အခုဆိုရင် မြန်မာနိုင်ငံ မိုဘိုင်းဈေးကွက်ထဲက နောက်ဆုံးပေါ် iPhone တွေထဲမှာ iPhoneX ကို အဆင့်မြှင့်တင်ထားတဲ့ iPhone XS လည်း ပါရှိပြီး ၎င်းကို ပြီးခဲ့တဲ့ 2018 ခုနှစ်၊ စက်တင်ဘာ 12 ရက်နေ့က စတင် တရားဝင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ အရင် iPhcvone X နဲ့ ဒီဇိုင်းပုံစံ၊ အရွယ်အစား၊ မျက်နှာပြင်စွမ်းအား၊ ကင်မရာစွမ်းအားတွေမှာပါ အားလုံးတူညီပြီး စက်စွမ်းဆောင်ရည်ပိုင်းမှာတော့ ပိုမိုကောင်းမွန်လာသလို ရစိုခံနိုင်အားမှာလည်း နည်းနည်းလေး ပိုကောင်းလာပါတယ်။ ဒါတင်မကသေးပဲ Nano SIM card နဲ့ e-SIM card 2 card ကိုလည်း တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ အရှေ့၊ အနောက် ဒီဇိုင်းပုံစံက အရင် iPhone X အတိုင်းပဲဖြစ်ပြီး အရွယ်အစားကလည်း အတူတူပဲဖြစ်တဲ့အတွက်ကြောင့် ဖုန်းကို အပေါ်ယံကြည့်လိုက်ရင်တော့ iPhone X အတိုင်းပါပဲ။ အရှေ့နဲ့အနောက်ကို Glass တွေနဲ့ တည်ဆောက်ထား ပြီး ဘေးဘောင်တွေက Surgical-grade stainless Steel Frame တွေ ဖြစ်ပါတယ်။ နောက်ကျောဘက်က Glass ဖြစ်တဲ့အတွက် Wireless Charging စနစ်ကို အသုံးပြုနိုင်ပြီး ဖုန်းအားသွင်းနှုန်းကလည်း iPhone X ထက် ပိုမိုလျင်မြန်မှု ရှိပါတယ်။ တည်ဆောက်ပုံက ခိုင်ခိုင်ခံ့ခံ့ရှိပြီး IP68 Certified ရရှိထားလို့ ဖုန်ဒဏ်နဲ့ ရေဒဏ်တွေကို ခံနိုင်ရည်ရှိပြီး ရေအနက် 2 မီတာမှာ မိနစ် 30 ကြာမျှ ဖုန်းအသုံးပြုနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 143.6 x 70.9 x 7.7 mm ရှိပြီး အလေးချိန်က 177g လေးပါတယ်။ ဒါကြောင့် iPhone X ထက် နည်းနည်းလေးပဲပိုလေးပါတယ်။ ဖုန်းလုံခြုံရေးပိုင်းအတွက်လည်း အဆင့်မြင့် Face ID စနစ်ကိုပဲ တပ်ဆင်ပေးထားပါတယ်။ ၎င်းကို GSM, CDMA, HSPA, EVDO နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Dual SIM နဲ့ထုတ်လုပ်ပေးထားပါတယ်။ မျက်နှာပြင်အကျယ်က 5.8 -inch ရှိပြီး Super AMOLED capacitive touchscreen, 16M colors display က 19.5:9 ratio မှာ  1125 x 2436 pixels ရှိတဲ့ မြင်ကွင်းစွမ်းအား တွေကို ပြသနိုင်ပါတယ်။ ဒါ့အပြင် Wide color gamut display ဖြစ်တာကြောင့် တော်တော်လေးကို ကြည်လင်ပြတ်သားမှုရှိတဲ့ ရုပ်ထွက်မျိုးတွေကို ရရှိနိုင်မှာဖြစ်ပြီး အပေါ်ကနေ Scratch-resistant glass, oleophobic coating စနစ်တွေပါရှိလို့ မတော်တဆ ပြုတ်ကျမှုဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။

ဒါ့အပြင် multi-touch စနစ်ပါရှိတဲ့အတွက် လုပ်ဆောင်ချက်တွေကိုလည်း လျင်မြန်စွာပြုလုပ်နိုင်ပါတယ်။ အထဲမှာ နောက်ဆုံးပေါ်အဆင့်မြင့် built-in iOS 12 ကို ထည့်သွင်းထားပါတယ်။ ထောက်ပံ့ပေးထားတဲ့ Face ID စနစ်ကလည်း အရင်ကထက် ပိုမိုလျင်မြန်မှုရှိတာကို တွေ့ရပါတယ်။ Internal Memory အတွက် 64GB, 256GB နဲ့ 512GB ပါရှိတဲ့ version 3 မျိုးကို ထုတ်လုပ်ပေးထားပြီး RAM ကလည်း 4GB တောင်ပါရှိပါတယ်။ ၎င်းဟာ iPhone အနေနဲ့ Internal Memory 512GB ကို ထည့်သွင်းပေးထားတဲ့ ပထမဆုံး ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ အနောက်ကင်မရာက 12 MP, f/1.8, 26mm (wide), 1/2.55″, 1.4µm, OIS, PDAF + 12 MP, f/2.4, 52mm (telephoto), 1/3.4″, 1.0µm, OIS, PDAF, 2x optical zoom စွမ်းအားတွေပါရှိပြီး Quad-LED dual-tone flash, HDR (photo/panorama) ဆိုတဲ့ features တွေကိုလည်း ထည့်သွင်းထားပါတယ်။ အရှေ့ selfie ကင်မရာကလည်း 7 MP, f/2.2, 32mm (standard) စွမ်းအားတွေပါရှိပြီး 60fps မှာ 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပြီး HDR Feature ကိုလည်းအသုံးပြုနိုင်ပါတယ်။ စက်စွမ်းဆောင် ရည်ပိုင်းအတွက်လည်း နောက်ဆုံးပေါ်အဆင့်မြင့် Chipset, Processor နဲ့ Graphics Card တွေကို ထောက်ပံ့ထားလို့ လျင်မြန်တိကျတဲ့ လုပ်ဆောင်ချက်တွေကို ပေးစွမ်းနိုင်ပါတယ်။ ၎င်းမှာ Bluetooth 5.0, A2DP, LE စနစ်တွေပါရှိပြီး USB 2.0, proprietary reversible connector ကို သုံးထားပါတယ်။ စပီကာ အတွက်လည်း Stereo Speakers တွေကို တပ်ဆင်ထားလို့ ကြည်လင်ပြတ်သား ကျယ်လောင်တဲ့အသံတွေကို ထုတ်လွှတ်ပေးနိုင်ပါတယ်။

Battery Life

၎င်းမှာ ထည့်သွင်းပေးထားတဲ့ ဘက်ထရီစွမ်းအားက Non-removable Li-Ion 2658 mAh battery (10.13 Wh) ဖြစ်ပြီး ၎င်းရဲ့ Fast battery charging စနစ်ကြောင့် မိနစ် 30 အတွင်းမှာ ဘက်ထရီစွမ်းအား 50 ရာခိုင်နှုန်းကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

Design

တည်ဆောက်ပုံဒီဇိုင်းက ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်းခိုင်မာပြီး အရှေ့ဘက်ရော၊ နောက်ကျောဘက်ပါ အကောင်းဆုံး Premium ဖုန်းတစ်လုံးရဲ့အသွင်အပြင်တွေရှိပါတယ်။ ၎င်းကို ထုတ်လုပ်ပေးထားတဲ့ အရောင် တွေကတော့ ရွှေရောင်၊ ငွေရောင်နဲ့ မီးခိုးရောင်ဆိုတဲ့ အရောင် 3 မျိုးပဲဖြစ်ပါတယ်။

Processor

၎င်းမှာ RAM 4GB ပါရှိတဲ့ Hexa-core (2x Vortex + 4x Tempest) processor, Apple A12 Bionic Chipset နဲ့  Apple GPU (4-core graphics) GPU တို့ကြောင့် အကောင်းဆုံးစက်စွမ်းဆောင်ရည်တွေကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ပြီး နောက်ဆုံးပေါ် apps တွေနဲ့ ဂိမ်းတွေကို အကောင်းဆုံး ရုပ်ထွက်မျိုးတွေနဲ့ အသုံးပြုနိုင် မှာပဲဖြစ်ပါတယ်။

Display and Camera

5.8-inch ကျယ်တဲ့ မျက်နှာပြင်ကို Super AMOLED capacitive touch-screen, 16M colors display နဲ့ပြုလုပ်ထားပြီး Full HD မြင်ကွင်းစွမ်းအား တွေကိုပေးစွမ်းနိုင်ပါတယ်။ 12MP + 12MP resolution ရှိတဲ့ အနောက် ကင်မရာနဲ့ 7MP ရှိတဲ့ အရည်အသွေးမြင့်အရှေ့ selfie ကင်မရာတို့ကို တပ်ဆင်ထားပြီး အဆင့်မြင့် features တွေလည်း အများကြီးပါရှိပါတယ်။

Verdict

iPhone XS ဟာ အဆင့်မြင့်နောက်ဆုံးပေါ် iPhone ကိုမှ အရမ်းကြီးမားတဲ့ Plus size တွေကို မကြိုက်ဘဲ လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ်နဲ့ ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ အရွယ်အစားနဲ့ အသုံးပြုချင်တဲ့သူတွေအတွက် အထူးသင့်တော်တဲ့ အကောင်းဆုံးစမတ်ဖုန်းတစ်လုံးပါပဲ။

Specification

» Network : GSM/CDMA/HSPA/LTE (Nano SIM)
» Weight : 177 g
» Display : 5.8″, Super Retina OLED capacitive touchscreen
» Resolution : 1125 x 2436 pixels, 19.5:9 ratio (~458ppi)
» Dimensions : 143.6 x 70.9 x 7.7 mm
» Memory : 256GB, 4GB RAM
» Camera : Dual 12MP, f/1.8, 1/2.55″, 1.4µm 12MP, f/2.4, 1/3.4″, 1.0µm, PDAF, OIS, Quad-LED dual-tone flash, HDR, panorama, Selfie : 7MP, f/2.2, SL 3D
» Connectivity : GPS, WLAN, Bluetooth 5.0, Type-C 1.0
» OS : iOS 12, Upgradable to iOS 13.3
» Chipset : Apple A12 Bionic (7 nm) CPU : Hexa-core (2×2.5 GHz Vortex + 4×1.6 GHz Tempest), GPU : Apple GPU
» Sensor : Face ID, accelerometer, gyro, proximity
» Battery : Non-removable Li-Ion 2658 mAh
» Price : 1,2xx,xxx Ks
» Contact Phone : 09-785222888 ( Win Mobile World )

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

iPhone XS



Battery Life


Design


Processor


Display and Camera


Verdict


Specification

» Weight : 177 g
» Memory : 256GB, 4GB RAM
» Price : 1,2xx,xxx Ks
