မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းလေးရဲ့ အင်တာနက်က Facebook တစ်ခုတည်းသုံးလို့ရပြီး ကျန်တာတွေက သုံးမရဖြစ်နေလို့ပါ။ အဲ့ဒါက ဘာကြောင့်ပါလဲခင်ဗျာ။ Facebook ကလည်း Video File တွေကို ကြည့်လို့မရပါဘူးခင်ဗျာ။ ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး အစ်ကိုရေ။
ဖြေ – Setting ထဲက App ထဲကိုဝင် အလုပ်မလုပ်တဲ့ App မှာ Disable ဖြစ်နေလား။ WiFi Only ဖြစ်နေလား။ ကြည့်ပေးပါ။ အဲ့ဒါတွေ ပြင်လို့မရရင်တော့ Software မကောင်းတော့လို့ပါ။ ဆိုင်မှာ Reset သို့မဟုတ် Firmware ရေးပြီး ပြုပြင်နိုင်ပါတယ်။

မေး – အစ်ကိုရေ နောက်ထွက်ဖုန်းတွေမှာပါလာတဲ့ AI နည်းပညာဆိုတာက ဘာကိုပြောတာပါလဲခင်ဗျာ။ ရှင်းပြပေးပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်အစ်ကိုရေ။
ဖြေ – AI နည်းပညာဆိုတာကတော့ Artificial Intelligence နည်းပညာပါ။ အလွယ်ပြောရရင် အာရုံခံစနစ်တွေ ပါလာတာပါ။ အခုပေါ်လာတဲ့ လက်ဗွေနဲ့ ဖုန်း Lock ထားတဲ့ နည်းပညာ Fingerprint System မျက်နှာနဲ့ ဖုန်းကို Lock ချတဲ့ Facial Recognition နဲ့ မျက်လုံးနဲ့ ဖုန်းကို Lock ထားတဲ့ Iris Scanner တွေကို ဆိုလိုတာပါ။

မေး – အစ်ကိုရေ iPhone အတုနဲ့အစစ်ကို ဘယ်လိုခွဲခြားလို့ ရနိုင်ပါသလဲ။ မျှဝေပေးပါဦး အစ်ကိုရေ။
ဖြေ – Setting ထဲမှာ iTunes နဲ့ iCloud Account ၀င်လို့ ရ မရ ကြည့်တာက အလွယ်ကူဆုံး ခွဲခြားနည်းပဲ ဖြစ်ပါတယ်။ Clone တွေက ဘယ်လောက်ပဲတုတု iTunes နဲ့ iCloud System ကိုတော့ တုပလို့ မရတာကြောင့်ပါ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့် iCloud အကောင့် မေ့သွားလို့ပါ။ ဘယ်လိုပြန်လုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ – Backup ယူထားတဲ့ ဖုန်းနံပါတ် သို့မဟုတ် Email ကနေ Forgot iCloud Password လုပ်ပြီး ယူလို့ရပါတယ်။ အခန့်မသင့်ရင် iCloud Lock ကျတတ်လို့ ဆိုင်မှာပြင်ရင် ပိုကောင်းပါတယ်။

မေး – ကျွန်တော့်ရဲ့ iPhone 11 Pro လေးက ဖုန်းပြောရင် Speaker ဖွင့်ပြောမှ ကြားရတော့တယ်ခင်ဗျာ။ အဲဒီမတိုင်ခင် တစ်နာရီလောက်အထိက အကောင်းအတိုင်းပါ။ ပြုတ်လဲမကျပါဘူး။ ရေလဲမဝင်ပါဘူးခင်ဗျာ။ ဘာကြောင့်ပါလဲ။
ဖြေ – iOS Version ကြောင့်လည်း ဖြစ်နိုင်သလို အချို့ Ear Speaker မှာ Error ပါလာတတ်ပါတယ်။ Warranty ကျန်သေးရင် ၀ယ်ခဲ့တဲ့ဆိုင်မှာပဲ တစ်ချက်လောက် ပြန်ပြကြည့်ပါ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ရဲ့ Sony ဖုန်းလေး မြန်မာစာဖောင့်မမှန်လို့ သွားထည့်တော့ ဆိုင်က Root လုပ်မှ ရမယ်ပြောပါတယ်။ ပြီးတော့ Camera Quality ကျသွားမယ် ပြောတယ်ခင်ဗျာ။ ဘာကြောင့်ပါလဲခင်ဗျာ။
ဖြေ – Sony ဖုန်းတွေကို Root လုပ်မယ်ဆိုရင် Sony ရဲ့ Official Website ကနေ Bootloader Unlock လုပ်ရပါတယ်။ အဲဒီအခါမှာ Sony ကနေ ပေးတဲ့ဖုန်းရဲ့ Feature တချို့ကို မရတော့ပါဘူး။ အဲဒါကြောင့် Camera Quality မှာ အရင်လောက် မကောင်းတော့တာမျိုး ဖြစ်တတ်ပါတယ်။

မေး – အစ်ကိုရေ နိုင်ငံခြားက ၀ယ်လာတဲ့ အချို့ iPhone တွေက Sim Card ထည့်ရင် Sim Invalid လို့ ပြနေပါတယ်။ ဘယ်လိုလုပ်ဆောင်ရမလဲခင်ဗျာ။
ဖြေ – အချို့ iOS တွေက ဒီက ကတ်တွေနဲ့ အဆင်မပြေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မြန်မာပြည်နဲ့ အဆင်ပြေတဲ့ OS Firmware ပြန်ရေးရပါတယ်။

မေး – iOS သုံးသူတွေအတွက် မလုပ်မဖြစ် ဘာတွေကို လုပ်ဆောင်ရမလဲခင်ဗျာ။
ဖြေ – iCloud Account ကို မဖြစ်မနေ ရှိထားသင့်ပါတယ်။ ပြီးရင် Backup ပြန်ယူရမယ့် မေးခွန်းတွေနဲ့ Password ကို မမှားအောင် သေချာမှတ်ထားသင့်ပါတယ်။ Find My Phone ကိုလည်း On ထားပါ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက Mi အမျိုးအစားပါ။ Facebookသုံးရင် ရက်စွဲတွေ နေ့တွေ ချိန်တဲ့ဟာ ပေါ်ပေါ်လာတယ်။ မှန်အောင်ချိန်လည်း ခဏခဏ ပေါ်လာနေလို့ ဘာကြောင့်ပါလဲခင်ဗျာ။
ဖြေ – အချိန် Auto မချိန်ထားတာကြောင့် ဖြစ်တတ်ပါတယ်။ Facebook ကို Uninstall လုပ်ပြီး ပြန် Install တင်ကြည့်ပါ။ Setting ထဲက Date and Time မှာ Automatic ထားပေးပါ။

ပန်းသတင်း မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်း (ပဲခူးမြို့) ဖုန်း-09-956559760, 09-683746227, 09-459212592 မှ ပံ့ပိုးကူညီသည်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာျပႆနာမ်ား

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းေလးရဲ႕ အင္တာနက္က Facebook တစ္ခုတည္းသံုးလို႔ရၿပီး က်န္တာေတြက သံုးမရျဖစ္ေနလို႔ပါ။ အဲ့ဒါက ဘာေၾကာင့္ပါလဲခင္ဗ်ာ။ Facebook ကလည္း Video File ေတြကို ၾကည့္လို႔မရပါဘူးခင္ဗ်ာ။ ေက်းဇူးျပဳၿပီး ရွင္းျပေပးပါဦး အစ္ကိုေရ။
ေျဖ – Setting ထဲက App ထဲကို၀င္ အလုပ္မလုပ္တဲ့ App မွာ Disable ျဖစ္ေနလား။ WiFi Only ျဖစ္ေနလား။ ၾကည့္ေပးပါ။ အဲ့ဒါေတြ ျပင္လို႔မရရင္ေတာ့ Software မေကာင္းေတာ့လို႔ပါ။ ဆိုင္မွာ Reset သို႔မဟုတ္ Firmware ေရးၿပီး ျပဳျပင္ႏိုင္ပါတယ္။

ေမး – အစ္ကိုေရ ေနာက္ထြက္ဖုန္းေတြမွာပါလာတဲ့ AI နည္းပညာဆိုတာက ဘာကိုေျပာတာပါလဲခင္ဗ်ာ။ ရွင္းျပေပးပါဦးခင္ဗ်ာ။ ေက်းဇူးတင္ပါတယ္အစ္ကိုေရ။
ေျဖ – AI နည္းပညာဆိုတာကေတာ့ Artificial Intelligence နည္းပညာပါ။ အလြယ္ေျပာရရင္ အာ႐ံုခံစနစ္ေတြ ပါလာတာပါ။ အခုေပၚလာတဲ့ လက္ေဗြနဲ႔ ဖုန္း Lock ထားတဲ့ နည္းပညာ Fingerprint System မ်က္ႏွာနဲ႔ ဖုန္းကို Lock ခ်တဲ့ Facial Recognition နဲ႔ မ်က္လံုးနဲ႔ ဖုန္းကို Lock ထားတဲ့ Iris Scanner ေတြကို ဆိုလိုတာပါ။

ေမး – အစ္ကိုေရ iPhone အတုနဲ႔အစစ္ကို ဘယ္လိုခြဲျခားလို႔ ရႏိုင္ပါသလဲ။ မွ်ေ၀ေပးပါဦး အစ္ကိုေရ။
ေျဖ – Setting ထဲမွာ iTunes နဲ႔ iCloud Account ၀င္လို႔ ရ မရ ၾကည့္တာက အလြယ္ကူဆံုး ခြဲျခားနည္းပဲ ျဖစ္ပါတယ္။ Clone ေတြက ဘယ္ေလာက္ပဲတုတု iTunes နဲ႔ iCloud System ကိုေတာ့ တုပလို႔ မရတာေၾကာင့္ပါ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ iCloud အေကာင့္ ေမ့သြားလို႔ပါ။ ဘယ္လိုျပန္လုပ္ရင္ အဆင္ေျပႏိုင္မလဲခင္ဗ်ာ။
ေျဖ – Backup ယူထားတဲ့ ဖုန္းနံပါတ္ သို႔မဟုတ္ Email ကေန Forgot iCloud Password လုပ္ၿပီး ယူလို႔ရပါတယ္။ အခန္႔မသင့္ရင္ iCloud Lock က်တတ္လို႔ ဆုိင္မွာျပင္ရင္ ပိုေကာင္းပါတယ္။

ေမး – ကြၽန္ေတာ့္ရဲ႕ iPhone 11 Pro ေလးက ဖုန္းေျပာရင္ Speaker ဖြင့္ေျပာမွ ၾကားရေတာ့တယ္ခင္ဗ်ာ။ အဲဒီမတိုင္ခင္ တစ္နာရီေလာက္အထိက အေကာင္းအတိုင္းပါ။ ျပဳတ္လဲမက်ပါဘူး။ ေရလဲမ၀င္ပါဘူးခင္ဗ်ာ။ ဘာေၾကာင့္ပါလဲ။
ေျဖ – iOS Version ေၾကာင့္လည္း ျဖစ္ႏိုင္သလို အခ်ိဳ႕ Ear Speaker မွာ Error ပါလာတတ္ပါတယ္။ Warranty က်န္ေသးရင္ ၀ယ္ခဲ့တဲ့ဆိုင္မွာပဲ တစ္ခ်က္ေလာက္ ျပန္ျပၾကည့္ပါ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ရဲ႕ Sony ဖုန္းေလး ျမန္မာစာေဖာင့္မမွန္လို႔ သြားထည့္ေတာ့ ဆိုင္က Root လုပ္မွ ရမယ္ေျပာပါတယ္။ ၿပီးေတာ့ Camera Quality က်သြားမယ္ ေျပာတယ္ခင္ဗ်ာ။ ဘာေၾကာင့္ပါလဲခင္ဗ်ာ။
ေျဖ – Sony ဖုန္းေတြကို Root လုပ္မယ္ဆိုရင္ Sony ရဲ႕ Official Website ကေန Bootloader Unlock လုပ္ရပါတယ္။ အဲဒီအခါမွာ Sony ကေန ေပးတဲ့ဖုန္းရဲ႕ Feature တခ်ိဳ႕ကို မရေတာ့ပါဘူး။ အဲဒါေၾကာင့္ Camera Quality မွာ အရင္ေလာက္ မေကာင္းေတာ့တာမ်ိဳး ျဖစ္တတ္ပါတယ္။

ေမး – အစ္ကိုေရ ႏိုင္ငံျခားက ၀ယ္လာတဲ့ အခ်ိဳ႕ iPhone ေတြက Sim Card ထည့္ရင္ Sim Invalid လို႔ ျပေနပါတယ္။ ဘယ္လိုလုပ္ေဆာင္ရမလဲခင္ဗ်ာ။
ေျဖ – အခ်ိဳ႕ iOS ေတြက ဒီက ကတ္ေတြနဲ႔ အဆင္မေျပတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ျမန္မာျပည္နဲ႔ အဆင္ေျပတဲ့ OS Firmware ျပန္ေရးရပါတယ္။

ေမး – iOS သံုးသူေတြအတြက္ မလုပ္မျဖစ္ ဘာေတြကို လုပ္ေဆာင္ရမလဲခင္ဗ်ာ။
ေျဖ – iCloud Account ကို မျဖစ္မေန ရိွထားသင့္ပါတယ္။ ၿပီးရင္ Backup ျပန္ယူရမယ့္ ေမးခြန္းေတြနဲ႔ Password ကို မမွားေအာင္ ေသခ်ာမွတ္ထားသင့္ပါတယ္။ Find My Phone ကိုလည္း On ထားပါ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက Mi အမ်ိဳးအစားပါ။ Facebookသံုးရင္ ရက္စြဲေတြ ေန႔ေတြ ခ်ိန္တဲ့ဟာ ေပၚေပၚလာတယ္။ မွန္ေအာင္ခ်ိန္လည္း ခဏခဏ ေပၚလာေနလို႔ ဘာေၾကာင့္ပါလဲခင္ဗ်ာ။
ေျဖ – အခ်ိန္ Auto မခ်ိန္ထားတာေၾကာင့္ ျဖစ္တတ္ပါတယ္။ Facebook ကို Uninstall လုပ္ၿပီး ျပန္ Install တင္ၾကည့္ပါ။ Setting ထဲက Date and Time မွာ Automatic ထားေပးပါ။

ပန္းသတင္း မိုဘိုင္းဖုန္းျပဳျပင္ေရးသင္တန္းေက်ာင္း (ပဲခူးၿမိဳ႕) ဖုန္း-09-956559760, 09-683746227, 09-459212592 မွ ပံ့ပိုးကူညီသည္။

NetGuide Journal (Every Wednesday)