Website

https://www.nalonetardiary.com

www.nalonetardiary.com ဟာ သတင်းနဲ့ဖျော်ဖြေရေး၊ ဂီတနဲ့ဖက်ရှင်အကြောင်းနေ့စဉ် တင်ဆက်ပေးနေတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ဖျော်ဖြေရေးနဲ့အနုပညာကဏ္ဍက နောက်ဆုံးရ ထူးခြားသတင်းတွေနဲ့ ဗီဒီယိုတွေကို ဦးဆုံးသိချင်သူတွေအတွက် ဒီဝက်ဘ်ဆိုက် ကိုသိထားသင့်ပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာအနုပညာ သတင်းတွေ၊ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေ၊ ကျန်းမာရေး၊ ဗေဒင်၊အချစ်ရေး၊ အစားအစာနဲ့ အခြားဗဟုသုတတွေကို စုံလင်စွာဖတ်ရှုရမှာဖြစ်သလို မှုခင်းသတင်းတွေကိုပါ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

https://www.stylecraze.com/?reload/

www.stylecraze.com/?reload ဟာ ဒီနေ့ခေတ်ရဲ့ အမျိုးသမီးအများစုအတွက် အရေးကြီးတဲ့ အကြောင်းအရာတွေအားလုံးကို စုစည်းဖော်ပြပေးနေတဲ့ဝက်ဘ်ဆိုက်ပါ။ ဆယ်ကျော်သက်တွေ၊ လုပ်ငန်းခွင် ဝင်နေပြီဖြစ်တဲ့ အမျိုးသမီးတွေ၊ မေမေတွေ၊ အားလုံးအတွက် ပိုမိုပျော်ရွှင်ကျန်းမာတဲ့ ဘဝကိုရရှိစေဖို့အတွက် အသုံးဝင်မယ့်အရာတွေကို လေ့လာနိုင်မယ့်နေရာလို့ ပြောရမှာဖြစ်ပါတယ်။ အလှအပနဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အကြံပြုချက်တွေ၊ resource တွေကိုဖတ်ရမှာပါ။

https://www.gcmovies.org/

www.gcmovies.org ဟာ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ရုပ်ရှင်ဇာတ်ကားတွေ စိတ်ကြိုက်ရယူ ကြည့်ရှုနိုင်မယ့် ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ကိုရီးယားရုပ်ရှင်ဇာတ်ကားတွေ၊ ဟောလိဝုဒ်၊ ဘောလိဝုဒ်ရုပ်ရှင် ဇာတ်ကားတွေအပါအဝင် နိုင်ငံတကာရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အက်ရှင်၊ စွန့်စားခန်း၊ ကာတွန်းရုပ်ရှင်၊ အတ္ထုပ္ပတ္တိရုပ်ရှင်၊ ဟာသဇာတ်မြူး၊ မှုခင်း၊ ဒရာမာ စသဖြင့် ဇာတ်ကားအမျိုးအစား အစုံအလင်ကိုတစ်နေရာတည်းမှာ ရွေးချယ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Facebook

https://www.facebook.com/easytocookmm/

Easy To Cook ဟာ အိမ်ရှင်မတွေအတွက် လွယ်ကူလျင်မြန်တဲ့ ဟင်းချက်နည်းတွေကို မျှဝေပေးနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်ပါတယ်။ လွယ်ကူလျင်မြန်တဲ့ ဟင်းချက်နည်းလေးတွေ၊ မီးဖိုချောင်မှာ အချိန်ကုန် သက်သာစေမယ့် နည်းလမ်းလေးတွေနဲ့ အိမ်ရှင်မတွေအတွက် ဗဟုသုတဖြစ်စေမယ့် အကြောင်းအရာတွေကို မျှဝေပေးနေတာဖြစ်လို့ ဒီ page လေးကို အိမ်ရှင်မတိုင်းရော၊ အိမ်ရှင်မ မဟုတ်တဲ့ အိမ်အလုပ်တာဝန်တွေကို ယူ နေရသူတွေပါ like လုပ်ထားသင့်ပါတယ်။

https://www.facebook.com/ShiftMyanmar/

Shift ဆိုတာလူမှုပတ်ဝန်းကျင်ထဲမှာ လူငယ်တွေရဲ့အသံကိုပိုကြားနိုင်စေဖို့နဲ့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖန်တီးနိုင်ဖို့အတွက် အားပေးကူညီပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပိုကောင်းတဲ့အရွေ့အတွက် အတွေးအမြင်သစ်တွေကို အတူတူပုံဖော်နေကြတဲ့ လူငယ်တွေအကြောင်း သိရဖို့အတွက် Shift ဖေ့စ်ဘွတ်စာမျက်နှာကို like လုပ်ထားသင့်ပါတယ်။

https://www.facebook.com/Busybooks-1940158332945240/

Busybooks ဟာ စာဖတ်ချိန်နည်းသူတွေအတွက် ခူးပြီးခပ်ပြီးစာအုပ်အနှစ်ချုပ်တွေကို ဖော်ပြပေးနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုဖြစ်ပါတယ်။ မြန်မာနဲ့နိုင်ငံတကာက အရောင်းရအသွက်ဆုံးစာအုပ်တွေကို မြည်းစမ်းလိုသူ စာပေဝါသနာရှင်များအတွက် ဘာသာရပ်ပေါင်းစုံနဲ့ဆိုင်တဲ့ စာအုပ်တွေရဲ့အနှစ်ချုပ် ဆိုလိုရင်းတွေ၊ ကောက်နုတ်ချက်တွေ၊ အရေးကြီးမှတ်သားစရာတွေကို အခမဲ့ ဖော်ပြပေးနေတာဖြစ်လို့ ဝင်ရောက်မွှေ နှောက်သင့်တဲ့ page တစ်ခုဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Website

http://www.nalonetardiary.com

www.nalonetardiary.com ဟာ သတင္းနဲ႔ေဖ်ာ္ေျဖေရး၊ ဂီတနဲ႔ဖက္ရွင္အေၾကာင္းေန႔စဥ္ တင္ဆက္ေပးေနတဲ့ ဝက္ဘ္ဆုိက္ျဖစ္ပါတယ္။ ေဖ်ာ္ေျဖေရးနဲ႔အႏုပညာက႑က ေနာက္ဆံုးရ ထူးျခားသတင္းေတြနဲ႔ ဗီဒီယိုေတြကို ဦးဆံုးသိခ်င္သူေတြအတြက္ ဒီဝက္ဘ္ဆိုက္ ကိုသိထားသင့္ပါတယ္။ ျပည္တြင္းနဲ႔ ႏိုင္ငံတကာအႏုပညာ သတင္းေတြ၊ ျပည္တြင္းနဲ႔ ႏိုင္ငံတကာသတင္းေတြ၊ က်န္းမာေရး၊ ေဗဒင္၊အခ်စ္ေရး၊ အစားအစာနဲ႔ အျခားဗဟုသုတေတြကို စံုလင္စြာဖတ္႐ႈရမွာျဖစ္သလုိ မႈခင္းသတင္းေတြကိုပါ ဖတ္႐ႈႏိုင္မွာျဖစ္ပါတယ္။

https://www.stylecraze.com/?reload/

www.stylecraze.com/?reload ဟာ ဒီေန႔ေခတ္ရဲ႕ အမ်ိဳးသမီးအမ်ားစုအတြက္ အေရးႀကီးတဲ့ အေၾကာင္းအရာေတြအားလံုးကို စုစည္းေဖာ္ျပေပးေနတဲ့ဝက္ဘ္ဆိုက္ပါ။ ဆယ္ေက်ာ္သက္ေတြ၊ လုပ္ငန္းခြင္ ဝင္ေနၿပီျဖစ္တဲ့ အမ်ိဳးသမီးေတြ၊ ေမေမေတြ၊ အားလံုးအတြက္ ပိုမိုေပ်ာ္ရႊင္က်န္းမာတဲ့ ဘဝကိုရရွိေစဖုိ႔အတြက္ အသံုးဝင္မယ့္အရာေတြကို ေလ့လာႏိုင္မယ့္ေနရာလုိ႔ ေျပာရမွာျဖစ္ပါတယ္။ အလွအပနဲ႔ က်န္းမာေရးနဲ႔ ပတ္သက္လုိ႔ အႀကံျပဳခ်က္ေတြ၊ resource ေတြကိုဖတ္ရမွာပါ။

https://www.gcmovies.org/

www.gcmovies.org ဟာ ႐ုပ္ရွင္ခ်စ္ပရိသတ္ေတြအတြက္ ႐ုပ္ရွင္ဇာတ္ကားေတြ စိတ္ႀကိဳက္ရယူ ၾကည့္႐ႈႏိုင္မယ့္ ဝက္ဘ္ဆုိက္ျဖစ္ပါတယ္။ ကိုရီးယား႐ုပ္ရွင္ဇာတ္ကားေတြ၊ ေဟာလိဝုဒ္၊ ေဘာလိဝုဒ္႐ုပ္ရွင္ ဇာတ္ကားေတြအပါအဝင္ ႏိုင္ငံတကာ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာကို ရွာေဖြၾကည့္႐ႈႏိုင္မွာျဖစ္ပါတယ္။ အက္ရွင္၊ စြန္႔စားခန္း၊ ကာတြန္း႐ုပ္ရွင္၊ အတၴဳပၸတၲိ႐ုပ္ရွင္၊ ဟာသဇာတ္ျမဴး၊ မႈခင္း၊ ဒရာမာ စသျဖင့္ ဇာတ္ကားအမ်ိဳးအစား အစံုအလင္ကိုတစ္ေနရာတည္းမွာ ေရြးခ်ယ္ၾကည့္႐ႈႏိုင္မွာျဖစ္ပါတယ္။

Facebook

https://www.facebook.com/easytocookmm/

Easy To Cook ဟာ အိမ္ရွင္မေတြအတြက္ လြယ္ကူလ်င္ျမန္တဲ့ ဟင္းခ်က္နည္းေတြကို မွ်ေဝေပးေနတဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာျဖစ္ပါတယ္။ လြယ္ကူလ်င္ျမန္တဲ့ ဟင္းခ်က္နည္းေလးေတြ၊ မီးဖိုေခ်ာင္မွာ အခ်ိန္ကုန္ သက္သာေစမယ့္ နည္းလမ္းေလးေတြနဲ႔ အိမ္ရွင္မေတြအတြက္ ဗဟုသုတျဖစ္ေစမယ့္ အေၾကာင္းအရာေတြကို မွ်ေဝေပးေနတာျဖစ္လုိ႔ ဒီ page ေလးကို အိမ္ရွင္မတိုင္းေရာ၊ အိမ္ရွင္မ မဟုတ္တဲ့ အိမ္အလုပ္တာဝန္ေတြကို ယူ ေနရသူေတြပါ like လုပ္ထားသင့္ပါတယ္။

https://www.facebook.com/ShiftMyanmar/

Shift ဆိုတာလူမႈပတ္ဝန္းက်င္ထဲမွာ လူငယ္ေတြရဲ႕အသံကိုပိုၾကားႏိုင္ေစဖုိ႔နဲ႔ အျပဳသေဘာေဆာင္တဲ့ ေျပာင္းလဲမႈေတြ ဖန္တီးႏိုင္ဖုိ႔အတြက္ အားေပးကူညီေပးေနတဲ့ အဖြဲ႕တစ္ဖြဲ႕ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံရဲ႕ ပိုေကာင္းတဲ့အေရြ႕အတြက္ အေတြးအျမင္သစ္ေတြကို အတူတူပံုေဖာ္ေနၾကတဲ့ လူငယ္ေတြအေၾကာင္း သိရဖုိ႔အတြက္ Shift ေဖ့စ္ဘြတ္စာမ်က္ႏွာကို like လုပ္ထားသင့္ပါတယ္။

https://www.facebook.com/Busybooks-1940158332945240/

Busybooks ဟာ စာဖတ္ခ်ိန္နည္းသူေတြအတြက္ ခူးၿပီးခပ္ၿပီးစာအုပ္အႏွစ္ခ်ဳပ္ေတြကို ေဖာ္ျပေပးေနတဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာတစ္ခုျဖစ္ပါတယ္။ ျမန္မာနဲ႔ႏိုင္ငံတကာက အေရာင္းရအသြက္ဆံုးစာအုပ္ေတြကို ျမည္းစမ္းလိုသူ စာေပဝါသနာရွင္မ်ားအတြက္ ဘာသာရပ္ေပါင္းစံုနဲ႔ဆိုင္တဲ့ စာအုပ္ေတြရဲ႕အႏွစ္ခ်ဳပ္ ဆိုလိုရင္းေတြ၊ ေကာက္ႏုတ္ခ်က္ေတြ၊ အေရးႀကီးမွတ္သားစရာေတြကို အခမဲ့ ေဖာ္ျပေပးေနတာျဖစ္လုိ႔ ဝင္ေရာက္ေမႊ ေႏွာက္သင့္တဲ့ page တစ္ခုျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)