ဒီတစ်ပတ်မှာတော့ Fighting ဂိမ်မာတွေအတွက် မကြာခင် မတ်လအကုန်လောက်မှာ ပွဲထွက်လာဖွယ်ရှိတဲ့ One Piece : Pirate Warriors 4 ဆိုတဲ့ အခွေလေးနဲ့ မိတ်ဆက်ပေးပါရစေ။
နာမည်ကျော် One Piece Pirate Warriors စီးရီးရဲ့ စတုတ္ထမြောက်တင်ဆက်မှုဖြစ်တဲ့ ဒီခွေလေးကို ရေးဆွဲဖန်တီးပေးထားတဲ့ Developer(s) ကတော့ Tecmo Koei; Omega Force အုပ်စုဖြစ်ပြီး ဖြန့်ချိပေးမယ့် Publisher(s): ကတော့ ဖိုက်တင်ဂိမ်းတွေကိုပဲ ပွဲထုတ်လေ့ရှိတဲ့ Bandai Namco ပါ။ ပလက်ဖောင်းတွေအနေနဲ့ကတော့ ၀င်းဒိုးအပြင် PlayStation 4, Xbox One, Nintendo Switch တို့မှာလည်း ကစားနိုင်မှာ ဖြစ်ပါတယ်။
ဒီဂိမ်းလေးမှာ Playable Character တွေအဖြစ် Monkey D. Luffy, Roronoa Zoro, Nami, Usopp, Sanji, Tony Tony Chopper, Nico Robin, Franky, Brook, Buggy, Mihawk, Smoker, Tashigi, Crocodile, Portgas D. Ace, Boa Hancock, Jimbei, Kizaru, Kuzan အစရှိတဲ့ ဇာတ်ကောင် 40 ကျော် ဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။
နောက်ခံဇာတ်လမ်းပိုင်းတွေအဖြစ် Alabasta, Enies Lobby, Marineford, Dressrosa, Whole Cake Island, Wano Country တို့ကို ဖန်တီးပေးထားမှာဖြစ်ပြီး Location တွေ အနေနဲ့ကတော့ Story ပိုင်း 6 ခုက နေရာတွေအပြင် Sabaody Archipelago ဆိုပြီး ထပ်မံထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။
ဂိမ်းပလေးပိုင်းမှာ Alabasta Kingdom, Enies Lobby, Sabaody Archipelago, Punk Hazard, Dressrosa, Whole Cake Island, Wano Country စတဲ့ အဆင့်တွေကို ကျော်ဖြတ်ရမှာဖြစ်ပြီး Enemies တွေအဖြစ် Chess Soldiers, Samurai, X Drake, Pacifista, Pica, Daz Bonez, Bentham, Mr. 3, Kaku, Jabra, Blueno, Coby, Sentomaru, Jack, Pacifista စတဲ့ ဇာတ်ကောင်တွေနဲ့ တိုက်ပွဲတွေဆင်နွှဲရမှာပါ။
One Piece: Pirate Warriors 4 ဂိမ်းကို ကစားမယ်ဆိုရင်တော့ OS : Windows 10, 64-bit, Processor : Intel Core I5-2300 / AMD FX-4350, Memory : 8GB RAM, Graphics : Nvidia GeForce GTX 660 / AMD Radeon HD 7870,2GB, Storage : 40GB အနည်းဆုံး လိုအပ်မှာဖြစ်ပြီး မတ်လနောက်ဆုံးပတ်အတွင်းမှာ စျေးကွက်အတွင်းကို ရောက်ရှိတော့မှာဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပေးလိုက်ရပါတယ်။
စာရေးသူ : GT (Excellent)

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

One Piece : Pirate Warriors 4 (PC)

One Piece: Pirate Warriors 4 ဂိမ်းကို ကစားမယ်ဆိုရင်တော့ OS : Windows 10, 64-bit, Processor : Intel Core I5-2300 / AMD FX-4350, Memory : 8GB RAM, Graphics : Nvidia GeForce GTX 660 / AMD Radeon HD 7870,2GB, Storage : 40GB အနည်းဆုံး လိုအပ်မှာဖြစ်ပြီး မတ်လနောက်ဆုံးပတ်အတွင်းမှာ ဈေးကွက်အတွင်းကို ရောက်ရှိတော့မှာဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပေးလိုက်ရပါတယ်။
စာရေးသူ : GT (Excellent)
