Websites

https://pandaingmap.com/

https://pandaingmap.com ဟာ သင်နဲ့အနီးဆုံးမှာရှိနေတဲ့ သင့်ပညာရေးတိုးတက်ရေးအတွက် အသင့် တော်ဆုံးနေရာကိုရှာပေးနိုင်တဲ့ ပညာရေးဆိုင်ရာဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ သင်တန်းကျောင်းတွေကိုရှာဖွေရာမှာ အခက်အခဲမရှိစေဘဲ၊ ဒေသတွင်းကျောင်းတွေရော၊ နိုင်ငံတကာကျောင်းတွေကိုပါ ရှာဖွေနိုင်ပြီး၊ သင့်အတွက် အကိုက်ညီဆုံးနဲ့ အကောင်းဆုံးကျောင်းတွေကို ရှာဖွေပေးနိုင်ပါတယ်။ စိတ်ဝင်စားဖွယ်ရာဆောင်းပါးတွေကိုပါ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

http://www.myanmarbusinessdirectory.com/

www.myanmarbusinessdirectory.com ဟာ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ထောင်သောင်းချီပြီး စုစည်းဖော်ပြပေးနေတဲ့ စီးပွားရေးဆိုင်ရာလမ်းညွှန်ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ စားသောက်ဆိုင်၊ ဆေးဆိုင်၊ ဆေးရုံဆေးခန်း၊ ဟိုတယ်၊ ဘဏ်၊ လေယာဉ်လက်မှတ်၊ ကားလက်မှတ်၊ ရဲစခန်း၊ မီးသတ်အပါအဝင် စီးပွားရေးနဲ့ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားပေါင်း မြောက်မြားစွာကို ရှာဖွေနိုင်မှာဖြစ်လို့ တကယ်အသုံးတည့်တဲ့ လမ်းညွှန်ဖြစ်ပါတယ်။

https://www.sayar.com.mm/

www.sayar.com.mm ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးအွန်လိုင်းမှာ ဆရာရှာဖွေနိုင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပြီး ကျောင်းပညာအထောက်အကူပြုဘာသာ၊ နိုင်ငံခြားဘာသာ၊ ဂီတ၊ ကွန်ပျူတာ၊ ဒီဇိုင်းပညာ၊ အနုပညာ၊ သက်မွေးဝမ်းကျောင်းပညာ စတဲ့ဘာသာရပ်ပေါင်း 100 ကျော်ကို အနီးကပ်သင်ပြပေးမယ့် ဆရာ၊ ဆရာမတွေကိုရှာဖွေနိုင်ပါတယ်။ မြို့အလိုက်၊ ဘာသာရပ်အလိုက်ရှာဖွေနိုင်သလို၊ ဆရာ၊ ဆရာမတွေရဲ့ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာနဲ့ အခကြေးငွေတို့ကိုပါ ဖော်ပြပေးတာဖြစ်ပါတယ်။

Facebook

https://www.facebook.com/dr.kyawzawhein/

Dr. Kyaw Zaw Hein ဆိုတဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ကျန်းမာရေးအတွက် အကျိုးရှိစေမယ့် အကြောင်းအရာတွေကို ဝေမျှပေးနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်ပါတယ်။ သမားတော်နဲ့ဇီဝသိပ္ပံပညာရှင် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာကျော်ဇောဟိန်းက ကျန်းမာရေး၊ ပညာရေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ ဆောင်ရန်ရှောင်ရန်တွေနဲ့ကျန်းမာရေးနဲ့ ပတ်သက်လို့သိထားသင့်တဲ့အကြောင်းအရာတွေကို 3 မိနစ်၊ 4 မိနစ်စာဗီဒီယိုလေးတွေ နဲ့ပြောပြပေးနေတာဖြစ်ပါတယ်။

https://www.facebook.com/mmbuildersguide/

Myanmar Builders Guide ဟာ မြန်မာနိုင်ငံရဲ့ဆောက်လုပ်ရေးလုပ်ငန်းသတင်းတွေကို အစုံလင်ဆုံး ဖော်ပြပေးနေတဲ့ မြန်မာ့ဆောက်လုပ်ရေးလမ်းညွှန် page ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ပြည်တွင်း ဆောက်လုပ်ရေးသတင်းတွေ၊ ပြည်တွင်းစီးပွားရေးသတင်းတွေ၊ မြို့အလိုက်ဆောက်လုပ်ရေးသတင်းတွေ၊ မြန်မာတစ်နိုင်ငံလုံးရဲ့ ဆောက်လုပ်ရေးအခြေအနေတွေနဲ့ ရင်းနှီးမြှုပ်နှံမှုအကြောင်းတွေ၊ Industry Review နဲ့ Report တွေကိုနေ့စဉ်စုစည်း ဖော်ပြပေးနေတာဖြစ်ပါတယ်။

https://www.facebook.com/kyitharnyan/

Kyi Thar Nyan ဆိုတဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ အစားအသောက် ချက်ပြုတ်နည်းလေးတွေကို ကြည့်ရမယ့် ဖေ့စ်ဘွတ်စာမျက်နှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင်မတွေချက်နေကျ မြန်မာစတိုင်လ်မဟုတ်တဲ့ ဟင်းချက်နည်းတွေ၊ ဟင်းပွဲပြင်ပုံတွေကို ဒီ page မှာ လေ့လာရမှာဖြစ်ပါတယ်။ ချက်နေကျဟင်းလေးတွေက ရိုးနေပြီ၊ မတူတဲ့ ဟင်းအဆန်းလေးတွေစားချင်တယ်၊ အရသာအသစ်လေးတွေ ချက်ပြုတ်ပြင်ဆင်ချင် တယ်ဆိုသူတွေ အတွက် like လုပ်ထားသင့်တဲ့ page တစ်ခုလို့ညွှန်းချင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Websites & Facebook စာမျက်နှာများ

Websites

https://pandaingmap.com/




https://www.sayar.com.mm/


Facebook






