ယခုနှစ်ကျင်းပမယ့် MWC ကို ဖြတ်သိမ်းလိုက်ပြီးနောက် စမတ်ဖုန်းကုမ္ပဏီအများစုဟာ ကုမ္ပဏီထုတ်ဖုန်းတွေကို ကိုယ်ပိုင်ပွဲလုပ်ပြီး မိတ်ဆက်လာကြပါတယ်။ အခု ဒီလိုမိတ်ဆက်သူတွေထဲမှာ OPPO လည်း ပါဝင်လာပါပြီ။ တရုတ်စမတ်ဖုန်းထုတ်လုပ်သူ  OPPO အနေနဲ့ OPPO Find X2 ၊ OPPO Find X2 Pro နဲ့ OPPO Watch တို့ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ မိတ်ဆက်လိုက်တဲ့ စမတ်ဖုန်းသစ် 2 မျိုးမှာ120Hz screens, 5G modems ပါတဲ့ Snapdragon 865 chipsets နဲ့အတူ အားသွင်းမြန်ဆန်မှုတို့လို စိတ်ဝင်စားစရာကောင်းလှတဲ့ အပြင်အဆင်တွေ ထည့်သွင်းပေးလာပါတယ်။ Find X2 Pro မှာတော့ အထင်ကြီးလောက်စရာ ကင်မရာတပ်ဆင်မှုနဲ့ပါ။ ဖုန်း 2 မျိုးမှာ တူညီတဲ့ 10bit 6.7” AMOLED panel ၊ QHD+ resolution နဲ့အတူ 120Hz refresh rate ကို သုံးထားပါတယ်။ input lag နဲ့ DCI-P3 အရောင်ကို 100% လွှမ်းခြုံမှုရစေဖို့အတွက် 240Hz touch sampling ကိုလည်း ထည့်ပေးထားပါတယ်။ နောက်ထပ် တူညီတာကတော့ Android 10 ကို အခြေခံထားတဲ့ ColorOS 7.1 ကို သုံးနိုင်မှာပါ။

(1). Find X2 စီးရီးတွေရဲ့ ကင်မရာ

Find X2 ရဲ့ နောက်ဘက်မှာ ကင်မရာ 3 လုံးကို တွေ့ရမှာ ဖြစ်ပါတယ်။ F/1.7 lens နဲ့ 48MP 1/43″ Sony IMX586 sensor အသစ်ကို သုံးပေးထားတယ်။ Sony ရဲ့  2×2 OCL နည်းပညာအသစ်ဟာ Dual Pixel sensors တွေထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ယူဆောင်လာပါတယ်။ နောက်ထပ် ကင်မရာက 12MP ultrawide angle ကင်မရာပါ။ OPPO ကတော့ ultrawide angle video camera လို့ ဆိုပါတယ်။ သူ့မှာ F/2.2 6P lens နဲ့ Sony IMX708 sensor (1.4μm pixel size, 16:9 aspect ratio) ထည့်ပေးထားပါတယ်။ Ultra Steady Video Pro ဟာ ဗီဒီယိုတွေ ရိုက်တဲ့အခါ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်မျိုးရအောင် ပြုလုပ်ပေးပါလိမ့်မယ်။ တတိယကင်မရာကတော့ 5x hybrid zoom ပါတဲ့ 13MP telephoto  ကင်မရာ ဖြစ်ပါတယ်။  optical magnification ဟာ ဘယ်လောက်အတိုင်းအတာအထိ ရမယ်ဆိုတာ အတိအကျ မသိရပေမယ့် 2x-3x range ကြား ရှိပါလိမ့်မယ်။ ကင်မရာအားလုံးဟာ Ultra Night Mode ကို ထောက်ပံ့ပါတယ်။ Find X2 မှာတော့ Find X မှာတုန်းက သုံးခဲ့တဲ့ slider design ကို မေ့ပစ်လိုက်ပြီး အရှေ့ဘက်ကင်မရာကို punch hole အဖြစ် ထည့်ပေးထားပါတယ်။ အရှေ့ဘက်ကင်မရာကတော့ f/2.4 aperture နဲ့ 32MP Sony IMX616 quad-Bayer sensor ကင်မရာ ဖြစ်ပါတယ်။ Find X2 Pro ရဲ့ အရှေ့ဘက် ကင်မရာအရည်သွေးကလည်း Find X2 နဲ့ တူညီပါတယ်။
Find X2 Pro မှာတော့ ပိုမိုစွမ်းဆောင်ရည်မြင့်တဲ့ ကင်မရာကို ထည့်ပေးထာပါတယ်။ သူ့မှာ Find X2 လိုမျိုး F/1.7 lens နဲ့ 48MP 1/43″ Sony IMX586 sensor ပါသလိုမျိုး နောက်ထပ် ကင်မရာတွေ ထည့်ပေးထားပါသေးတယ်။ OIS ထောက်ပံ့ထားတဲ့ 48MP Sony IMX689 Sensor သုံးထားပြီး Sony All Pixel Omni-Directional PDAF Technology ထောက်ပံ့ထားပါတယ်။ ဒုတိယကင်မရာက 120 ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 48MP Sony IMX586 Ultrawide Lens ဖြစ်ပြီး Macro ဓာတ်ပုံများလည်း ရိုက်ကူးနိုင်ပါမယ်။ နောက်ဆုံးကင်မရာက OIS ထောက်ပံ့ထားတဲ့ Periscope Camera ဖြစ်ပါတယ်။ ဒီကင်မရာက 60x Digital Zoom ၊ 10x Hybrid Zoom နှင့် 5x Optical Zoom ရိုက်ကူးနိုင်ပါတယ်။ OPPO Find X2 စီးရီးမှာ Ultra Video Steady Pro ၊ 10-bit Live HDR Video Recording ၊ Ultra Night Mode 3.0 ၊ 4K Video Recording တို့ ပါဝင်ပါတယ်။

(2). မျက်နှာပြင်ပိုင်း

OPPO Find X2 နှင့် Find X2 Pro တို့မှာ မျက်နှာပြင် 6.7 လက်မ Punch-Hole Display သုံးထားပါတယ်။ 1080×3168 pixel Quad HD+ Resolution နှင့် 21:9 Aspect Ratio သုံးထားကာ In-Screen Fingerprint Reader လည်း ပါဝင်ပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ HDR+ ထောက်ပံ့ထားသလို 120Hz Refresh Rate လည်း ပါဝင်ပါတယ်။ ကောင်းမွန်တဲ့ ရုပ်ထွက်အတွက် Chip သီးသန့်ပါဝင်ကာ 60fps (သို့မဟုတ်) 120fps ဗီဒီယိုများကိုလည်း ကြည့်နိုင်တဲ့အပြင် SDR မှ HDR သို့လည်း ပြောင်းပေးနိုင်ပါတယ်။ ဖုန်းနှစ်မျိုးလုံးရဲ့ မျက်နှာပြင်မှန်က Gorilla Glass 6 မှန်ပြင်ကို သုံးထားပါတယ်။

(3). Hardware ပိုင်း အဆင့်မြင့်မှုများ

Snapdragon 865 နဲ့အတူ 12GB LPDDR5 RAM ပါဝင်မှု 256GB UFS 3.0 storage ပေါင်းစပ်မှုတွေဟာ ဒီဘက်ခေတ်အတွက်ဆိုရင်တော့ ဟာ … လန်းလိုက်တာကွာလို့တောင် ဆိုရမှာပါ။ memory card slot စိုက်မရဘူးဆိုတာကလည်း သိပ်တော့ ပြဿနာကြီးတစ်ခု မဟုတ်ပါဘူး။ Pro ဗားရှင်းမှာ 512GB Storage ပါဝင်ပါတယ်။  OPPO Find X2 က IP54 ရရှိထားကာ ရေပက်ဖျန်းမှုဒဏ်ခံနိုင်ပြီး OPPO Find X2 Pro က IP68 ရရှိထားကာ ရေစိမ်ခံနိုင်ပါမယ်။ Pro ဗားရှင်းကို သားရေ၊ စီရာမစ်ဗားရှင်းတို့နှင့် ရွေးချယ်နိုင်ပါမယ်။ Find X2 မှာ ဘက်ထရီ 4200 mAh ပါဝင်ပြီး Find X2 Pro မှာ ဘက်ထရီ 4260 mAh ပါဝင်ပါတယ်။ 65W SuperVOOC 2.0 ဖြင့် အားသွင်းနိုင်မှာဖြစ်ပြီး အားအပြည့်သွင်းဖို့ 38 မိနစ်ပဲ အချိန်ယူရပါမယ်။

(4). OPPO Find X2 Pro Lamborghini Edition

OPPO အနေနဲ့ အစဉ်အလာအတိုင်းပဲ X2 Pro Lamborghini Edition ကိုပါ မိတ်ဆက်ပေးလိုက်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ 1876 သတ်မှတ်ထားပါတယ်။ Lamborghini Edition ကို Lamborghini Aventador SVJ Roadster ရဲ့ဒီဇိုင်းမျိုး သုံးထားပါတယ်။ OPPO အနေနဲ့ Lamborghini Edition က သုံးဘက်မြင်ဒီဇိုင်းမျိုးရရှိဖို့အတွက် Heat-Absorbing Glass Process သုံးထားကာ ဒါဟာ စမတ်ဖုန်းသမိုင်းမှာ ပထမဆုံးပါဝင်တာ ဖြစ်ပါတယ်။ ကျောဘက်မှာ Lamborghini Logo လည်း ပါဝင်ပါတယ်။ OPPO Find X2 Pro Lamborghini Edition ရဲ့ ဗူးအတွင်းမှာ OPPO က အထူးထုတ် Accessories များလည်း ပါဝင်ပါတယ်။ နားကြပ်၊ ကာဗာ၊ Car Charger ၊ USB Cable ၊ Charging Adapter တို့ ပါဝင်ပါတယ်။ ဒီဖုန်းမှာ သုံးထားတဲ့ စနစ်တွေအားလုံးက OPPO Find X2 Pro နဲ့ အတူတူ ဖြစ်ပါတယ်။ အနက်ရောင်တစ်မျိုးတည်းနှင့်ဘဲ ရွေးချယ်နိုင်ပါတယ်။

(5). OPPO စမတ်နာရီ

အများမျှော်လင့်ထားတဲ့အတိုင်း OPPO ရဲ့ စမတ်နာရီသစ်လည်း ဒီပွဲမှာ ပါဝင်ခဲ့ပါတယ်။ OPPO Watch လို့ အမည်ပေးထားတဲ့ ဒီစမတ်နာရီလေးဟာ premium wearable ပုံစံမျိုးလေးဖြစ်ပြီး Apple watch နဲ့ အတော်ဆင်ပါတယ်။ OPPO Watch မှာ 3D ထောင့်ကွေးမှန် သုံးထားပြီး 41 မီလီမီတာ၊ 46 မီလီမီတာဗားရှင်းတို့နှင့် ရွေးချယ်နိုင်ပါမယ်။ eSIM ထောက်ပံ့ထားကာ စမတ်နာရီဖြင့် ဖုန်းခေါ်မှု ပြုလုပ်နိုင်ပါမယ်။ OPPO Watch မှာ မျက်နှာပြင် 1.91 လက်မ ထောင့်ကွေး AMOLED ရုပ်ထွက် သုံးထားပြီး 326ppi နှင့် 100% DCP –P3 Color Gamut ထောက်ပံ့ထားပါတယ်။ စတုရန်းကွက်ဒီဇိုင်း သုံးထားပါတယ်။ Watch Face 28 မျိုး ပါဝင်ပါတယ်။ 44 မီလီမီတာဗားရှင်းကို 3D Ceramic Black ၊ Aluminium Alloy Frame ဗားရှင်းနှင့် 46 မီလီမီတာဗားရှင်းကို စတိန်းလက်စ်စတီး ဘော်ဒီဗားရှင်းတို့နှင့် ရွေးချယ်နိုင်ပါတယ်။ အခြားစမတ်နာရီများလိုဘဲ ဒီစမတ်နာရီမှာလည်း အသားနဲ့ ဓာတ်မတည့်တာမျိုးမဖြစ်တဲ့ ရော်ဘာလက်ပတ် သုံးထားပါတယ်။ ဒါပေမယ့် သားရေလက်ပတ်ကိုလည်း ရွေးချယ်နိုင်အောင် လုပ်ထားပါတယ်။
ဒီစမတ်နာရီသစ်မှာ Quad-Optic Heart Rate Sensor ပါဝင်ပြီး နှလုံးကျန်းမာရေးအခြေအနေကို အပြည့်အဝ စောင့်ကြည့်ပေးပါမယ်။ ဒီစမတ်နာရီမှာ Easy 5km Run ၊ 5-Minute Easy Fitness Mode တို့လည်းပါဝင်ကာ ရေအောက် 50 မီတာအထိ အစိမ်ခံနိုင်ပါတယ်။ ဒါကြောင့် ရေကူးတဲ့အခါမှာလည်း ဝတ်ဆင်ထားနိုင်ပါမယ်။ သီချင်းများထည့်သွင်းပြီး သီချင်းနားထောင်နိုင်ပါမယ်။ Snapdragon Wear 2500 Chipset နှင့် အထိုင်ချထားပြီး ဘက်ထရီအသုံးခံဖို့အတွက် Apollo 3 Chip လည်း ပါဝင်ပါတယ်။ OPPO Watch က Smart Mode သုံးမယ်ဆိုရင် နာရီ 40 အသုံးခံပြီး Low Power Mode သုံးမယ်ဆိုရင် 21 ရက်အထိ သုံးနိုင်ပါမယ်။ VOOC Charging Tech ဖြင့် အားသွင်းနိုင်မှာဖြစ်ပြီး 17 မိနစ် အားသွင်းရုံဖြင့် ဘက်ထရီ 50 ရာခိုင်နှုန်း ရရှိပါမယ်။ OPPO Watch ရဲ့ 41mm Aluminum Alloy (Black / White / Pink) ကို ဒေါ်လာ 216 ၊ 46mm Aluminum Alloy (Black / Cream) ကို ဒေါ်လာ 289 နှင့် 46mm Stainless Steel (Black) ကို ဒေါ်လာ 361 သတ်မှတ်ထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

OPPO X2 Series Event : 120Hz Screen And 5G, X2 Pro Adds A Periscope Camera

ယခုႏွစ္က်င္းပမယ့္ MWC ကို ျဖတ္သိမ္းလုိက္ၿပီးေနာက္ စမတ္ဖုန္းကုမၸဏီအမ်ားစုဟာ ကုမၸဏီထုတ္ဖုန္းေတြကို ကိုယ္ပိုင္ပြဲလုပ္ၿပီး မိတ္ဆက္လာၾကပါတယ္။ အခု ဒီလိုမိတ္ဆက္သူေတြထဲမွာ OPPO လည္း ပါဝင္လာပါၿပီ။ တ႐ုတ္စမတ္ဖုန္းထုတ္လုပ္သူ  OPPO အေနနဲ႔ OPPO Find X2 ၊ OPPO Find X2 Pro နဲ႔ OPPO Watch တို႔ကို မိတ္ဆက္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ မိတ္ဆက္လုိက္တဲ့ စမတ္ဖုန္းသစ္ 2 မ်ိဳးမွာ120Hz screens, 5G modems ပါတဲ့ Snapdragon 865 chipsets နဲ႔အတူ အားသြင္းျမန္ဆန္မႈတို႔လို စိတ္ဝင္စားစရာေကာင္းလွတဲ့ အျပင္အဆင္ေတြ ထည့္သြင္းေပးလာပါတယ္။ Find X2 Pro မွာေတာ့ အထင္ႀကီးေလာက္စရာ ကင္မရာတပ္ဆင္မႈနဲ႔ပါ။ ဖုန္း 2 မ်ိဳးမွာ တူညီတဲ့ 10bit 6.7” AMOLED panel ၊ QHD+ resolution နဲ႔အတူ 120Hz refresh rate ကို သုံးထားပါတယ္။ input lag နဲ႔ DCI-P3 အေရာင္ကို 100% လႊမ္းၿခံဳမႈရေစဖို႔အတြက္ 240Hz touch sampling ကိုလည္း ထည့္ေပးထားပါတယ္။ ေနာက္ထပ္ တူညီတာကေတာ့ Android 10 ကို အေျခခံထားတဲ့ ColorOS 7.1 ကို သုံးႏိုင္မွာပါ။

(1). Find X2 စီးရီးေတြရဲ႕ ကင္မရာ

Find X2 ရဲ႕ ေနာက္ဘက္မွာ ကင္မရာ 3 လုံးကို ေတြ႕ရမွာ ျဖစ္ပါတယ္။ F/1.7 lens နဲ႔ 48MP 1/43″ Sony IMX586 sensor အသစ္ကို သုံးေပးထားတယ္။ Sony ရဲ႕  2×2 OCL နည္းပညာအသစ္ဟာ Dual Pixel sensors ေတြထက္ ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္ကို ယူေဆာင္လာပါတယ္။ ေနာက္ထပ္ ကင္မရာက 12MP ultrawide angle ကင္မရာပါ။ OPPO ကေတာ့ ultrawide angle video camera လို႔ ဆိုပါတယ္။ သူ႔မွာ F/2.2 6P lens နဲ႔ Sony IMX708 sensor (1.4μm pixel size, 16:9 aspect ratio) ထည့္ေပးထားပါတယ္။ Ultra Steady Video Pro ဟာ ဗီဒီယိုေတြ ႐ိုက္တဲ့အခါ တည္ၿငိမ္တဲ့ စြမ္းေဆာင္ရည္မ်ိဳးရေအာင္ ျပဳလုပ္ေပးပါလိမ့္မယ္။ တတိယကင္မရာကေတာ့ 5x hybrid zoom ပါတဲ့ 13MP telephoto  ကင္မရာ ျဖစ္ပါတယ္။  optical magnification ဟာ ဘယ္ေလာက္အတိုင္းအတာအထိ ရမယ္ဆိုတာ အတိအက် မသိရေပမယ့္ 2x-3x range ၾကား ရွိပါလိမ့္မယ္။ ကင္မရာအားလုံးဟာ Ultra Night Mode ကို ေထာက္ပံ့ပါတယ္။ Find X2 မွာေတာ့ Find X မွာတုန္းက သုံးခဲ့တဲ့ slider design ကို ေမ့ပစ္လိုက္ၿပီး အေရွ႕ဘက္ကင္မရာကို punch hole အျဖစ္ ထည့္ေပးထားပါတယ္။ အေရွ႕ဘက္ကင္မရာကေတာ့ f/2.4 aperture နဲ႔ 32MP Sony IMX616 quad-Bayer sensor ကင္မရာ ျဖစ္ပါတယ္။ Find X2 Pro ရဲ႕ အေရွ႕ဘက္ ကင္မရာအရည္ေသြးကလည္း Find X2 နဲ႔ တူညီပါတယ္။
Find X2 Pro မွာေတာ့ ပိုမိုစြမ္းေဆာင္ရည္ျမင့္တဲ့ ကင္မရာကို ထည့္ေပးထာပါတယ္။ သူ႔မွာ Find X2 လိုမ်ိဳး F/1.7 lens နဲ႔ 48MP 1/43″ Sony IMX586 sensor ပါသလိုမိ်ဳး ေနာက္ထပ္ ကင္မရာေတြ ထည့္ေပးထားပါေသးတယ္။ OIS ေထာက္ပံ့ထားတဲ့ 48MP Sony IMX689 Sensor သုံးထားၿပီး Sony All Pixel Omni-Directional PDAF Technology ေထာက္ပံ့ထားပါတယ္။ ဒုတိယကင္မရာက 120 ဒီဂရီျမင္ကြင္းက်ယ္႐ိုက္ကူးႏိုင္တဲ့ 48MP Sony IMX586 Ultrawide Lens ျဖစ္ၿပီး Macro ဓာတ္ပုံမ်ားလည္း ႐ိုက္ကူးႏိုင္ပါမယ္။ ေနာက္ဆုံးကင္မရာက OIS ေထာက္ပံ့ထားတဲ့ Periscope Camera ျဖစ္ပါတယ္။ ဒီကင္မရာက 60x Digital Zoom ၊ 10x Hybrid Zoom ႏွင့္ 5x Optical Zoom ႐ိုက္ကူးႏိုင္ပါတယ္။ OPPO Find X2 စီးရီးမွာ Ultra Video Steady Pro ၊ 10-bit Live HDR Video Recording ၊ Ultra Night Mode 3.0 ၊ 4K Video Recording တို႔ ပါဝင္ပါတယ္။

(2). မ်က္ႏွာျပင္ပိုင္း

OPPO Find X2 ႏွင့္ Find X2 Pro တို႔မွာ မ်က္ႏွာျပင္ 6.7 လက္မ Punch-Hole Display သုံးထားပါတယ္။ 1080×3168 pixel Quad HD+ Resolution ႏွင့္ 21:9 Aspect Ratio သုံးထားကာ In-Screen Fingerprint Reader လည္း ပါဝင္ပါတယ္။ ဖုန္းႏွစ္မ်ိဳးလုံးမွာ HDR+ ေထာက္ပံ့ထားသလို 120Hz Refresh Rate လည္း ပါဝင္ပါတယ္။ ေကာင္းမြန္တဲ့ ႐ုပ္ထြက္အတြက္ Chip သီးသန႔္ပါဝင္ကာ 60fps (သို႔မဟုတ္) 120fps ဗီဒီယိုမ်ားကိုလည္း ၾကည့္ႏိုင္တဲ့အျပင္ SDR မွ HDR သို႔လည္း ေျပာင္းေပးႏိုင္ပါတယ္။ ဖုန္းႏွစ္မ်ိဳးလုံးရဲ႕ မ်က္ႏွာျပင္မွန္က Gorilla Glass 6 မွန္ျပင္ကို သုံးထားပါတယ္။

(3). Hardware ပိုင္း အဆင့္ျမင့္မႈမ်ား

Snapdragon 865 နဲ႔အတူ 12GB LPDDR5 RAM ပါဝင္မႈ 256GB UFS 3.0 storage ေပါင္းစပ္မႈေတြဟာ ဒီဘက္ေခတ္အတြက္ဆိုရင္ေတာ့ ဟာ … လန္းလိုက္တာကြာလို႔ေတာင္ ဆိုရမွာပါ။ memory card slot စိုက္မရဘူးဆိုတာကလည္း သိပ္ေတာ့ ျပႆနာႀကီးတစ္ခု မဟုတ္ပါဘူး။ Pro ဗားရွင္းမွာ 512GB Storage ပါဝင္ပါတယ္။  OPPO Find X2 က IP54 ရရွိထားကာ ေရပက္ဖ်န္းမႈဒဏ္ခံႏိုင္ၿပီး OPPO Find X2 Pro က IP68 ရရွိထားကာ ေရစိမ္ခံႏိုင္ပါမယ္။ Pro ဗားရွင္းကို သားေရ၊ စီရာမစ္ဗားရွင္းတို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ပါမယ္။ Find X2 မွာ ဘက္ထရီ 4200 mAh ပါဝင္ၿပီး Find X2 Pro မွာ ဘက္ထရီ 4260 mAh ပါဝင္ပါတယ္။ 65W SuperVOOC 2.0 ျဖင့္ အားသြင္းႏိုင္မွာျဖစ္ၿပီး အားအျပည့္သြင္းဖို႔ 38 မိနစ္ပဲ အခ်ိန္ယူရပါမယ္။

(4). OPPO Find X2 Pro Lamborghini Edition

OPPO အေနနဲ႔ အစဥ္အလာအတိုင္းပဲ X2 Pro Lamborghini Edition ကိုပါ မိတ္ဆက္ေပးလိုက္ပါတယ္။ ေဈးႏႈန္းကေတာ့ ေဒၚလာ 1876 သတ္မွတ္ထားပါတယ္။ Lamborghini Edition ကို Lamborghini Aventador SVJ Roadster ရဲ႕ဒီဇိုင္းမ်ိဳး သုံးထားပါတယ္။ OPPO အေနနဲ႔ Lamborghini Edition က သုံးဘက္ျမင္ဒီဇိုင္းမ်ိဳးရရွိဖို႔အတြက္ Heat-Absorbing Glass Process သုံးထားကာ ဒါဟာ စမတ္ဖုန္းသမိုင္းမွာ ပထမဆုံးပါဝင္တာ ျဖစ္ပါတယ္။ ေက်ာဘက္မွာ Lamborghini Logo လည္း ပါဝင္ပါတယ္။ OPPO Find X2 Pro Lamborghini Edition ရဲ႕ ဗူးအတြင္းမွာ OPPO က အထူးထုတ္ Accessories မ်ားလည္း ပါဝင္ပါတယ္။ နားၾကပ္၊ ကာဗာ၊ Car Charger ၊ USB Cable ၊ Charging Adapter တို႔ ပါဝင္ပါတယ္။ ဒီဖုန္းမွာ သုံးထားတဲ့ စနစ္ေတြအားလုံးက OPPO Find X2 Pro နဲ႔ အတူတူ ျဖစ္ပါတယ္။ အနက္ေရာင္တစ္မ်ိဳးတည္းႏွင့္ဘဲ ေရြးခ်ယ္ႏိုင္ပါတယ္။

(5). OPPO စမတ္နာရီ

အမ်ားေမွ်ာ္လင့္ထားတဲ့အတိုင္း OPPO ရဲ႕ စမတ္နာရီသစ္လည္း ဒီပြဲမွာ ပါဝင္ခဲ့ပါတယ္။ OPPO Watch လို႔ အမည္ေပးထားတဲ့ ဒီစမတ္နာရီေလးဟာ premium wearable ပုံစံမ်ိဳးေလးျဖစ္ၿပီး Apple watch နဲ႔ အေတာ္ဆင္ပါတယ္။ OPPO Watch မွာ 3D ေထာင့္ေကြးမွန္ သုံးထားၿပီး 41 မီလီမီတာ၊ 46 မီလီမီတာဗားရွင္းတို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ပါမယ္။ eSIM ေထာက္ပံ့ထားကာ စမတ္နာရီျဖင့္ ဖုန္းေခၚမႈ ျပဳလုပ္ႏိုင္ပါမယ္။ OPPO Watch မွာ မ်က္ႏွာျပင္ 1.91 လက္မ ေထာင့္ေကြး AMOLED ႐ုပ္ထြက္ သုံးထားၿပီး 326ppi ႏွင့္ 100% DCP –P3 Color Gamut ေထာက္ပံ့ထားပါတယ္။ စတုရန္းကြက္ဒီဇိုင္း သုံးထားပါတယ္။ Watch Face 28 မ်ိဳး ပါဝင္ပါတယ္။ 44 မီလီမီတာဗားရွင္းကို 3D Ceramic Black ၊ Aluminium Alloy Frame ဗားရွင္းႏွင့္ 46 မီလီမီတာဗားရွင္းကို စတိန္းလက္စ္စတီး ေဘာ္ဒီဗားရွင္းတို႔ႏွင့္ ေရြးခ်ယ္ႏိုင္ပါတယ္။ အျခားစမတ္နာရီမ်ားလိုဘဲ ဒီစမတ္နာရီမွာလည္း အသားနဲ႔ ဓာတ္မတည့္တာမ်ိဳးမျဖစ္တဲ့ ေရာ္ဘာလက္ပတ္ သုံးထားပါတယ္။ ဒါေပမယ့္ သားေရလက္ပတ္ကိုလည္း ေရြးခ်ယ္ႏိုင္ေအာင္ လုပ္ထားပါတယ္။
ဒီစမတ္နာရီသစ္မွာ Quad-Optic Heart Rate Sensor ပါဝင္ၿပီး ႏွလုံးက်န္းမာေရးအေျခအေနကို အျပည့္အဝ ေစာင့္ၾကည့္ေပးပါမယ္။ ဒီစမတ္နာရီမွာ Easy 5km Run ၊ 5-Minute Easy Fitness Mode တို႔လည္းပါဝင္ကာ ေရေအာက္ 50 မီတာအထိ အစိမ္ခံႏိုင္ပါတယ္။ ဒါေၾကာင့္ ေရကူးတဲ့အခါမွာလည္း ဝတ္ဆင္ထားႏိုင္ပါမယ္။ သီခ်င္းမ်ားထည့္သြင္းၿပီး သီခ်င္းနားေထာင္ႏိုင္ပါမယ္။ Snapdragon Wear 2500 Chipset ႏွင့္ အထိုင္ခ်ထားၿပီး ဘက္ထရီအသုံးခံဖို႔အတြက္ Apollo 3 Chip လည္း ပါဝင္ပါတယ္။ OPPO Watch က Smart Mode သုံးမယ္ဆိုရင္ နာရီ 40 အသုံးခံၿပီး Low Power Mode သုံးမယ္ဆိုရင္ 21 ရက္အထိ သုံးႏိုင္ပါမယ္။ VOOC Charging Tech ျဖင့္ အားသြင္းႏိုင္မွာျဖစ္ၿပီး 17 မိနစ္ အားသြင္း႐ုံျဖင့္ ဘက္ထရီ 50 ရာခိုင္ႏႈန္း ရရွိပါမယ္။ OPPO Watch ရဲ႕ 41mm Aluminum Alloy (Black / White / Pink) ကို ေဒၚလာ 216 ၊ 46mm Aluminum Alloy (Black / Cream) ကို ေဒၚလာ 289 ႏွင့္ 46mm Stainless Steel (Black) ကို ေဒၚလာ 361 သတ္မွတ္ထားပါတယ္။

NetGuide Journal (Every Wednesday)