Samsung ရဲ့ Note Series တွေဖြစ်တဲ့ Samsung Galaxy Note 9 နဲ့ Samsung Galaxy Note 8 ကို ဒီတစ်ပတ်မှာ လေ့လာကြည့်ရအောင်။ Samsung Galaxy Note 9 ကို အရင် ှ Samsung Galaxy Note တွေကထက် ပိုအဆင့်မြှင့်တင်ထားတာ တွေ့ရပါတယ်။ ဖုန်းဒီဇိုင်းပိုင်းလည်း သိပ်ကွာခြားမှု မရှိပါဘူး။ Specs နဲ့ Feature တွေကတော့ Samsung Galaxy Note 8 ထက် Samsung Galaxy Note 9 က ပိုပြီး အဆင့်မြင့်လာပါတယ်။ Spen ကိုလည်း ပိုပြီး အဆင့်မြှင့်တင်ထားပါတယ်။ ဖုန်းနှစ်ခုစလုံးမှာ နောက်ကျောဘက်ဒီဇိုင်းပုံစံက ဘယ်ဖုန်းနဲ့မှ မတူဘဲ လေးထောင့်ဘောင်ကွက်ထဲမှာ Dual Camera Lens, LED Flash နဲ့ Fingerprint Sensor ကို တွေ့မြင်ရမှာဖြစ်ပြီး Samsung Galaxy Note 9 မှာလည်း Fingerprint Sensor ကို လေးထောင့်ဘောင်ကွက်ရဲ့ အောက်ခြေလေးမှာ တွေ့မြင်ရမှာပါ။ ဖုန်းနှစ်ခုစလုံးမှာပါ၀င်တဲ့ Specs နဲ့ Feature တွေကို နှိုင်းယှဉ်ကြည့်ရအောင်။

(1). Design

Samsung Galaxy Note 9

Samsung ရဲ့ Galaxy Note 9 က 161.9 x 76.4 x 8.8 mm အရွယ်အစားရှိကာ 201g အလေးချိန် ရှိပါတယ်။ Fingerprint Sensor ကို နောက်ကျောဘက်မှာ တွေ့မြင်ရမှာဖြစ်ပြီး အရောင်အနေနဲ့က Metallic Copper, Lavender Purple, Ocean Blue, Midnight Black တို့ကို ရရှိနိုင်ပါတယ်။

Samsung Galaxy Note 8

Samsung Galaxy Note 8 မှာတော့ 162.5 x 74.8 x 8.6 mm အရွယ်အစားရှိကာ 195g အလေးချိန် ရှိပါတယ်။ အရောင်က Midnight Black, Maple Gold, Orchid Gray, Deep Sea Blue, Star Pink တို့ကို ရရှိနိုင်ပြီး နောက်ဘက်မှာ Fingerprint Sensor ကို တပ်ဆင်ပေးထားပါတယ်။

(2). Processor

Samsung Galaxy Note 9

Note 9 မှာ Qualcomm SDM845 Snapdragon 845 ကို သုံးထားပြီး 2.8GHz မြန်နှုန်းရှိ Kryo 385 Gold Core 4 ခု နှင့် ၁ 1.7GHz Kryo 385 Silver Core 4 ခု ကို သုံးပေးထားပါတယ်။ ဂရပ်ဖစ်ကတော့ Adreno 630 ဖြစ်ပါတယ်။

Samsung Galaxy Note 8

Qualcomm MSM8998 Snapdragon 835 ကို Galaxy Note 8 မှာ သုံးထားပြီး 2.35GHz မြန်နှုန်းရှိ Kryo Core 4 ခ ုနှင့် 1.9GHz မြန်နှုန်းရှိ Kryo Core 4 ခု အမျိုးအစားကို သုံးထားပါတယ်။ ဂရပ်ဖစ်ကတော့ Adreno 540 ဖြစ်ပါတယ်။

(3). Display

Samsung Galaxy Note 9

Galaxy Note 9 ရဲ့ 6.4 လက်မ Display ဟာ 1440 x 2960 pixels resolution ရှိပြီး 18.5:9 ratio  ရှိတဲ့ Super AMOLED အမျိုးအစား ဖြစ်ပါတယ်။ Screen-to-body အချိုးဟာ 83.4% ရှိပါတယ်။ Pixel Density 516 ppi ရှိပါတယ်။

Samsung Galaxy Note 8

Galaxy Note 8 မှာ 6.3 လက်မ Display ဟာ 1440 x 2960 pixels resolution ရှိပြီး 18.5:9 ratio ရှိတဲ့ Super AMOLED အမျိုးအစား ဖြစ်ပါတယ်။ Screen-to-body အချိုးဟာ 83.2% ရှိပါတယ်။ Pixel Density 521 ppi ရှိပါတယ်။

(4). Verdict

Samsung Galaxy Note 9

စွမ်းဆောင်ရည်အတွက် Galaxy Note 9 မှာ RAM အနေနဲ့ 6GB, Storage 128GB နဲ့ 8GB, Storage 512GB ဆိုပြီး Version နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ အဓိကကင်မရာဟာ Dual 12MP + 12MP ဖြစ်ပြီး Selfie အတွက် 8MP ကင်မရာ အရှေ့မှာ ပါ၀င်ပါတယ်။ Android Version 8.1 (Oreo) နဲ့ Li-Ion 4000 mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Samsung Galaxy Note 8

Galaxy Note 8 မှာ စွမ်းဆောင်ရည်အတွက် RAM အနေနဲ့ 6GB ပါ၀င်ပြီး Storage ကို 64/128/256GB ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ အဓိကကင်မရာဟာ Dual 12MP + 12MP ဖြစ်ပြီး Selfie အတွက် 8MP ကင်မရာ အရှေ့ကိုပဲ သုံးထားပါတယ်။ Android Version 7.1.1 (Nougat) နဲ့ Li-Ion 3300 mAh ဘက်ထရီတို့ ပါ၀င်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Samsung Galaxy Note 9 VS Samsung Galaxy Note 8

Samsung ရဲ႕ Note Series ေတြျဖစ္တဲ့ Samsung Galaxy Note 9 နဲ႔ Samsung Galaxy Note 8 ကို ဒီတစ္ပတ္မွာ ေလ့လာၾကည့္ရေအာင္။ Samsung Galaxy Note 9 ကို အရင္ ွ Samsung Galaxy Note ေတြကထက္ ပိုအဆင့္ျမႇင့္တင္ထားတာ ေတြ႕ရပါတယ္။ ဖုန္းဒီဇိုင္းပိုင္းလည္း သိပ္ကြာျခားမႈ မရွိပါဘူး။ Specs နဲ႔ Feature ေတြကေတာ့ Samsung Galaxy Note 8 ထက္ Samsung Galaxy Note 9 က ပိုၿပီး အဆင့္ျမင့္လာပါတယ္။ Spen ကိုလည္း ပိုၿပီး အဆင့္ျမႇင့္တင္ထားပါတယ္။ ဖုန္းႏွစ္ခုစလံုးမွာ ေနာက္ေက်ာဘက္ဒီဇုိင္းပံုစံက ဘယ္ဖုန္းနဲ႔မွ မတူဘဲ ေလးေထာင့္ေဘာင္ကြက္ထဲမွာ Dual Camera Lens, LED Flash နဲ႔ Fingerprint Sensor ကုိ ေတြ႕ျမင္ရမွာျဖစ္ၿပီး Samsung Galaxy Note 9 မွာလည္း Fingerprint Sensor ကို ေလးေထာင့္ေဘာင္ကြက္ရဲ႕ ေအာက္ေျခေလးမွာ ေတြ႕ျမင္ရမွာပါ။ ဖုန္းႏွစ္ခုစလံုးမွာပါ၀င္တဲ့ Specs နဲ႔ Feature ေတြကို ႏိႈင္းယွဥ္ၾကည့္ရေအာင္။

(1). Design

Samsung Galaxy Note 9

Samsung ရဲ႕ Galaxy Note 9 က 161.9 x 76.4 x 8.8 mm အရြယ္အစားရွိကာ 201g အေလးခ်ိန္ ရွိပါတယ္။ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ ေတြ႕ျမင္ရမွာျဖစ္ၿပီး အေရာင္အေနနဲ႔က Metallic Copper, Lavender Purple, Ocean Blue, Midnight Black တုိ႔ကို ရရွိႏိုင္ပါတယ္။

Samsung Galaxy Note 8

Samsung Galaxy Note 8 မွာေတာ့ 162.5 x 74.8 x 8.6 mm အရြယ္အစားရွိကာ 195g အေလးခ်ိန္ ရွိပါတယ္။ အေရာင္က Midnight Black, Maple Gold, Orchid Gray, Deep Sea Blue, Star Pink တုိ႔ကို ရရွိႏိုင္ၿပီး ေနာက္ဘက္မွာ Fingerprint Sensor ကို တပ္ဆင္ေပးထားပါတယ္။

(2). Processor

Samsung Galaxy Note 9

Note 9 မွာ Qualcomm SDM845 Snapdragon 845 ကို သံုးထားၿပီး 2.8GHz ျမန္ႏႈန္းရွိ Kryo 385 Gold Core 4 ခု ႏွင့္ ၁ 1.7GHz Kryo 385 Silver Core 4 ခု ကို သံုးေပးထားပါတယ္။ ဂရပ္ဖစ္ကေတာ့ Adreno 630 ျဖစ္ပါတယ္။

Samsung Galaxy Note 8

Qualcomm MSM8998 Snapdragon 835 ကို Galaxy Note 8 မွာ သံုးထားၿပီး 2.35GHz ျမန္ႏႈန္းရွိ Kryo Core 4 ခ ုႏွင့္ 1.9GHz ျမန္ႏႈန္းရွိ Kryo Core 4 ခု အမ်ဳိးအစားကို သံုးထားပါတယ္။ ဂရပ္ဖစ္ကေတာ့ Adreno 540 ျဖစ္ပါတယ္။

(3). Display

Samsung Galaxy Note 9

Galaxy Note 9 ရဲ႕ 6.4 လက္မ Display ဟာ 1440 x 2960 pixels resolution ရွိၿပီး 18.5:9 ratio  ရွိတဲ့ Super AMOLED အမ်ဳိးအစား ျဖစ္ပါတယ္။ Screen-to-body အခ်ဳိးဟာ 83.4% ရွိပါတယ္။ Pixel Density 516 ppi ရွိပါတယ္။

Samsung Galaxy Note 8

Galaxy Note 8 မွာ 6.3 လက္မ Display ဟာ 1440 x 2960 pixels resolution ရွိၿပီး 18.5:9 ratio ရွိတဲ့ Super AMOLED အမ်ဳိးအစား ျဖစ္ပါတယ္။ Screen-to-body အခ်ဳိးဟာ 83.2% ရွိပါတယ္။ Pixel Density 521 ppi ရွိပါတယ္။

(4). Verdict

Samsung Galaxy Note 9

စြမ္းေဆာင္ရည္အတြက္ Galaxy Note 9 မွာ RAM အေနနဲ႔ 6GB, Storage 128GB နဲ႔ 8GB, Storage 512GB ဆုိၿပီး Version ႏွစ္မ်ဳိး ေရြးခ်ယ္ႏိုင္ပါတယ္။ အဓိကကင္မရာဟာ Dual 12MP + 12MP ျဖစ္ၿပီး Selfie အတြက္ 8MP ကင္မရာ အေရွ႕မွာ ပါ၀င္ပါတယ္။ Android Version 8.1 (Oreo) နဲ႔ Li-Ion 4000 mAh ဘက္ထရီ တပ္ဆင္ထားပါတယ္။

Samsung Galaxy Note 8

Galaxy Note 8 မွာ စြမ္းေဆာင္ရည္အတြက္ RAM အေနနဲ႔ 6GB ပါ၀င္ၿပီး Storage ကို 64/128/256GB ဆုိၿပီး ေရြးခ်ယ္ႏိုင္ပါတယ္။ အဓိကကင္မရာဟာ Dual 12MP + 12MP ျဖစ္ၿပီး Selfie အတြက္ 8MP ကင္မရာ အေရွ႕ကိုပဲ သံုးထားပါတယ္။ Android Version 7.1.1 (Nougat) နဲ႔ Li-Ion 3300 mAh ဘက္ထရီတို႔ ပါ၀င္ပါတယ္။

NetGuide Journal (Every Wednesday)