလဲခင္ဗ်ာ။ ဘာလုပ္သင့္ပါသလဲ။
ေျဖ – လက္ရိွအသံုးျပဳေနတဲ့ ဖုန္း OS (Operating System) မေကာင္းတာေၾကာင့္ပါ။ Recovery ကေန Reset ခ်လို႔ ရႏိုင္ပါတယ္။ အဲ့ဒါကိုမွ ဆက္ၿပီးေလးေနရင္ေတာ့ Software ျပန္ေရးသင့္ပါတယ္။

ေမး – အစ္ကိုေရ ကြၽန္ေတာ္က Browser သံုးရင္ Chrome ကို သံုးပါတယ္။ ဘယ္ Site ထဲ အ၀င္မွားသြားလို႔လဲ မသိပါဘူး။ သင္ ကံစမ္းမဲေပါက္ပါတယ္ဆိုတဲ့ မက္ေဆ့ေတြ အမ်ားႀကီး Chrome ကေန တက္တက္လာပါတယ္။ အခု App ကိုပါ ပိတ္ထားရတဲ့အထိ ျဖစ္လာပါၿပီ။ အဲ့ဒါကို ဘယ္လိုလုပ္သင့္ပါလဲခင္ဗ်ာ။ အႀကံျပဳပါဦး။
ေျဖ – Online Virus ကိုက္တယ္လို႔ ေခၚပါတယ္။ Setting ထဲက Manage App ထဲ၀င္ၿပီး Chrome ကို Clear Data လုပ္ၿပီး ျပန္သံုးပါ။ ျပန္ေကာင္းသြားပါလိမ့္မယ္။

ေမး – ကြၽန္ေတာ့္ဖုန္းက Zapya မကိုက္လို႔လား မသိပါဘူး။ ကူးလို႔မရဘူးျဖစ္ေနတာ တျခားတစ္ေယာက္နဲ႔ File ေတြ ကူးခ်င္ရင္ ဘယ္လိုကူးလို႔ ရႏိုင္ပါေသးသလဲ။
ေျဖ – WiFi သံုးတဲ့အခါ ေကာင္းၿပီး Zapya သံုးလို႔မရရင္ေတာ့ Zapya ကိုဖ်က္ၿပီး Zapya Update အသစ္ကို Download သို႔မဟုတ္ Bluetooth နဲ႔ ကူးၿပီး Install ျပန္တင္သံုးၾကည့္ပါ။

ေမး – အစ္ကိုေရ ဖုန္းေတြမွာပါတဲ့ Face Lock က လံုၿခံဳမႈရွိပါသလား။ တျခားတစ္ေယာက္က ကိုယ္႔ရဲ႕ဓာတ္ပံုနဲ႔ ဖြင့္ရင္ေရာ Scan ဖတ္ပါသလားခင္ဗ်ာ။
ေျဖ – Online Review ေတြအရ ႐ုပ္ခ်င္းတစ္ေထရာထဲတူတဲ့အမႊာေတြ Face Lock သံုးတဲ့အခါ Unlock ျဖစ္သြားပါတယ္။ ပံုေတြနဲ႔ဖြင့္ရင္ေရာ ရႏိုင္ေျခနည္းပါတယ္။ ဓာတ္ပံုကို Face Scan ဖတ္ဖို႔အတြက္ ဖုန္းက လက္မခံတာမ်ားလို႔ပါ။

ေမး – ကိုယ့္ရဲ႕ Facebook Account ကို Hack မခံရေအာင္ ကာကြယ္လို႔ ရပါသလား။ ေျဖေပးပါဦး အစ္ကိုေရ။
ေျဖ – Facebook ရဲ႕ Setting ထဲက Security And Login မွာ Two Factor ခံထားလို႔ ရသလို Login Device မွာလည္း Alarm On ထားၿပီး ကာကြယ္ထားလို႔ ရပါတယ္။

ေမး – iPhone 11 ျပဳတ္က်ၿပီး Face ID မရေတာ့လို႔ပါ။ ဘယ္လိုလုပ္ရမလဲခင္ဗ်ာ။ မွန္ကြဲျခင္းလည္း မရွိပါဘူး။ ဘယ္လိုလုပ္ေဆာင္ရမလဲ အစ္ကိုေရ။
ေျဖ – အေရွ႕ကင္မရာေကာင္းၿပီး Face ID အလုပ္မလုပ္ေတာ့ရင္ေတာ့ အထဲက Sensor ပိုင္းမွာ ထိခိုက္မႈရိွသြားတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ အထဲမွာ Setting တစ္ခုခု မွားေနတာေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ဆိုင္မွာျပၾကည့္ၿပီး စစ္ေဆးသင့္ပါတယ္။

ေမး – မဂၤလာပါအစ္ကိုေရ။ တစ္ခ်ိဳ႕ Mi ဖုန္းေတြမွာ Google Play Service မပါတာ ေတြ႕ရပါတယ္။ အဲ့ဒါက ထည့္သြင္းလို႔ ရပါသလားခင္ဗ်ာ။
ေျဖ – သံုးတဲ့ Mi ဖုန္းေမာ္ဒယ္နဲ႔ ကိုက္ညီမယ့္ Google Play Store Installer APK ကို အလြယ္တကူ ေဒါင္းၿပီး Install တင္လို႔ ရပါတယ္။ အခုေနာက္ပိုင္း Mi ေတြမွာ Google Play Service ကို Zapya နဲ႔ အလြယ္တကူ ကူးလို႔ ရေနပါၿပီ။

ေမး – အစ္ကိုေရ GB ရယ္ MB ရယ္ KB ရယ္ TB ရယ္က ဘယ္လိုေတြ ကြာျခားတာပါလဲခင္ဗ်ာ။
ေျဖ – Digital Storage ကို ပမာဏသတ္မွတ္တဲ့အခါ KB, MB, GB, TB ဆိုၿပီး အဆင့္ဆင့္သတ္မွတ္ပါတယ္။ တစ္ခုနဲ႔တစ္ခု 1000 ကြာပါတယ္။ (ကြန္ပ်ဴတာယူနစ္မွာေတာ့ 1024) ကြာပါတယ္။ 1000KB = 1MB, 1000MB = 1GB, 1000GB = 1TB ဆိုၿပီး ယူနစ္ရိွပါတယ္ခင္ဗ်ာ။

ေမး – မဂၤလာပါအစ္ကိုေရ။ Facebook ကေန Save ထားတဲ့ Video ေတြကို ေဒါင္းခ်င္လို႔ပါခင္ဗ်ာ။ ဘယ္ကေနၿပီးေတာ့ ေဒါင္းရမလဲဆိုတာကို ေျပာျပေပးပါဦး အစ္ကိုေရ။
ေျဖ – TubeMate ထဲကေန Facebook အေကာင့္ကို Login ၀င္ၿပီးေတာ့ Save ထားတာေတြကို အလြယ္တကူနဲ႔ ေဒါင္းလို႔ရပါတယ္။ Facebook Video Downloader နဲ႔လည္း ေဒါင္းလို႔ရပါတယ္ခင္ဗ်ာ။

ပန္းသတင္း မိုဘိုင္းဖုန္းျပဳျပင္ေရးသင္တန္းေက်ာင္း (ပဲခူးၿမိဳ႕) ဖုန္း-09-956559760, 09-683746227, 09-459212592 မွ ပံ့ပိုးကူညီသည္။

NetGuide Journal (Every Wednesday)