ကမ္ဘာမှာ တစ်ခုတည်းသာရှိတဲ့ Nitendo PlayStation ကို လေလံတင် ရောင်းချခဲ့ရာ ဒေါ်လာ 300000 ရရှိခဲ့ကြောင်း သိရပါတယ်။ Nitendo PlayStation ကို Nintendo နှင့် Sony တို့ ပူးပေါင်း ဖန်တီးထားတာဖြစ်ပြီး ယခု လေလံတင် ရောင်းချလိုက်တဲ့ ပစ္စည်းက တစ်ခုတည်းသော ပုံကြမ်းထည် ဖြစ်ပါတယ်။
Sony ဟာ ယင်းကို ဆက်လက် မဖန်တီးတော့ဘဲ ကိုယ်ပိုင် PlayStation အမှတ်တံဆိပ်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။
Nitendo PlayStation ပုံကြမ်းထည်များစွာတို့ကို Nitendo နှင့် Sony တို့ လုပ်ဆောင်ခဲ့ပေမယ့် ကျန် Nitendo PlayStation တို့မှာ ဖျက်ဆီးခံလိုက်ရပြီလို့ ယူဆရပြီး ယခု Nitendo PlayStation တစ်ခုတည်းသာ ကမ္ဘာတွင် ကျန်တော့တယ်လို့ ယူဆရပါတယ်။

Nitendo PlayStation က CD-ROM ထောက်ပံ့ထားပါတယ်။
Super Nintendo Entertainment System (Snes) စနစ်အောင်မြင်ပြီးနောက် ၁၉၉၂ ခုနှစ်မှာ Super NES CD-ROM ကို ဖန်တီးခဲ့တာ ဖြစ်ပြီး CD ဂိမ်းနှင့် Snes နှစ်မျိုးလုံးကို ထောက်ပံ့ထားပါတယ်။ ဒါပေမယ့် ဒီစနစ်အတွက် ဘယ်ဂိမ်းအမျိုးအစားမှ ကြေညာခဲ့ခြင်း မရှိသလို ဒီဂိမ်းစက်ကလည်း ထွက်လာခဲ့ခြင်း မရှိပါဘူး။
ယခု ဒေါ်လာ 300000 ဖြင့် လေလံတင် ရောင်းချလာတဲ့ Nitendo PlayStation ကို ပိုင်ရှင် ဒိုင်ဘောက 75 ဒေါ်လာဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Nintendo PlayStation ကို ဒေါ်လာ 300000 ဖြင့် လေလံတင် ရောင်းချ


