Websites စာမျက်နှာများ
https://www.kyopay.com.mm/mm
www.kyopay.com.mm/mm ဟာ လျင်မြန်လွယ်ကူပြီး လုံခြုံစိတ်ချရတဲ့နည်းလမ်းနဲ့ မြန်မာနိုင်ငံရှိ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ငွေကြေးစီးဆင်းမှုအရှိန် အဟုန်မြှင့်တင်စေရန်အတွက် receivable invoice တွေကို အွန်လိုင်းကတစ်ဆင့် ရင်းနှီးမြှုပ်နှံသူတွေထံ ရောင်းချနိုင်အောင် စီစဉ်ပေးထားတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ သင်တို့ရဲ့ ရက် 30 ကနေ ရက် 120 အတွင်းရှိ Invoice တွေကို လုံခြံုစိတ်ချစွာဖြင့် ဝယ်ယူသူတွေထံကို ရောင်းချနိုင်ပါတယ်။
https://soshwe.com/
https://soshwe.com ဟာ လူငယ်တစ်ယောက်လို ပေါ့ပါးလွတ်လပ်ပြီး လန်းဆန်းတက်ကြွတဲ့ ပြည်တွင်း ပြည်ပ သတင်းတွေကို နေ့စဉ်နဲ့အမျှ တင်ဆက်ပေးနေတဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာကျော် celebrity တွေရဲ့ နေ့စဉ်ဖြစ်ပျက်နေတဲ့ သတင်းတွေ၊ ဖျော်ဖြေရေးသတင်းတွေ၊ အားကစားသတင်းတွေ၊ ရယ်မောစရာသတင်းတွေ၊ မှုခင်းသတင်းတွေနဲ့ အခြားသတင်းကဏ္ဍမျိုးစုံကို နေ့စဉ်နဲ့အမျှ အချိန်နဲ့တစ်ပြေးညီ တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။
https://www.satekhunarr.com/
www.satekhunarr.com ဟာ လူတွေအတွက် စိတ်ခွန်အားဖြစ်စေနိုင်တဲ့ အဆိုအမိန့်တွေကို နေ့စဉ် အခမဲ့ ရယူနိုင်မယ့်ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ပုထုဇဉ်လူသားတိုင်းရဲ့ဘဝမှာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းနဲ့ ဆက်နွယ်တဲ့ စိတ်ခံစားမှုတွေဆိုတာ အချိန်နဲ့အမျှ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ စိတ်ပျော်ရွှင် အောင်မြင်နေတဲ့အချိန်မှာ အဆင်ပြေနေပေမယ့် ဘဝမှာ အဆင်မပြေမှုတွေ ရှိလာတဲ့အခါ အနည်းနဲ့အများ စိတ်ထိခိုက် စိတ်ညစ်ကြရပါတယ်။
Facebook စာမျက်နှာများ
https://www.facebook.com/Hkawnm/
Kaylee’s Mommy ဟာ ကလေးပြုစုပျိုးထောင်ရာမှာအကျိုးရှိစေမယ့် ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုပါ။ ကိုယ်ဝန်ဆောင်မိခင်တွေ စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်စေဖို့ ကလေးပြုစုပျိုးထောင်ရာမှာ စိန်ခေါ်မှုတွေ ကြံုတွေ့ရလေ့ရှိတဲ့ မိဘတိုင်းအတွက် ကျန်းမာတဲ့ ကလေးတွေဖြစ်အောင် နည်းလမ်းမှန်ကန်စွာ ပြုစုစောင့်ရှောက်တတ်အောင် အထောက်အကူဖြစ်စေမယ့် page ဖြစ်ပါတယ်။
https://www.facebook.com/mmfreelancehub/
Myanmar Freelance Hub ဟာ ဘာသာပြန်အလုပ်တွေကို အများဆုံး freelance လျှောက် ထားလုပ်ကိုင်နိုင်ဖို့အတွက် သိထားသင့်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဖြစ်ပါတယ်။ စာရေးတာဝါသနာပါသူတွေ၊ ဘာသာပြန်အလုပ်ကို ကျွမ်းကျင်သူတွေအတွက် အကောင်းဆုံး freelance အလုပ်တွေကို ခေါ်ယူနေတဲ့နေရာ ဖြစ်ပါတယ်။ နေ့စဉ်ဖော်ပြပေးနေတဲ့ အလုပ်အကိုင်တွေကို register လုပ်ပြီး ဝင်ရောက်လျှောက်ထား နိုင်မှာဖြစ်ပါတယ်။
https://www.facebook.com/Laika-Space-112341680303090/
Laika Space  ဟာ ခွေးလေးတွေမွေးထားတဲ့သူတွေ၊ ခွေးချစ်တတ်သူတွေအတွက် ခွေးလေးတွေအကြောင်းဖတ်ဖို့ like လုပ်ထားသင့်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ခွေးလေးတွေရဲ့ အပြုအမူတွေအကြောင်း၊ သစ္စာရှိတဲ့ ခွေးလေးတွေရဲ့အကြောင်း၊ သူတို့ရဲ့ထူးခြားတဲ့ ဖြစ်ရပ်တွေအကြောင်းကို သုတ၊ ရသစုံလင်စွာ တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
Websites & Facebook စာမျက်နှာများ
https://soshwe.com/