Summer Catchers ဟာ ချစ်စရာကောင်းတဲ့ pixel art auto-runner ဂိမ်းတစ်ခုဖြစ်ပြီး Alto’s Adventure တို့လို ဂိမ်းအမျိုးအစားတွေကို ကြိုက်သူတွေ ကစားသင့်တဲ့ဂိမ်း ဖြစ်ပါတယ်။ အေးစက်တဲ့မြောက်ပိုင်းမှာ နေထိုင်တဲ့ မိန်းကလေး ချူအဖြစ် ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ ပိုကောင်းတဲ့ရာသီဥတုရှိရာ တောင်ပိုင်းဒေသကို စွန့်စားခရီးသွားရမယ့် ဂိမ်းပုံစံ ဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ အဓိကလုပ်ရမယ့် တာဝန်က သစ်သားကားကလေးကိုစီးပြီး စွန့်စားရေးခရီးထွက်မယ့် ဇာတ်ကောင်မိန်းကလေးကို ထိန်းချုပ်လမ်းကြောင်းပေးရမှာပဲ ဖြစ်ပါတယ်။ ထူးခြားဆန်းကြယ်တဲ့ သတ္တဝါတွေပြည့်နှက်နေတဲ့ နယ်မြေတွေကို ဖြတ်သန်းရမှာဖြစ်ပြီး လမ်းတစ်လျှောက်မှာတွေ့ရတဲ့ အမျိုးမျိုးသော အတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ကုန်းအတက်အဆင်းတွေကို ဖြတ်ကျော်နိုင်အောင် မောင်းနှင်ပေးရပါမယ်။ နောက်ကနေ ကပ်ပါလာတဲ့ သတ္တဝါတွေလက်က လွတ်အောင် ပြေးနိုင်ရပါမယ်။ အချိန်ကိုက်ပြိုကျလာတဲ့ သစ်ပင်တွေ မပိအောင်ကိုလည်း မောင်းနိုင်ရပါမယ်။ ထောင်ချောက်တွေလည်းရှိတာဖြစ်လို့ ထောင်ချောက်ထဲကို ကျမသွားအောင် တိမ်းရှောင်ရင်း ရန်သူ boss ရဲ့ တိုက်ခိုက်ချင်းမခံရအောင်လည်း ရှောင်ရှားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီဂိမ်းကို Android 6.0 နဲ့အထက်မှာ ကစားနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Summer Catchers

Summer Catchers ဟာ ခ်စ္စရာေကာင္းတဲ့ pixel art auto-runner ဂိမ္းတစ္ခုျဖစ္ၿပီး Alto’s Adventure တို႔လို ဂိမ္းအမ်ိဳးအစားေတြကို ႀကိဳက္သူေတြ ကစားသင့္တဲ့ဂိမ္း ျဖစ္ပါတယ္။ ေအးစက္တဲ့ေျမာက္ပိုင္းမွာ ေနထိုင္တဲ့ မိန္းကေလး ခ်ဴအျဖစ္ ထူးဆန္းတဲ့ သတၱဝါေတြနဲ႔ ပိုေကာင္းတဲ့ရာသီဥတုရွိရာ ေတာင္ပိုင္းေဒသကို စြန္႔စားခရီးသြားရမယ့္ ဂိမ္းပံုစံ ျဖစ္ပါတယ္။ ဒီဂိမ္းရဲ႕ အဓိကလုပ္ရမယ့္ တာဝန္က သစ္သားကားကေလးကိုစီးၿပီး စြန္႔စားေရးခရီးထြက္မယ့္ ဇာတ္ေကာင္မိန္းကေလးကို ထိန္းခ်ဳပ္လမ္းေၾကာင္းေပးရမွာပဲ ျဖစ္ပါတယ္။ ထူးျခားဆန္းၾကယ္တဲ့ သတၱဝါေတြျပည့္ႏွက္ေနတဲ့ နယ္ေျမေတြကို ျဖတ္သန္းရမွာျဖစ္ၿပီး လမ္းတစ္ေလွ်ာက္မွာေတြ႕ရတဲ့ အမ်ိဳးမ်ိဳးေသာ အတားအဆီးေတြကို ေက်ာ္လႊားႏိုင္ဖုိ႔ ႀကိဳးစားရမွာ ျဖစ္ပါတယ္။ ကုန္းအတက္အဆင္းေတြကို ျဖတ္ေက်ာ္ႏိုင္ေအာင္ ေမာင္းႏွင္ေပးရပါမယ္။ ေနာက္ကေန ကပ္ပါလာတဲ့ သတၱဝါေတြလက္က လြတ္ေအာင္ ေျပးႏိုင္ရပါမယ္။ အခ်ိန္ကိုက္ၿပိဳက်လာတဲ့ သစ္ပင္ေတြ မပိေအာင္ကိုလည္း ေမာင္းႏိုင္ရပါမယ္။ ေထာင္ေခ်ာက္ေတြလည္းရွိတာျဖစ္လုိ႔ ေထာင္ေခ်ာက္ထဲကို က်မသြားေအာင္ တိမ္းေရွာင္ရင္း ရန္သူ boss ရဲ႕ တိုက္ခိုက္ခ်င္းမခံရေအာင္လည္း ေရွာင္ရွားႏိုင္ဖုိ႔ လိုအပ္ပါတယ္။ ဒီဂိမ္းကို Android 6.0 နဲ႔အထက္မွာ ကစားႏိုင္ပါတယ္။

NetGuide Journal (Every Wednesday)