HappyCow ဟာ အသုံးပြုသူတွေကို နိုင်ငံပေါင်း 180 ကျော်မှာရှိတဲ့ စားသောက်ဆိုင်၊ ကဖေးဆိုင်နဲ့ ကုန်စုံဆိုင်ပေါင်း 108000 ကို ရှာဖွေနိုင်ဖို့အတွက် ကူညီပေးနိုင်တဲ့ app ဖြစ်ပါတယ်။ နိုင်ငံခြားခရီးတွေ သွားမယ့်သူတွေအတွက် အလွန်အဆင်ပြေမယ့် app ဖြစ်ပြီး မိမိလိုချင်တဲ့ အစားအသောက်တွေ ဝယ်ဖို့အတွက် လွယ်ကူစေမှာ ဖြစ်ပါတယ်။ သက်သတ်လွတ်စားတဲ့သူတွေနဲ့ အဆင်ပြေမယ့် မုန့်တိုက်တွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ရောင်းချတဲ့ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ စျေးတွေ၊ အအေးဆိုင်တွေ၊ ကော်ဖီဆိုင်တွေကို ဒီ app ကတစ်ဆင့် ရှာနိုင်မှာြ ဖစ်ပါတယ်။ သက်သတ်လွတ်နဲ့ အသားဓာတ်မပါတဲ့ အစားအသောက်တွေ ရတဲ့ဆိုင်တွေ စသဖြင့် သီးသန့်ရှာနိုင်သလို ခရီးထွက်မယ့်သူတွေအတွက် မိမိရောက်နေတဲ့ နေရာအနီးအနားမှာ ရှိတဲ့ဆိုင်တွေကို အလွယ်တကူ ရှာနိုင်မှာပါ။ ဆိုင်တွေနဲ့ပတ်သက်လို့ စားသုံးသူတွေရဲ့ သုံးသပ်ချက် reviews ပေါင်း 5 သိန်းကျော်နဲ့ ဓာတ်ပုံပေါင်း 5 သိန်းကျော်ကို ကြည့်ပြီးတော့လည်း ဘယ်ဆိုင်က ပိုအဆင်ပြေတယ်ဆိုတာကို သိနိုင်ပါလိမ့်မယ်။ iOS 11.4 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
HappyCow Find Vegan Food