Qualcomm Snapdragon 865 ဟာ စမတ်ဖုန်းတွေအတွက် Qualcommရဲ့ 2020 ခုနှစ်အတွင်း အထင်ကရ ဖြစ်လာမယ့် flagship system-on-chip (SoC) လို့ဆိုရမှာပါ။ 2019 ဒီဇင်ဘာလက Qualcomm ကုမ္ပဏီအနေနဲ့ Snapdragon 855ရဲ့ နောက်ဆက်တွဲမျိုးဆက်သစ်အဖြစ် Snapdragon 865 ကိုကြေညာပေးခဲ့တာပါ။ ယခုလအတွင်းမှာ Snapdragon 865 သုံးထားတဲ့ ဖုန်းတွေကို စတင်မိတ်ဆက်ပေးနေပါပြီ။ ပြောရမယ့်ဆိုရင် 2020 ခုနှစ်အတွင်းထွက်လာမယ့် အဆင့်မြင့် စမတ်ဖုန်းတွေမှာ Snapdragon 865 ကိုတောက်လျောက်သုံးလာကြတော့မှာပါ။ လက်တလောခန့်မှန်းချက်တွေအရတော့ Snapdragon 865 ကိုသုံးလာမယ့် အဆင့်မြင့် စမတ်ဖုန်း 19 မျိုးတိတိရှိနေပါတယ်။

Qualcommရဲ့ပြောကြားချက်အရကမ္ဘာလုံးဆိုင်ရာ OEMs များအနေနဲ့ Black Shark, Fujitsu, iQOO, Lenovo, Nubia, OPPO, Realme, Redmi, Samsung, Sharp, Sony, Vivo, Xiaomi နဲ့ ZTE တို့ဟာ 2020 ခုနှစ်အတွင်း သူတို့ကုမ္ပဏီက ထွက်လာမယ့် 5G ဖုန်းတွေအတွက် Snapdragon 865 ကိုရွေးချယ်ထားတယ်လို့ သိရပါတယ်။ ကုမ္ပဏီဘက်ကလည်း Snapdragon 865 ကို “world’s most advanced” ဆိုပြီး ကြေညာထားပါတယ်။ “ကမ္ဘာ့အဆင့်အမြင့်ဆုံး” ဆိုပြီး ကြွေးကြော်ထားတာပါ။ Snapdragon 865 မှာ Qualcomm ရဲ့ ဒုတိယမျိုးဆက် modem-RF စနစ်ကို Snapdragon X55 ပုံစံနဲ့ တပ်ဆင်ပေးထားပါတယ်။ သူ့မှာ Wi-Fi 6 အပြင်၊ Qualcomm ရဲ့ FastConnect 6800 မိုဘိုင်းဆက်သွယ်မှု စနစ်အတွက် “redefines” Bluetooth audioကိုထည့်ပေးထားပါတယ်။ Snapdragon 865 ရဲ့ featuresပိုင်းအနေနဲ့ gigapixel-speed ဓာတ်ပုံရိုက်ကူးမှု၊ desktop အဆင့်ရှိ Snapdragon Elite Gaming နဲ့အတူ ပဉ္စမမျိုးဆက် Qualcomm AI Engine တွေ ထည့်ပေးထားပါတယ်။ Snapdragon 865 ပါဝင်လာမယ့် နောက်ထွက်မယ့် စမတ်ဖုန်းတွေကတော့ . . . .

  • ASUS ROG Phone III

Qualcomm ဘက်ကတော့ ထိုင်ဝမ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူအနေနဲ့ ဂိမ်းအခြေပြု စမတ်ဖုန်းသစ်ကို ထပ်မံ ထုတ်လုပ်လာမယ်ဆိုပြီး သတင်းတွေထွက်ထားပါတယ်။ ဒါဟာမျိုးဆက်သစ် ROG Phone III များ ဖြစ်လေမလား ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ လက်ရှိအချိန်ထိ ROG Phone III နဲ့ ပတ်သတ်ပြီးအချက်အလက် အများကြီး မသိရသေးပေမယ့် Adreno 650 GPU နဲ့အတူ မျိုးဆက်သစ် Qualcomm Snapdragon 865 chipset ကို သုံးလာမယ် ဆိုတာတော့ သေချာနေပါတယ်။ အမှန်ကန်ဆုံးခန့်မှန်းနိုင်တဲ့အချက်ကတော့ Asus ROG Phone 2 ဖုန်းလိုမျိုးပဲ flagship-grade hardware နဲ့ လုပ်ဆောင်ချက်တွေ ပါလာမယ်ဆိုတာပါ။

  • Black Shark 3

ဒီဖုန်းကိုတော့ မကြာခင်ရက်ပိုင်းအတွင်းမှာ ကြေညာပေးတော့မှာ ဖြစ်ပါတယ်။ Qualcomm ဘက်ကရော၊ ကုမ္ပဏီဘက်ကပါ ဒီဖုန်းမှာမျိုးဆက်သစ် Snapdragon 865 processor သုံးလာမယ်လို့ ခန့်မှန်းထားပါတယ်။ တိကျတဲ့ သတင်းအချက် အလက်အရ မတ်လ 3 ရက်နေ့ တရုတ်မှာစရောင်းတော့မယ်လို့ ဆိုပါတယ်။ စမတ်ဖုန်းကိုမကြာခင်က AnTuTu မှာ စာရင်းသွင်းခဲ့ပြီး အမြင့်ဆုံးရမှတ်လို့ ဆိုရမယ့် 620952 points ရရှိခဲ့ပါတယ်။ ဒီဖုန်းမှာ QHD resolution နဲ့အတူ 120Hz refresh rate သုံးလာမယ်လို့ သိရပါတယ်။ အသုံးပြုသူတွေ အနေနဲ့ 60Hz, 90Hz နဲ့ 120Hz refresh rate ကြားရွေးချယ်နိုင် မယ်လို့လည်း ပြောထားပါတယ်။ ပြီးတော့ 5,000mAh ဘက်ထရီနဲ့ 65W fast charging support လုပ်အုံးမှာပါ။ Black Shark 3 နဲ့ 3 Pro 2 မျိုးထုတ်လုပ်မှာ ဖြစ်ပြီးရိုးရိုးမော်ဒယ်မှာ 4720mAh နဲ့ Pro မော်ဒယ်မှာ 5000mAh ဘက်ထရီတွေ ပါမယ်လို့ ပြောပါတယ်။ Black Shark 3 အတွက် နောက်ထပ်မျှော်လင့်စရာကတော့ ဂိမ်းအခြေပြု လုပ်ဆောင်ချက်တွေ ထည့်ပေးလာမှာကိုပါ။

  • iQOO 3

Snapdragon 865 7nm Mobile Platform သုံးထားတဲ့ နောက်ထပ်အဆင့်မြင့် စမတ်ဖုန်းတလုံးပါ။ 6.44 လက်မ FullHD+ 20:9 Super AMOLED မျက်နှာပြင်ထည့်သွင်းထားပြီး 180Hz Super Touch Response Rate ပါတဲ့အတွက် ဂိမ်းကစားတဲ့ သူတွေ လုံးဝအကြိုက်တွေ့စေမှာပါ။ 16MP Punch Hole ကင်မရာပါလာတယ်။ Android 10 အခြေပြု iQOO UI 1.0 ကိုသုံးနိုင်ပါပြီ။ Carbon Fiber VC Liquid Cooling ပါတဲ့အတွက် ဂိမ်းကစားရင်အပူမလွန်ကဲအောင် ကာကွယ်ပေးပါတယ်။ အနောက်ဘက်မှာ ကင်မရာ 4 လုံးတပ်ဆင်ထားပြီး 48MP , 13MP Telephoto (20x Digital Zoom), 13MP Ultrawide / Macro နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။ ဒါ့အပြင် 0.29 စက္ကန့်အတွင်းမှာဖုန်းကို Unlock လုပ်နိုင်တဲ့မျက်နှာပြင်အောက် လက်ဗွေရာကိရိယာ မြှုပ်နှံထားပါတယ်။ 4D Vibration ပါတဲ့အတွက် ဂိမ်းကစားရင်အသက်ဝင်စေပါတယ်။ 4440mAh ဘက်ထရီနဲ့အတူ 55W FlashCharge ပါတာကြောင့် 15 မိနစ်အတွင်းမှာ 50 ရာခိုင်နှုန်းအားသွင်းပေးပါတယ်။

  • Nubia Red Magic 5G

အမှန်ဆိုရင် ဒီဖုန်းကို MWC 2020 မှာ ကြေညာမယ်ဆိုပြီး စီစဉ်ထားကြတာပါ။ အခုတော့ MWC လည်းဒီနှစ်နားလိုက်ရော ဖုန်းမိတ်ဆက်မယ်ဆိုတဲ့သူတွေ တိုင်ပတ်တော့တာပဲ။ အသေချာဆုံးကတော့ ဒီဖုန်းမှာ Qualcomm Snapdragon 865 chipset သုံးလာမှာပါ။ အခြားအချက်တွေကိုလည်း ကုမ္ပဏီဘက်က ထုတ်ပြထားပါတယ်။ ဒီဖုန်းမှာ 6.5-inch display ဖြစ်ပြီး 144Hz screen refresh rate သုံးလာမယ်လို့ ဆိုပါတယ်။ 144Hz screen refresh rate ဆိုတာ စမတ်ဖုန်းတွေထဲမှာတော့ ပထမဆုံးလု့ိ သတ်မှတ်ရမှာပါ။ LPDDR5 RAM16GB သုံးထားမှာဖြစ်တဲ့အပြင် သူ့မှာ air-cooled fast charging ဖြေရှင်းနည်းအသစ်ကို ထည့်ပေးထားပါတယ်။ သဘောကတော့ ဖုန်းကိုအားသွင်းထားတဲ့အချိန်မှာ ဖြစ်ပေါ်တတ်တဲ့ အပူချိန်ကိုထိန်းညှိပေးမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းအားသွင်းတဲ့ အချိန်မှာဖြစ်ပေါ်နေတဲ့ အပူချိန်ကိုအလိုအလျောက် စစ်ဆေးပေးနေမှာပါ။ ဖုန်းရဲ့အနောက်ဘက်မှာတော့ 64-megapixel triple camera setup ကိုတပ်ထားမှာဖြစ်ပြီး punch-hole design ဖြစ်ပါတယ်။

  • OPPO Find X2

Oppo ရဲ့အသစ်ထွက်လာမယ့် စမတ်ဖုန်းမှာလည်း Qualcomm Snapdragon 865 ကိုသုံးဖို့သေချာနေပါတယ်။ လာမယ့် 6 ရက်နေ့ မိတ်ဆက်လာမှာပါ။ Oppo Find X2 ရဲ့အချက်အလက်တွေ အနေနဲ့ 6.5-inch AMOLED display မှာ Corning Gorilla Glass 6 အကာအကွယ်သုံးလာမှာပါ။ ပြီးတော့ဒီဖုန်းမှာ 120Hz refresh rate နဲ့အတူ QHD+ resolution ဖော်ပြမှုကို သုံးနိုင်မှာပါ။ နောက်ကျောဘက်မှာ triple-camera setup ဖြစ်ပြီး 48-megapixel, 13-megapixel, 8-megapixel ဖြစ်ပြီး အရှေ့ဘက်မှာ 32-megapixel selfie ကိုသုံးထားပါတယ်။ 4065mAh ဘက်ထရီနဲ့ဖြစ်ပြီး 30W wireless charging အပြင် 65W Super VOOC 2.0 wired fast charging လုပ်ပါတယ်။

  • Realme X50 Pro

တရုတ်ကုမ္ပဏီရဲ့ အဆင့်မြင့် စမတ်ဖုန်းလို့ သတ်မှတ်ရမှာပါ။ Snapdragon 865 မောင်းနှင်ထားပြီး အပူချိန်မများအောင် ကာကွယ်ပေးတဲ့ VC Cooling နည်းပညာထည့်ပေးထားပါတယ်။ သူ့မှာ 6.44 လက်မ FHD+ Super AMOLED မျက်နှာပြင် ပါလာပြီး 90Hz Refresh Rate နဲ့ 180Hz Sampling Rate ထည့်ပေးထားပါတယ်။ Punch Hole မှာ 32MP နဲ့ 8MP Ultrawide ကင်မရာ 2 လုံးတပ်ဆင်ထားပြီး Ram ပိုင်းမှာတော့ 12GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ 64MP အဓိကကင်မရာကို ထည့်ပေးထားပြီး၊ 8MP Ultrawide / Macro , 12MP Telephoto နဲ့ 2MP Depth ကင်မရာ 4 လုံး ထည့်သွင်းထားပါတယ်။ 65W SuperDart Fast Charging က အကြမ်းစားကြီးဖြစ်ပြီး 35 မိနစ်အတွင်းမှာ 0 ကနေ 100 ရာခိုင်နှုန်းအားဖြည့်ပေးပါတယ်။

  • Redmi K30 Pro

Qualcomm Snapdragon 865 ကိုသုံးလာမယ့် နောက်ထပ်အဆင်မြင့် ဖုန်းတလုံးပါ။ ယခုလအတွင်းမှာပဲ မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဒီဖုန်းမှာ notch-less display သုံးလာမယ်လို့ သိရပါတယ်။ ဒါဆိုရင်တော့ ဒီဖုန်းမှာ pop-up selfie ကင်မရာသုံးလာမယ်ဆိုတာ သိသာနေပါပြီ။ 64-megapixel Sony IMX686 နဲ့ နောက်ဘက်မှာကင်မရာ 4 လုံးတိတိ ပါဝင်လာမှာ ဖြစ်ပါတယ်။ 8GB RAM နဲ့ဖြစ်ပြီး Android 10 ကိုတပါတည်းထည့်ပေးလာမှာ ဖြစ်ပါတယ်။ ဘက်ထရီကလည်း 4,700mAh ကို 33W fast charging support လုပ်ပေးပါလိမ်မယ်။

  • Sony Xperia 1 II

ကိုစိုးနိုင်လို့ ချစ်စနိုးနဲ့ နာမည်ပေးထားကြတဲ့ Sony ဟာ စမတ်ဖုန်းလောကမှာဆိုရင် အတော်လေးကိုနောက်ရောက်နေပြီလို့ ပြောလို့ရပါတယ်။ တရုတ်စမတ်ဖုန်းတွေ အများအပြားထွက်ထားတာကြောင့် ဂျပန်ကြီးအနေနဲ့ နောက်ဆုတ်ထားရသလိုပါ။ အခုတော့ Sony ပြန်လာပြီ။ ဟုတ်ပါတယ် … Sony Xperia 1 II မှာပြောစရာမလိုလောက်အောင် ကောင်းမွန်တဲ့ ကင်မရာအရည်အသွေး၊ Android 10 , 8GB RAM နဲ့ 256GB UFS Storage ပါလာပြီး 5G Modem ပါတဲ့ Snapdragon 865တွေကိုသုံးထားပါတယ်။ 6.5 လက်မ 4K HDR OLED မျက်နှာပြင်ထည့်သွင်းထားပြီး အနောက်ဘက်မှာ 12MP main + 12MP ultrawide + 12MP telephoto ကင်မရာ 3 လုံးပါလာပြီး ZEISS Branding သုံးထားတဲ့ ပထမဆုံးဖုန်းတွေ ဖြစ်ပါတယ်။ အရှေ့ကင်မရာကတော့ လုံးဝဒိတ်အောက်ဒီဇိုင်းကြီးလို့ ဆိုရမှာပါ။ မူလဖုန်းတွေအတွင်းဘောင်အပေါ်မှာ ထည့်ထားလို့ပါ။ သူများဖုန်းတွေက notch တောင်မသုံးတော့ဘဲ Punch Hole သုံးနေကျတဲ့ အချိန်မှာ Sony ကတော့ ကနဦးဖုန်းအရှေ့ကင်မရာဒီဇိုင်းကို သုံးနေတုံးပါဘဲ။ IP65/68 စံနှုန်းပါတဲ့အတွက် ရေစိုခံနိုင်ပြီး Cinema Pro App က ပရောဖက်ရှင်နယ်ဗီဒီယိုတွေ ရိုက်ကူးပေးနိုင်ပါတယ်။

  • Vivo APEX 2020 Concept Phone

ဒီဖုန်းကို Snapdragon 865 SoC, RAM12G နဲ့ဖြစ်ပြီး Storage 256GB ပါဝင်ပါတယ်။ In-Display Selfie Camera Technology ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်းလို့ဆိုရမှာပါ။ ဖုန်းမှာခလုတ်မပါဝင်သလို အပေါက်လည်း မပါဝင်ပါဘူး။ Virtual Buttons များသုံးထားပါတယ်။ ဒီဖုန်းမှာမျက်နှာပြင် 6.45 လက်မ FullView Edgeless Display သုံးထားပြီး 120 ဒီဂရီထောင့်ကွေးရုပ်ထွက်သုံးထားပါတယ်။ Vivo ဟာ ကင်မရာပိုင်းနှင့်ပတ်သက်ပြီးတော့လည်း ဆန်းသစ်ဖန်တီးမှု လုပ်ထားပါတယ်။ Continuous Optical Zoom Lens သုံးထားပါတယ်။ Zoom ဆွဲရိုက်ကူးမှုကို 5x To 7.5x Zoom အထိ ပြုလုပ်နိုင်ပါမယ်။ ယင်းကင်မရာက 16MP ဖြစ်ပါတယ်။ အဓိကကင်မရာက 48MP ဖြစ်ပြီး Gimbal ကဲ့သို့ Stabilization စနစ်ပါဝင်ပါတယ်။ VIvo Apex 2020 မှာ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာကတော့ ဘက်ထရီပိုင်း ဖြစ်ပါတယ်။ ဘက်ထရီအားသွင်းပေါက်မပါဝင်ဘဲ 60W Wierless Charging ဖြင့်သာ အားသွင်းရပါမယ်။ ဒါ့အပြင် ဒီဖုန်းမှာစပီကာလည်း မပါဝင်ပါဘူး။ အသုံးပြုသူများအနေဖြင့် အသံအတွက် In-Screen Sound Technology ထည့်သွင်းထားပါတယ်။

  • ZTE Axon 10s Pro

ZTE က Axon 10s Pro ကို ဝက်ဘ်ဆိုက်ကနေ ကြေညာပေးထားပါတယ်။ သူ့မှာ Snapdragon 865 Chipset မောင်းနှင်ထားပြီး 6/12GB RAM နဲ့ 128/256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ ဖုန်းရဲ့သွက်လက်မြန်ဆန်မှုအတွက် LPDDR5 နဲ့ UFS 3.0 Chips တွေသုံးထားတဲ့အတွက် ဖုန်းရဲ့စွမ်းရည်က မြန်မှာပါ။ RAM နဲ့ File System ရဲ့ Read/Write စွမ်းရည်ကိုတိုးတက်စေတဲ့ RAM-Booster နဲ့ FS-Booster တို့လည်း ထည့်သွင်းပေးထားပါတယ်။ Android 10 အခြေပြု MiFavor 10 မောင်းနှင်ထားပါတယ်။ 5G နဲ့ Wifi 6 တွေထည့်သွင်းထားပြီး Link-Booster ကအင်တာနက်လိုင်းတွေကို ပေါင်းစည်းပြီး 50 ရာခိုင်နှုန်းပိုမြန်အောင်လုပ်ပေးနိုင်ပါတယ်။ 6.47 လက်မ AMOLED Full HD မျက်နှာပြင်ထည့်သွင်းထားပြီး 19.5:9 Aspect Ratio ပါပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာကိရိယာပါလာပြီး အရွယ်သေး Notch မှာ 20MP ကင်မရာတပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 48MP အဓိကကင်မရာ၊ 8MP Telephoto နဲ့ 20MP Ultrawide-angle တွေပါပါတယ်။ 4,000mAh ဘက်ထရီနဲ့အတူ Quick Charge 4+ ကိုထည့်သွင်းထားပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Upcoming smartphones with the Qualcomm Snapdragon 865

Qualcomm Snapdragon 865 ဟာ စမတ္ဖုန္းေတြအတြက္ Qualcommရဲ႕ 2020 ခုႏွစ္အတြင္း အထင္ကရ ျဖစ္လာမယ့္ flagship system-on-chip (SoC) လို႔ဆိုရမွာပါ။ 2019 ဒီဇင္ဘာလက Qualcomm ကုမၸဏီအေနနဲ႔ Snapdragon 855ရဲ႕ ေနာက္ဆက္တြဲမ်ိဳးဆက္သစ္အျဖစ္ Snapdragon 865 ကိုေၾကညာေပးခဲ့တာပါ။ ယခုလအတြင္းမွာ Snapdragon 865 သုံးထားတဲ့ ဖုန္းေတြကို စတင္မိတ္ဆက္ေပးေနပါၿပီ။ ေျပာရမယ့္ဆိုရင္ 2020 ခုႏွစ္အတြင္းထြက္လာမယ့္ အဆင့္ျမင့္ စမတ္ဖုန္းေတြမွာ Snapdragon 865 ကိုေတာက္ေလ်ာက္သုံးလာၾကေတာ့မွာပါ။ လက္တေလာခန႔္မွန္းခ်က္ေတြအရေတာ့ Snapdragon 865 ကိုသုံးလာမယ့္ အဆင့္ျမင့္ စမတ္ဖုန္း 19 မ်ိဳးတိတိရွိေနပါတယ္။

Qualcommရဲ႕ေျပာၾကားခ်က္အရကမာၻလုံးဆိုင္ရာ OEMs မ်ားအေနနဲ႔ Black Shark, Fujitsu, iQOO, Lenovo, Nubia, OPPO, Realme, Redmi, Samsung, Sharp, Sony, Vivo, Xiaomi နဲ႔ ZTE တို႔ဟာ 2020 ခုႏွစ္အတြင္း သူတို႔ကုမၸဏီက ထြက္လာမယ့္ 5G ဖုန္းေတြအတြက္ Snapdragon 865 ကိုေ႐ြးခ်ယ္ထားတယ္လို႔ သိရပါတယ္။ ကုမၸဏီဘက္ကလည္း Snapdragon 865 ကို “world’s most advanced” ဆိုၿပီး ေၾကညာထားပါတယ္။ “ကမာၻ႔အဆင့္အျမင့္ဆုံး” ဆိုၿပီး ေႂကြးေၾကာ္ထားတာပါ။ Snapdragon 865 မွာ Qualcomm ရဲ႕ ဒုတိယမ်ိဳးဆက္ modem-RF စနစ္ကို Snapdragon X55 ပုံစံနဲ႔ တပ္ဆင္ေပးထားပါတယ္။ သူ႔မွာ Wi-Fi 6 အျပင္၊ Qualcomm ရဲ႕ FastConnect 6800 မိုဘိုင္းဆက္သြယ္မႈ စနစ္အတြက္ “redefines” Bluetooth audioကိုထည့္ေပးထားပါတယ္။ Snapdragon 865 ရဲ႕ featuresပိုင္းအေနနဲ႔ gigapixel-speed ဓာတ္ပုံ႐ိုက္ကူးမႈ၊ desktop အဆင့္ရွိ Snapdragon Elite Gaming နဲ႔အတူ ပၪၥမမ်ိဳးဆက္ Qualcomm AI Engine ေတြ ထည့္ေပးထားပါတယ္။ Snapdragon 865 ပါဝင္လာမယ့္ ေနာက္ထြက္မယ့္ စမတ္ဖုန္းေတြကေတာ့ . . . .

  • ASUS ROG Phone III

Qualcomm ဘက္ကေတာ့ ထိုင္ဝမ္အေျခစိုက္ စမတ္ဖုန္းထုတ္လုပ္သူအေနနဲ႔ ဂိမ္းအေျချပဳ စမတ္ဖုန္းသစ္ကို ထပ္မံ ထုတ္လုပ္လာမယ္ဆိုၿပီး သတင္းေတြထြက္ထားပါတယ္။ ဒါဟာမ်ိဳးဆက္သစ္ ROG Phone III မ်ား ျဖစ္ေလမလား ဆိုတာကေတာ့ စိတ္ဝင္စားစရာပါ။ လက္ရွိအခ်ိန္ထိ ROG Phone III နဲ႔ ပတ္သတ္ၿပီးအခ်က္အလက္ အမ်ားႀကီး မသိရေသးေပမယ့္ Adreno 650 GPU နဲ႔အတူ မ်ိဳးဆက္သစ္ Qualcomm Snapdragon 865 chipset ကို သုံးလာမယ္ ဆိုတာေတာ့ ေသခ်ာေနပါတယ္။ အမွန္ကန္ဆုံးခန႔္မွန္းႏိုင္တဲ့အခ်က္ကေတာ့ Asus ROG Phone 2 ဖုန္းလိုမ်ိဳးပဲ flagship-grade hardware နဲ႔ လုပ္ေဆာင္ခ်က္ေတြ ပါလာမယ္ဆိုတာပါ။

  • Black Shark 3

ဒီဖုန္းကိုေတာ့ မၾကာခင္ရက္ပိုင္းအတြင္းမွာ ေၾကညာေပးေတာ့မွာ ျဖစ္ပါတယ္။ Qualcomm ဘက္ကေရာ၊ ကုမၸဏီဘက္ကပါ ဒီဖုန္းမွာမ်ိဳးဆက္သစ္ Snapdragon 865 processor သုံးလာမယ္လို႔ ခန႔္မွန္းထားပါတယ္။ တိက်တဲ့ သတင္းအခ်က္ အလက္အရ မတ္လ 3 ရက္ေန႔ တ႐ုတ္မွာစေရာင္းေတာ့မယ္လို႔ ဆိုပါတယ္။ စမတ္ဖုန္းကိုမၾကာခင္က AnTuTu မွာ စာရင္းသြင္းခဲ့ၿပီး အျမင့္ဆုံးရမွတ္လို႔ ဆိုရမယ့္ 620952 points ရရွိခဲ့ပါတယ္။ ဒီဖုန္းမွာ QHD resolution နဲ႔အတူ 120Hz refresh rate သုံးလာမယ္လို႔ သိရပါတယ္။ အသုံးျပဳသူေတြ အေနနဲ႔ 60Hz, 90Hz နဲ႔ 120Hz refresh rate ၾကားေ႐ြးခ်ယ္ႏိုင္ မယ္လို႔လည္း ေျပာထားပါတယ္။ ၿပီးေတာ့ 5,000mAh ဘက္ထရီနဲ႔ 65W fast charging support လုပ္အုံးမွာပါ။ Black Shark 3 နဲ႔ 3 Pro 2 မ်ိဳးထုတ္လုပ္မွာ ျဖစ္ၿပီး႐ိုး႐ိုးေမာ္ဒယ္မွာ 4720mAh နဲ႔ Pro ေမာ္ဒယ္မွာ 5000mAh ဘက္ထရီေတြ ပါမယ္လို႔ ေျပာပါတယ္။ Black Shark 3 အတြက္ ေနာက္ထပ္ေမွ်ာ္လင့္စရာကေတာ့ ဂိမ္းအေျချပဳ လုပ္ေဆာင္ခ်က္ေတြ ထည့္ေပးလာမွာကိုပါ။

  • iQOO 3

Snapdragon 865 7nm Mobile Platform သုံးထားတဲ့ ေနာက္ထပ္အဆင့္ျမင့္ စမတ္ဖုန္းတလုံးပါ။ 6.44 လက္မ FullHD+ 20:9 Super AMOLED မ်က္ႏွာျပင္ထည့္သြင္းထားၿပီး 180Hz Super Touch Response Rate ပါတဲ့အတြက္ ဂိမ္းကစားတဲ့ သူေတြ လုံးဝအႀကိဳက္ေတြ႕ေစမွာပါ။ 16MP Punch Hole ကင္မရာပါလာတယ္။ Android 10 အေျချပဳ iQOO UI 1.0 ကိုသုံးႏိုင္ပါၿပီ။ Carbon Fiber VC Liquid Cooling ပါတဲ့အတြက္ ဂိမ္းကစားရင္အပူမလြန္ကဲေအာင္ ကာကြယ္ေပးပါတယ္။ အေနာက္ဘက္မွာ ကင္မရာ 4 လုံးတပ္ဆင္ထားၿပီး 48MP , 13MP Telephoto (20x Digital Zoom), 13MP Ultrawide / Macro နဲ႔ 2MP Depth ေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ 0.29 စကၠန႔္အတြင္းမွာဖုန္းကို Unlock လုပ္ႏိုင္တဲ့မ်က္ႏွာျပင္ေအာက္ လက္ေဗြရာကိရိယာ ျမႇဳပ္ႏွံထားပါတယ္။ 4D Vibration ပါတဲ့အတြက္ ဂိမ္းကစားရင္အသက္ဝင္ေစပါတယ္။ 4440mAh ဘက္ထရီနဲ႔အတူ 55W FlashCharge ပါတာေၾကာင့္ 15 မိနစ္အတြင္းမွာ 50 ရာခိုင္ႏႈန္းအားသြင္းေပးပါတယ္။

  • Nubia Red Magic 5G

အမွန္ဆိုရင္ ဒီဖုန္းကို MWC 2020 မွာ ေၾကညာမယ္ဆိုၿပီး စီစဥ္ထားၾကတာပါ။ အခုေတာ့ MWC လည္းဒီႏွစ္နားလိုက္ေရာ ဖုန္းမိတ္ဆက္မယ္ဆိုတဲ့သူေတြ တိုင္ပတ္ေတာ့တာပဲ။ အေသခ်ာဆုံးကေတာ့ ဒီဖုန္းမွာ Qualcomm Snapdragon 865 chipset သုံးလာမွာပါ။ အျခားအခ်က္ေတြကိုလည္း ကုမၸဏီဘက္က ထုတ္ျပထားပါတယ္။ ဒီဖုန္းမွာ 6.5-inch display ျဖစ္ၿပီး 144Hz screen refresh rate သုံးလာမယ္လို႔ ဆိုပါတယ္။ 144Hz screen refresh rate ဆိုတာ စမတ္ဖုန္းေတြထဲမွာေတာ့ ပထမဆုံးလု႔ိ သတ္မွတ္ရမွာပါ။ LPDDR5 RAM16GB သုံးထားမွာျဖစ္တဲ့အျပင္ သူ႔မွာ air-cooled fast charging ေျဖရွင္းနည္းအသစ္ကို ထည့္ေပးထားပါတယ္။ သေဘာကေတာ့ ဖုန္းကိုအားသြင္းထားတဲ့အခ်ိန္မွာ ျဖစ္ေပၚတတ္တဲ့ အပူခ်ိန္ကိုထိန္းညႇိေပးမွာ ျဖစ္ပါတယ္။ စမတ္ဖုန္းအားသြင္းတဲ့ အခ်ိန္မွာျဖစ္ေပၚေနတဲ့ အပူခ်ိန္ကိုအလိုအေလ်ာက္ စစ္ေဆးေပးေနမွာပါ။ ဖုန္းရဲ႕အေနာက္ဘက္မွာေတာ့ 64-megapixel triple camera setup ကိုတပ္ထားမွာျဖစ္ၿပီး punch-hole design ျဖစ္ပါတယ္။

  • OPPO Find X2

Oppo ရဲ႕အသစ္ထြက္လာမယ့္ စမတ္ဖုန္းမွာလည္း Qualcomm Snapdragon 865 ကိုသုံးဖို႔ေသခ်ာေနပါတယ္။ လာမယ့္ 6 ရက္ေန႔ မိတ္ဆက္လာမွာပါ။ Oppo Find X2 ရဲ႕အခ်က္အလက္ေတြ အေနနဲ႔ 6.5-inch AMOLED display မွာ Corning Gorilla Glass 6 အကာအကြယ္သုံးလာမွာပါ။ ၿပီးေတာ့ဒီဖုန္းမွာ 120Hz refresh rate နဲ႔အတူ QHD+ resolution ေဖာ္ျပမႈကို သုံးႏိုင္မွာပါ။ ေနာက္ေက်ာဘက္မွာ triple-camera setup ျဖစ္ၿပီး 48-megapixel, 13-megapixel, 8-megapixel ျဖစ္ၿပီး အေရွ႕ဘက္မွာ 32-megapixel selfie ကိုသုံးထားပါတယ္။ 4065mAh ဘက္ထရီနဲ႔ျဖစ္ၿပီး 30W wireless charging အျပင္ 65W Super VOOC 2.0 wired fast charging လုပ္ပါတယ္။

  • Realme X50 Pro

တ႐ုတ္ကုမၸဏီရဲ႕ အဆင့္ျမင့္ စမတ္ဖုန္းလို႔ သတ္မွတ္ရမွာပါ။ Snapdragon 865 ေမာင္းႏွင္ထားၿပီး အပူခ်ိန္မမ်ားေအာင္ ကာကြယ္ေပးတဲ့ VC Cooling နည္းပညာထည့္ေပးထားပါတယ္။ သူ႔မွာ 6.44 လက္မ FHD+ Super AMOLED မ်က္ႏွာျပင္ ပါလာၿပီး 90Hz Refresh Rate နဲ႔ 180Hz Sampling Rate ထည့္ေပးထားပါတယ္။ Punch Hole မွာ 32MP နဲ႔ 8MP Ultrawide ကင္မရာ 2 လုံးတပ္ဆင္ထားၿပီး Ram ပိုင္းမွာေတာ့ 12GB RAM အထိ ေ႐ြးခ်ယ္ႏိုင္ပါတယ္။ အေနာက္ဘက္မွာ 64MP အဓိကကင္မရာကို ထည့္ေပးထားၿပီး၊ 8MP Ultrawide / Macro , 12MP Telephoto နဲ႔ 2MP Depth ကင္မရာ 4 လုံး ထည့္သြင္းထားပါတယ္။ 65W SuperDart Fast Charging က အၾကမ္းစားႀကီးျဖစ္ၿပီး 35 မိနစ္အတြင္းမွာ 0 ကေန 100 ရာခိုင္ႏႈန္းအားျဖည့္ေပးပါတယ္။

  • Redmi K30 Pro

Qualcomm Snapdragon 865 ကိုသုံးလာမယ့္ ေနာက္ထပ္အဆင္ျမင့္ ဖုန္းတလုံးပါ။ ယခုလအတြင္းမွာပဲ မိတ္ဆက္မွာ ျဖစ္ပါတယ္။ ဒီဖုန္းမွာ notch-less display သုံးလာမယ္လို႔ သိရပါတယ္။ ဒါဆိုရင္ေတာ့ ဒီဖုန္းမွာ pop-up selfie ကင္မရာသုံးလာမယ္ဆိုတာ သိသာေနပါၿပီ။ 64-megapixel Sony IMX686 နဲ႔ ေနာက္ဘက္မွာကင္မရာ 4 လုံးတိတိ ပါဝင္လာမွာ ျဖစ္ပါတယ္။ 8GB RAM နဲ႔ျဖစ္ၿပီး Android 10 ကိုတပါတည္းထည့္ေပးလာမွာ ျဖစ္ပါတယ္။ ဘက္ထရီကလည္း 4,700mAh ကို 33W fast charging support လုပ္ေပးပါလိမ္မယ္။

  • Sony Xperia 1 II

ကိုစိုးႏိုင္လို႔ ခ်စ္စႏိုးနဲ႔ နာမည္ေပးထားၾကတဲ့ Sony ဟာ စမတ္ဖုန္းေလာကမွာဆိုရင္ အေတာ္ေလးကိုေနာက္ေရာက္ေနၿပီလို႔ ေျပာလို႔ရပါတယ္။ တ႐ုတ္စမတ္ဖုန္းေတြ အမ်ားအျပားထြက္ထားတာေၾကာင့္ ဂ်ပန္ႀကီးအေနနဲ႔ ေနာက္ဆုတ္ထားရသလိုပါ။ အခုေတာ့ Sony ျပန္လာၿပီ။ ဟုတ္ပါတယ္ … Sony Xperia 1 II မွာေျပာစရာမလိုေလာက္ေအာင္ ေကာင္းမြန္တဲ့ ကင္မရာအရည္အေသြး၊ Android 10 , 8GB RAM နဲ႔ 256GB UFS Storage ပါလာၿပီး 5G Modem ပါတဲ့ Snapdragon 865ေတြကိုသုံးထားပါတယ္။ 6.5 လက္မ 4K HDR OLED မ်က္ႏွာျပင္ထည့္သြင္းထားၿပီး အေနာက္ဘက္မွာ 12MP main + 12MP ultrawide + 12MP telephoto ကင္မရာ 3 လုံးပါလာၿပီး ZEISS Branding သုံးထားတဲ့ ပထမဆုံးဖုန္းေတြ ျဖစ္ပါတယ္။ အေရွ႕ကင္မရာကေတာ့ လုံးဝဒိတ္ေအာက္ဒီဇိုင္းႀကီးလို႔ ဆိုရမွာပါ။ မူလဖုန္းေတြအတြင္းေဘာင္အေပၚမွာ ထည့္ထားလို႔ပါ။ သူမ်ားဖုန္းေတြက notch ေတာင္မသုံးေတာ့ဘဲ Punch Hole သုံးေနက်တဲ့ အခ်ိန္မွာ Sony ကေတာ့ ကနဦးဖုန္းအေရွ႕ကင္မရာဒီဇိုင္းကို သုံးေနတုံးပါဘဲ။ IP65/68 စံႏႈန္းပါတဲ့အတြက္ ေရစိုခံႏိုင္ၿပီး Cinema Pro App က ပေရာဖက္ရွင္နယ္ဗီဒီယိုေတြ ႐ိုက္ကူးေပးႏိုင္ပါတယ္။

  • Vivo APEX 2020 Concept Phone

ဒီဖုန္းကို Snapdragon 865 SoC, RAM12G နဲ႔ျဖစ္ၿပီး Storage 256GB ပါဝင္ပါတယ္။ In-Display Selfie Camera Technology ပါဝင္တဲ့ ကမာၻ႔ပထမဆုံးစမတ္ဖုန္းလို႔ဆိုရမွာပါ။ ဖုန္းမွာခလုတ္မပါဝင္သလို အေပါက္လည္း မပါဝင္ပါဘူး။ Virtual Buttons မ်ားသုံးထားပါတယ္။ ဒီဖုန္းမွာမ်က္ႏွာျပင္ 6.45 လက္မ FullView Edgeless Display သုံးထားၿပီး 120 ဒီဂရီေထာင့္ေကြး႐ုပ္ထြက္သုံးထားပါတယ္။ Vivo ဟာ ကင္မရာပိုင္းႏွင့္ပတ္သက္ၿပီးေတာ့လည္း ဆန္းသစ္ဖန္တီးမႈ လုပ္ထားပါတယ္။ Continuous Optical Zoom Lens သုံးထားပါတယ္။ Zoom ဆြဲ႐ိုက္ကူးမႈကို 5x To 7.5x Zoom အထိ ျပဳလုပ္ႏိုင္ပါမယ္။ ယင္းကင္မရာက 16MP ျဖစ္ပါတယ္။ အဓိကကင္မရာက 48MP ျဖစ္ၿပီး Gimbal ကဲ့သို႔ Stabilization စနစ္ပါဝင္ပါတယ္။ VIvo Apex 2020 မွာ ေနာက္ထပ္စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ ဘက္ထရီပိုင္း ျဖစ္ပါတယ္။ ဘက္ထရီအားသြင္းေပါက္မပါဝင္ဘဲ 60W Wierless Charging ျဖင့္သာ အားသြင္းရပါမယ္။ ဒါ့အျပင္ ဒီဖုန္းမွာစပီကာလည္း မပါဝင္ပါဘူး။ အသုံးျပဳသူမ်ားအေနျဖင့္ အသံအတြက္ In-Screen Sound Technology ထည့္သြင္းထားပါတယ္။

  • ZTE Axon 10s Pro

ZTE က Axon 10s Pro ကို ဝက္ဘ္ဆိုက္ကေန ေၾကညာေပးထားပါတယ္။ သူ႔မွာ Snapdragon 865 Chipset ေမာင္းႏွင္ထားၿပီး 6/12GB RAM နဲ႔ 128/256GB Storage ေတြ ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ဖုန္းရဲ႕သြက္လက္ျမန္ဆန္မႈအတြက္ LPDDR5 နဲ႔ UFS 3.0 Chips ေတြသုံးထားတဲ့အတြက္ ဖုန္းရဲ႕စြမ္းရည္က ျမန္မွာပါ။ RAM နဲ႔ File System ရဲ႕ Read/Write စြမ္းရည္ကိုတိုးတက္ေစတဲ့ RAM-Booster နဲ႔ FS-Booster တို႔လည္း ထည့္သြင္းေပးထားပါတယ္။ Android 10 အေျချပဳ MiFavor 10 ေမာင္းႏွင္ထားပါတယ္။ 5G နဲ႔ Wifi 6 ေတြထည့္သြင္းထားၿပီး Link-Booster ကအင္တာနက္လိုင္းေတြကို ေပါင္းစည္းၿပီး 50 ရာခိုင္ႏႈန္းပိုျမန္ေအာင္လုပ္ေပးႏိုင္ပါတယ္။ 6.47 လက္မ AMOLED Full HD မ်က္ႏွာျပင္ထည့္သြင္းထားၿပီး 19.5:9 Aspect Ratio ပါပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာကိရိယာပါလာၿပီး အ႐ြယ္ေသး Notch မွာ 20MP ကင္မရာတပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ 48MP အဓိကကင္မရာ၊ 8MP Telephoto နဲ႔ 20MP Ultrawide-angle ေတြပါပါတယ္။ 4,000mAh ဘက္ထရီနဲ႔အတူ Quick Charge 4+ ကိုထည့္သြင္းထားပါတယ္။

NetGuide Journal (Every Wednesday)