Sensor Tower က စမတ်ဖုန်းအသုံးပြုသူများရဲ့ App ဒေါင်းလော့ခ်လုပ်မှုနှင့် အသုံးပြုမှုကို စစ်တမ်းပြုစုတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Buzzed News ရဲ့ ဖော်ပြချက်အရ Sensor Tower ဟာ Android နှင့် iOS အသုံးပြုသူများရဲ့ အချက်အလက်များကို VPN ၊ Ad-Blocking Apps များမှ တဆင့် ရယူလျက်ရှိကြောင်း သိရပါတယ်။
Sensor Tower ဟာ ကိုယ်တိုင်လည်း App များ ဖန်တီးနေတဲ့ ကုမ္ပဏီဖြစ်ပြီး Android နှင့် iOS Apps အနည်းဆုံး 20 ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ယင်း App များကလည်း Free and Unlimited VPN ၊ Luna VPN ၊ Mobile Data ၊ Adblock Focus စတဲ့ App လိုမျိုး App များ ဖြစ်ကြပါတယ်။ Sensor Tower ရဲ့ App အားလုံးနီးပါးမှာ Google Play Store မှ ဖယ်ရှားခြင်း ခံထားရကာ Adblock Focus ၊ Luna VPN တို့သာ Apple App Store မှာ ကျန်ခဲ့ပါတယ်။ ယခုအခါ Apple ကလည်း Adblock Focus ကို ဖယ်ရှားလာပြီဖြစ်သလို Google ကလည်း Mobile Data ကို ဖယ်ရှားလာပါတယ်။
Sensor Tower ဟာ စမတ်ဖုန်းအသုံးပြုသူများရဲ့ App အသုံးပြုသူများကို စစ်တမ်းပြုစုတဲ့ကုမ္ပဏီဖြစ်လို့ Google နှင့် Apple တို့ရဲ့ ခွင့်ပြုချက်ကို အခြားကုမ္ပဏီများထက် ပိုမို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ယခုအခါမှာတော့ Google နှင့် Apple တို့ဟာ သူတို့ရဲ့ App များက အသုံးပြုသူများရဲ့ အချက်အလက်များကို ရယူပြီး စည်းမျဉ်းချိုးဖောက်တယ်ဆိုပြီး ဖယ်ရှားလိုက်ကြပြီ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Android ႏွင့္ iOS အသုံးျပဳသူမ်ားထံမွ အခ်က္အလက္မ်ားကို လွ်ဳိ႕ဝွက္ရယူေနတဲ့ Sensor Tower

Sensor Tower က စမတ္ဖုန္းအသုံးျပဳသူမ်ားရဲ႕ App ေဒါင္းေလာ့ခ္လုပ္မႈႏွင့္ အသုံးျပဳမႈကို စစ္တမ္းျပဳစုတဲ့ ကုမၸဏီ ျဖစ္ပါတယ္။ Buzzed News ရဲ႕ ေဖာ္ျပခ်က္အရ Sensor Tower ဟာ Android ႏွင့္ iOS အသုံးျပဳသူမ်ားရဲ႕ အခ်က္အလက္မ်ားကို VPN ၊ Ad-Blocking Apps မ်ားမွ တဆင့္ ရယူလ်က္ရွိေၾကာင္း သိရပါတယ္။
Sensor Tower ဟာ ကိုယ္တိုင္လည္း App မ်ား ဖန္တီးေနတဲ့ ကုမၸဏီျဖစ္ၿပီး Android ႏွင့္ iOS Apps အနည္းဆုံး 20 ပိုင္ဆိုင္ထားတဲ့ ကုမၸဏီ ျဖစ္ပါတယ္။ ယင္း App မ်ားကလည္း Free and Unlimited VPN ၊ Luna VPN ၊ Mobile Data ၊ Adblock Focus စတဲ့ App လိုမ်ိဳး App မ်ား ျဖစ္ၾကပါတယ္။ Sensor Tower ရဲ႕ App အားလုံးနီးပါးမွာ Google Play Store မွ ဖယ္ရွားျခင္း ခံထားရကာ Adblock Focus ၊ Luna VPN တို႔သာ Apple App Store မွာ က်န္ခဲ့ပါတယ္။ ယခုအခါ Apple ကလည္း Adblock Focus ကို ဖယ္ရွားလာၿပီျဖစ္သလို Google ကလည္း Mobile Data ကို ဖယ္ရွားလာပါတယ္။
Sensor Tower ဟာ စမတ္ဖုန္းအသုံးျပဳသူမ်ားရဲ႕ App အသုံးျပဳသူမ်ားကို စစ္တမ္းျပဳစုတဲ့ကုမၸဏီျဖစ္လို႔ Google ႏွင့္ Apple တို႔ရဲ႕ ခြင့္ျပဳခ်က္ကို အျခားကုမၸဏီမ်ားထက္ ပိုမို ရရွိခဲ့တာလည္း ျဖစ္ပါတယ္။
ယခုအခါမွာေတာ့ Google ႏွင့္ Apple တို႔ဟာ သူတို႔ရဲ႕ App မ်ားက အသုံးျပဳသူမ်ားရဲ႕ အခ်က္အလက္မ်ားကို ရယူၿပီး စည္းမ်ဥ္းခ်ိဳးေဖာက္တယ္ဆိုၿပီး ဖယ္ရွားလိုက္ၾကၿပီ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)