question and answer faq with smartphone and bubble speech text vector illustration

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းက iPhone 7 Plus ပါ။ iOS ကို ဗားရှင်းမြှင့်လိုက်တာမှာ အခု Zapya ကူးမရတော့လို့ပါ။ အဲ့ဒါ ဘာကြောင့်ပါလဲခင်ဗျာ။ Zapya ကူးလို့ရမယ့် နည်းလမ်းလေးရှိရင်လည်း မျှဝေပေးပါဦး အစ်ကိုရေ။
ဖြေ – Zapya ကို ပြန်ပြီးတော့ Install တင်ကြည့်လိုက်ပါ။ Zapya မချိတ်ခင်မှာ WiFi ထဲကိုဝင်ပြီးတော့ တစ်ဖက်က Zapya ထောင်ထားတဲ့ WiFi ကို ချိတ်လိုက်ပါ။ ပြီးမှ Zapya ထဲဝင်ပြီး Join ကို နှိပ်လိုက်ပါ။

မေး – အစ်ကိုရေ ကျွန်တော် တစ်ခုလောက်မေးချင်လို့ပါ။ iPhone နဲ့ Facebook က Video တွေကို Download လုပ်လို့ရမယ့် App လေးတွေရှိရင်လည်း လမ်းညွှန်ပေးပါဦးခင်ဗျာ။
ဖြေ – Browser, Private, Aloha, Documents စတဲ့ Application တွေနဲ့ ဒေါင်းလို့ရပါတယ်။ သုံးရတာလည်း လွယ်ကူပါတယ်ခင်ဗျာ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းရဲ့ Sim 2 က တစ်ခါတစ်လေမှာ လိုင်းပျောက်ပျောက်နေပါတယ်ခင်ဗျာ။ Restart ချလိုက်ရင်တော့ ပြန်ပြီးတက်လာပါတယ်။ အဲ့ဒါက ဘာကြောင့်ပါလဲခင်ဗျာ။ ကျေးဇူးပြုပြီးတော့ ဖြေကြားပေးပါဦးအစ်ကိုရေ။
ဖြေ – အထဲက ဖုန်း Setting ထဲမှာ Network Setting တွေ လွှဲမှားနေတာကြောင့်လည်း ဖြစ်တတ်သလို Sim Card အထိုင်မကောင်းရင်လည်း ဖြစ်တတ်ပါတယ်ခင်ဗျာ။ ဆိုင်မှာ သေချာစစ်ဆေးကြည့်လိုက်တာက ပိုကောင်းပါတယ်အစ်ကိုရေ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက ကျကွဲသွားလို့ပါ။ Power ဖွင့်လို့ မရတော့ပါဘူး။ အဲ့ဒါ အထဲက Data တွေကို ပြန်ယူဖို့ လွယ်ကူပါသလားခင်ဗျာ။ ဖြေကြားပေးပါဦး အစ်ကိုရေ။
ဖြေ – Pattern, Pin, Lock တွေ မခံထားရင်တော့ ကွန်ပျူတာနဲ့ ချိတ်ဆက်နိုင်ပြီး Data တွေကို ပြန်ယူနိုင်ပါတယ်ခင်ဗျာ။ ကျကွဲရုံသက်သက်ပဲဆိုရင်တော့ LCD ပဲ ထိခိုက်မှာပါ။ ပါဝါမလာတော့ဘူးဆိုရင်တော့ Data တွေ ဆုံးရှုံးသွားနိုင်ပါတယ်ခင်ဗျာ။

မေး – ကျွန်တော့်ဖုန်းရဲ့ Battery က နည်းနည်းဖောင်းနေလို့ပါခင်ဗျာ။ Battery ကလည်း အသေဖြစ်နေလို့ပါ။ Battery အသေတွေကရော လဲလို့ရပါသလားခင်ဗျာ။
ဖြေ – အခုနောက်ပိုင်း မော်ဒယ်အမြင့်ဖုန်းတွေအားလုံးလိုလို Battery အသေနဲ့ လာပါတယ်။ ဆိုင်မှာ အလွယ်တကူ လဲလို့ရပါတယ်ခင်ဗျာ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ဖုန်းတွေမှာပါတဲ့ GPU ဆိုတာလေးက ဘာကိုပြောတာလဲခင်ဗျာ။ သူက ဘယ်လိုအလုပ်လုပ်တာပါလဲ။
ဖြေ – Graphic Processing Unit (GPU) ဆိုတာကတော့ ဖုန်းတစ်လုံးရဲ့ ကောင်းမွန်တဲ့ ပုံရိပ်တွေနဲ့ ရုပ်ထွက်တွေကို အဓိကပံ့ပိုးပေးထားတဲ့ ပစ္စည်းတစ်ခုပါ။ GPU ကောင်းတဲ့ဖုန်းတွေက ကင်မရာရဲ့ ရုပ်ထွက်မှာ အတော်ကောင်းပြီး ဂိမ်းနဲ့ မီဒီယာတွေ သုံးတဲ့အခါမှာ ကြည်လင်ပြတ်သားတဲ့ Quality တွေကို ပေးစွမ်းပါတယ်။

မေး – ကျွန်တော့်ဖုန်းက iPhone 6 ပါအစ်ကိုရေ။ Battery လဲချင်လို့ပါ။ ခန့်မှန်းချေ ဘယ်လောက်လောက် ငွေကုန်ကျနိုင်ပါသလဲ။
ဖြေ – ခန့်မှန်းဈေးကို ပြောရရင်တော့ နှစ်သောင်းလောက်ထိတော့ ကုန်ကျနိုင်ပါတယ် ညီလေးရေ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက ဖုန်းပြောနေရင် ဟိုဘက်က ပြောတာကို သိပ်မကြားရပါဘူးခင်ဗျာ။ နားနဲ့အရမ်းကပ်ပြီးနားထောင်မှ တိုးတိုးလေးကြားရတာက ဘာလို့ပါလဲခင်ဗျာ။ ဘာကိုပြုပြင်ရမှာပါလဲခင်ဗျာ။
ဖြေ – နားနဲ့ကပ်ပြီးပြောတဲ့ Earpiece လေး မကောင်းတော့လို့ပါ။ နီးစပ်ရာဖုန်း Service ဆိုင်ကိုသွားပြီးတော့ အလွယ်တကူ ပြန်ပြုပြင်လို့ ရနိုင်ပါတယ်ခင်ဗျာ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းလေးက Android Phone လေးပါ။ ကျွန်တော် Password ကို မေ့သွားလို့ပါခင်ဗျာ။ ဘယ်လိုလုပ်လို့ ရနိုင်ပါသလဲခင်ဗျာ။ အကြံပေးပါဦး အစ်ကိုရေ။
ဖြေ – Android ဖုန်းအမျိုးအစား အများစုမှာ Recovery Mode ဆိုတာ ပါဝင်ပါတယ်။ အတော်များများရဲ့ Recovery Mode က Volume Up နဲ့ ပါဝါခလုတ်ကို တွဲနှိပ်လိုက်တာပါ။ Recovery Mode ထဲဝင်သွားပြီး Wipe All Data လုပ်ပြီး Lock ဖြည်လို့ ရပါတယ်။ FRP Lock ကျနိုင်တာမို့ ဆိုင်မှာသွားပြီးလုပ်တာက ပိုကောင်းပါလိမ့်မယ်အစ်ကိုရေ။

ပန်းသတင်း မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်း (ပဲခူးမြို့) ဖုန်း-09-956559760, 09-683746227, 09-459212592 မှ ပံ့ပိုးကူညီသည်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာျပႆနာမ်ား

question and answer faq with smartphone and bubble speech text vector illustration

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းက iPhone 7 Plus ပါ။ iOS ကို ဗားရွင္းျမႇင့္လိုက္တာမွာ အခု Zapya ကူးမရေတာ့လို႔ပါ။ အဲ့ဒါ ဘာေၾကာင့္ပါလဲခင္ဗ်ာ။ Zapya ကူးလို႔ရမယ့္ နည္းလမ္းေလးရွိရင္လည္း မွ်ေ၀ေပးပါဦး အစ္ကိုေရ။
ေျဖ – Zapya ကို ျပန္ၿပီးေတာ့ Install တင္ၾကည့္လိုက္ပါ။ Zapya မခ်ိတ္ခင္မွာ WiFi ထဲကို၀င္ၿပီးေတာ့ တစ္ဖက္က Zapya ေထာင္ထားတဲ့ WiFi ကို ခ်ိတ္လိုက္ပါ။ ၿပီးမွ Zapya ထဲ၀င္ၿပီး Join ကို ႏိွပ္လုိက္ပါ။

ေမး – အစ္ကိုေရ ကြၽန္ေတာ္ တစ္ခုေလာက္ေမးခ်င္လို႔ပါ။ iPhone နဲ႔ Facebook က Video ေတြကို Download လုပ္လို႔ရမယ့္ App ေလးေတြရွိရင္လည္း လမ္းညႊန္ေပးပါဦးခင္ဗ်ာ။
ေျဖ – Browser, Private, Aloha, Documents စတဲ့ Application ေတြနဲ႔ ေဒါင္းလို႔ရပါတယ္။ သံုးရတာလည္း လြယ္ကူပါတယ္ခင္ဗ်ာ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းရဲ႕ Sim 2 က တစ္ခါတစ္ေလမွာ လိုင္းေပ်ာက္ေပ်ာက္ေနပါတယ္ခင္ဗ်ာ။ Restart ခ်လိုက္ရင္ေတာ့ ျပန္ၿပီးတက္လာပါတယ္။ အဲ့ဒါက ဘာေၾကာင့္ပါလဲခင္ဗ်ာ။ ေက်းဇူးျပဳၿပီးေတာ့ ေျဖၾကားေပးပါဦးအစ္ကိုေရ။
ေျဖ – အထဲက ဖုန္း Setting ထဲမွာ Network Setting ေတြ လႊဲမွားေနတာေၾကာင့္လည္း ျဖစ္တတ္သလို Sim Card အထိုင္မေကာင္းရင္လည္း ျဖစ္တတ္ပါတယ္ခင္ဗ်ာ။ ဆိုင္မွာ ေသခ်ာစစ္ေဆးၾကည့္လုိက္တာက ပိုေကာင္းပါတယ္အစ္ကိုေရ။

ေမး – အစ္ကုိေရ ကြၽန္ေတာ့္ဖုန္းက က်ကြဲသြားလို႔ပါ။ Power ဖြင့္လို႔ မရေတာ့ပါဘူး။ အဲ့ဒါ အထဲက Data ေတြကို ျပန္ယူဖို႔ လြယ္ကူပါသလားခင္ဗ်ာ။ ေျဖၾကားေပးပါဦး အစ္ကိုေရ။
ေျဖ – Pattern, Pin, Lock ေတြ မခံထားရင္ေတာ့ ကြန္ပ်ဴတာနဲ႔ ခ်ိတ္ဆက္ႏိုင္ၿပီး Data ေတြကို ျပန္ယူႏိုင္ပါတယ္ခင္ဗ်ာ။ က်ကြဲ႐ံုသက္သက္ပဲဆိုရင္ေတာ့ LCD ပဲ ထိခိုက္မွာပါ။ ပါ၀ါမလာေတာ့ဘူးဆိုရင္ေတာ့ Data ေတြ ဆံုး႐ံႈးသြားႏုိင္ပါတယ္ခင္ဗ်ာ။

ေမး – ကြၽန္ေတာ့္ဖုန္းရဲ႕ Battery က နည္းနည္းေဖာင္းေနလို႔ပါခင္ဗ်ာ။ Battery ကလည္း အေသျဖစ္ေနလို႔ပါ။ Battery အေသေတြကေရာ လဲလို႔ရပါသလားခင္ဗ်ာ။
ေျဖ – အခုေနာက္ပိုင္း ေမာ္ဒယ္အျမင့္ဖုန္းေတြအားလံုးလိုလို Battery အေသနဲ႔ လာပါတယ္။ ဆိုင္မွာ အလြယ္တကူ လဲလို႔ရပါတယ္ခင္ဗ်ာ။

ေမး – မဂၤလာပါအစ္ကိုေရ။ ဖုန္းေတြမွာပါတဲ့ GPU ဆိုတာေလးက ဘာကိုေျပာတာလဲခင္ဗ်ာ။ သူက ဘယ္လိုအလုပ္လုပ္တာပါလဲ။
ေျဖ – Graphic Processing Unit (GPU) ဆိုတာကေတာ့ ဖုန္းတစ္လံုးရဲ႕ ေကာင္းမြန္တဲ့ ပံုရိပ္ေတြနဲ႔ ႐ုပ္ထြက္ေတြကို အဓိကပံ့ပိုးေပးထားတဲ့ ပစၥည္းတစ္ခုပါ။ GPU ေကာင္းတဲ့ဖုန္းေတြက ကင္မရာရဲ႕ ႐ုပ္ထြက္မွာ အေတာ္ေကာင္းၿပီး ဂိမ္းနဲ႔ မီဒီယာေတြ သံုးတဲ့အခါမွာ ၾကည္လင္ျပတ္သားတဲ့ Quality ေတြကို ေပးစြမ္းပါတယ္။

ေမး – ကြၽန္ေတာ့္ဖုန္းက iPhone 6 ပါအစ္ကိုေရ။ Battery လဲခ်င္လို႔ပါ။ ခန္႔မွန္းေခ် ဘယ္ေလာက္ေလာက္ ေငြကုန္က်ႏိုင္ပါသလဲ။
ေျဖ – ခန္႔မွန္းေစ်းကို ေျပာရရင္ေတာ့ ႏွစ္ေသာင္းေလာက္ထိေတာ့ ကုန္က်ႏိုင္ပါတယ္ ညီေလးေရ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက ဖုန္းေျပာေနရင္ ဟိုဘက္က ေျပာတာကို သိပ္မၾကားရပါဘူးခင္ဗ်ာ။ နားနဲ႔အရမ္းကပ္ၿပီးနားေထာင္မွ တိုးတိုးေလးၾကားရတာက ဘာလို႔ပါလဲခင္ဗ်ာ။ ဘာကိုျပဳျပင္ရမွာပါလဲခင္ဗ်ာ။
ေျဖ – နားနဲ႔ကပ္ၿပီးေျပာတဲ့ Earpiece ေလး မေကာင္းေတာ့လို႔ပါ။ နီးစပ္ရာဖုန္း Service ဆိုင္ကိုသြားၿပီးေတာ့ အလြယ္တကူ ျပန္ျပဳျပင္လို႔ ရႏိုင္ပါတယ္ခင္ဗ်ာ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းေလးက Android Phone ေလးပါ။ ကြၽန္ေတာ္ Password ကို ေမ့သြားလို႔ပါခင္ဗ်ာ။ ဘယ္လိုလုပ္လို႔ ရႏိုင္ပါသလဲခင္ဗ်ာ။ အႀကံေပးပါဦး အစ္ကိုေရ။
ေျဖ – Android ဖုန္းအမ်ိဳးအစား အမ်ားစုမွာ Recovery Mode ဆိုတာ ပါ၀င္ပါတယ္။ အေတာ္မ်ားမ်ားရဲ႕ Recovery Mode က Volume Up နဲ႔ ပါ၀ါခလုတ္ကို တြဲႏိွပ္လိုက္တာပါ။ Recovery Mode ထဲ၀င္သြားၿပီး Wipe All Data လုပ္ၿပီး Lock ျဖည္လို႔ ရပါတယ္။ FRP Lock က်ႏိုင္တာမို႔ ဆိုင္မွာသြားၿပီးလုပ္တာက ပိုေကာင္းပါလိမ့္မယ္အစ္ကိုေရ။

ပန္းသတင္း မိုဘိုင္းဖုန္းျပဳျပင္ေရးသင္တန္းေက်ာင္း (ပဲခူးၿမိဳ႕) ဖုန္း-09-956559760, 09-683746227, 09-459212592 မွ ပံ့ပိုးကူညီသည္။

NetGuide Journal (Every Wednesday)