ဘက်စုံအသုံးပြုနိုင်မှုနှင့် မြန်ဆန်မှုတို့ကို အဓိက အားစိုက်ပေးထားတဲ့ Sony Alpha a6600 ကတော့ fully-featured APS-C-format mirrorless camera ဖြစ်ပါတယ်။ ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးမှု 2 ခုလုံးအတွက် အဆင်ပြေကိုက်ညီပြီး ၎င်းတွင် 24.2MP CMOS sensor ပါရှိကာ a6600 ဟာ အရည်အသွေးမြင့် ဓာတ်ပုံတွေနှင့် UHD 4K video တွေကို ကောင်းမွန်တဲ့ processing၊ မြန်ဆန်တဲ့ focus တွေနှင့် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ 4D FOCUS system က image frame ရဲ့ 80 ရာခိုင်နှုန်းလောက်ကို cover ဖြစ်ပြီး 425 phase-detection points နှင့်အတူ 425 contrast-detection areas ကို အသုံးပြုထားတဲ့အပြင် Real-time Eye AF ကြောင့် သွက်လက်မြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေကို ရရှိနိုင်မှာပါ။

5-axis SteadyShot INSIDE image stabilization ကလည်း camera shake ကြောင့် ဖြစ်တတ်တဲ့ ‌‌ဝေဝါးမှုတွေကို လျှော့ချပေးကာ ပြတ်သားကြည်လင်မှုကို ပေးစွမ်းပါတယ်။ ကင်မရာရဲ့ တောင့်တင်းကျစ်လျစ်တဲ့ magnesium alloy body က ဖုန်နှင့် ရေခိုးတွေကို ခံနိုင်ရည်ရှိပြီး ကြမ်းတမ်းတဲ့ ရာသီဥတုတွေမှာလည်း ကောင်းစွာ အလုပ်လုပ်ပါတယ်။ High-resolution XGA Tru-Finder 2.36m-dot OLED electronic viewfinder ကတော့ တောက်ပပြတ်သားတဲ့ eye-level viewing အတွက်ဖြစ်ကာ rear 3.0″ 921.6k-dot touchscreen LCD monitor ရဲ့ tilting design က အနိမ့်အမြင့် ဒေါင့်ချိုးတွေကနေ အလုပ်လုပ်တဲ့အခါ အဆင်ပြေစေတဲ့အပြင် touch-to-focus control ကိုလည်း ပေးစွမ်းဦးမှာပါ။ အခြားသော စွမ်းဆောင်ရည်တွေလည်းပါရှိပြီး ကင်မရာတန်ဖိုးကတော့ 2,190,000 Ks ကျသင့်မှာ ဖြစ်ပါတယ်။ Sony Showroom (Myanmar Plaza) Ph : 09-455533667 တွင် ဝယ်ယူရရှိနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Sony ILCE 6600


