Hard Disk Docking Station ကတော့ 2.5″ နှင့် 3.5″ HDD/SSD တွေကို External HDD လိုမျိုး အသုံးပြုနိုင်သော ပစ္စည်းလေးတစ်ခု ဖြစ်ပါတယ်။ SATA III Slot ဖြစ်တာကြောင့် Data တွေကို PC ထဲသို့ဖြစ်စေ၊ အခြား HDD / SDD ထဲသို့ဖြစ်စေ လျင်မြန်စွာ ကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်။ SATA III (6Gbps) ဖြစ်တာကြောင့် Hard Disk to PC ဆိုရင် 405 MB/s နှင့် Hard Disk A to Hard Disk B (Offline Clone Function) ဆိုရင် 485 MB/s အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။ Offilne Clone Function ဆိုတာက HDD/SSD (Disk A) ထဲမှ Data တွေကို အခြား HDD/SSD (Disk B) ထဲကို PC မလိုဘဲ အလွယ်တကူ မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းနိုင်မှာ ဖြစ်ပါတယ်။ နေ့စဉ် Data တွေကို အမြဲရွှေ့ပြောင်းပြီး အလုပ်လုပ်ရသူတွေ၊ Storage ပမာဏများများ လိုအပ်တဲ့ Video Editor, Photographer တို့လို User တွေ အဓိက အသုံးပြုသင့်ပါတယ်။ Hard Disk Docking Station ကို အသုံးပြုဖို့ဆိုရင် System Requirement အဖြစ် Windows XP, Vista, 7, 8, 8.1, 10, Linux & Mac OS 10.12 above version လိုပါတယ်။ Driver သီးသန့်တင်စရာမလိုဘဲ Power Plug ထိုးပြီး အသုံးပြုနိုင်ပါတယ်။ အာမခံကလည်း 1 နှစ် ပေးထားတာကြောင့် ဝယ်ယူတဲ့နေ့မှ 1 နှစ်အတွင်း Factory Error ကြောင့် ပျက်ခဲ့ရင် အသစ်တစ်ခုဖြင့် ပြန်လဲလှယ်ပေးမှာ ဖြစ်ပါတယ်။

Price : Y-3032 (USB 3.0 to SATA 6G) – 48,000 Ks
Digiware, Ph : 09-456100811

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Unitek Hard Disk Docking Station


