အနက်ရောင် INSTAX SQUARE SQ10 Hybrid Instant Camera ကတော့ FUJIFILM ကနေ ထုတ်လုပ်ပေးလိုက်တာဖြစ်ကာ square format film prints တွေကို ထုတ်လုပ်ပေးနိုင်မှာပါ။ ၎င်းတွင် 1/4″ CMOS sensor ကို အသုံးပြုထားပြီး 1920 x 1920 images တွေကို ရိုက်ကူးပေးကာ  2.4 x 2.4″ images တွေကို INSTAX SQUARE film ပေါ်မှာ ဒီဂျစ်တယ်နည်းနဲ့ print ထုတ်ပေးမှာ ဖြစ်ပါတယ်။ အသွင်အပြင်ဒီဇိုင်းကလည်း စွဲမက်ဖွယ်ရှိပြီး dual shutter buttons၊ central 28.5mm f/2.4 equivalent lens၊ built-in flash၊ rear 3.0″ 460k-dot LCD အစရှိတာတွေကို တပ်ဆင်ထည့်သွင်းပေးထားပါတယ်။ NP-50 rechargeable lithium-ion battery ကို အသုံးပြုထားပြီး အားတစ်ခါသွင်းထားပြီးရင် ပုံပေါင်း 160 ခန့် ထုတ်နိုင်ပါတယ်။ တန်ဖိုးကတော့ USD 279 ကျသင့်မှာဖြစ်ကာ Fujifilm Myanmar, Ph : 09-761690847 တွင် ဝယ်ယူနိုင်ပါတယ်။ စျေးလည်းသင့်တင့်တာကြောင့် လက်ဆောင်ပေးလို့လည်း အင်မတန် သင့်တော်ပါတယ်။ ခရီးထွက်ရတာ ကြိုက်သူတွေအတွက်လည်း အမှတ်တရတွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
Fujifilm INSTAX SQUARE SQ10