2019 ခုနှစ်အတွင်း စမတ်ဖုန်းဝါသနာရှင်များကြားမှာ လူပြောအများဆုံးဖြစ်ခဲ့တဲ့ စမတ်ဖုန်း နည်းပညာပိုင်းဆိုင်ရာ အသုံးအနှုန်းတစ်ခု ရှိပါတယ်။ 90Hz displays ဆိုတဲ့ Display Refresh Rate ပါ။ မြင့်မားတဲ့ Display Refresh Rate ဆိုတာ ဟိုးယခင်တည်းက monitor တွေဆီမှာ ရှိနေခဲ့ပြီးသားပါ။ ယခုနှစ်ပိုင်းလောက်မှသာ ဖုန်းတွေဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဖုန်းတွေဆီကို ရောက်တဲ့ Display Refresh Rate တွေကလည်း တဖြည်းဖြည့် မြင့်မားသထက် မြင့်မားလာပါတယ်။ တော်တော်များများ စမတ်ဖုန်းသုံးတဲ့ သူအများစုကတော့ ဖုန်းရဲ့မျက်နှာပြင်ဆိုတာနဲ့ resolution, colors, PPI နဲ့ Display ကို ဘယ်အမျိုးအစား သုံးလာတယ်ဆိုတာလောက်ကိုသာ ပြောကြမှာပါ။ display refresh rate ကိုတော့ အရမ်းဦးစားပေး ပြောကြမှာ မဟုတ်ပါဘူး။ display refresh rate ဆိုတာကလည်း 2019 ရောက်မှသာ သေချာလေး လူပြောသူပြော များလာတာပါ။ ဒီနေ့ ဒီအချိန်မှာလည်း display refresh rate ဆိုတာ ဖုန်းတစ်လုံးအတွက် လိုအပ်ချက်တစ်ခုလိုတောင် ဖြစ်နေပါပြီ။ ဒီတစ်ပတ်မှာတော့ 90Hz or 120Hz refresh rate displays သုံးထားတဲ့ ဖုန်းတွေအကြောင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(1). Refresh Rate (Hz) ဆိုတာ ဘာလဲ။ FPS နဲ့ အတူတူပဲလား။

refresh rate ဆိုတဲ့ အသုံးအနှုန်းကတော့ layman terms အမျိုးအစားထဲမှာပါပြီး တစ်စက္ကန့်အတွင်း ဖန်သားပြင်၏ ပုံရိပ်ကို အကြိမ်မည်မျှ Refresh လုပ်သွားတယ်ဆိုတဲ့ အရေအတွက်ကို ပြောတာပါ။ ၎င်းကို အခြေခံအားဖြင့် Hz နဲ့ တိုင်းတာပါတယ်။ လက်ရှိစမတ်ဖုန်းအများစုမှာ အသုံးပြုနေတဲ့ Refresh Rate ကတော့ 60Hz refresh rate ဖြစ်ပါတယ်။ သာမာန်ဖုန်းတစ်လုံးရဲ့ 60 Hz Refresh Rate ဆိုလျှင်တောင် လူ့ရဲ့မျက်စိ အမြင်အာရုံဖြင့် သတိပြုမိနိုင်စွမ်းထက် မြင့်မားနေ၍ ပုံမှန်အသုံးပြုသူများအတွက်တော့ Screen Refreshing ကို သတိမပြုမိနိုင်ပါဘူး။ တချို့က Refresh Rate ကို Frame Per Second နဲ့ မှားတတ်ကြပါသေးတယ်။ Frame rate ဆိုတာက program တစ်ခုကနေ သင့် display ကို တစ်စက္ကန့်အတွင်း ပေးပို့တဲ့ video frame ပမာဏကို ပြောတာပါ။ အဲ့ဒီပေးပို့လိုက်တဲ့ frame တွေကို တစ်က္ကန့်အတွင်း ဘယ်နှစ်ကြိမ် update လုပ်ပြီး ပြနိုင်လဲဆိုတဲ့ နှုန်းကိုတော့ Display Refresh Rate လို့ ဆိုပါတယ်။ ဥပမာ game တစ်မျိုးက 100 FPS (Frame Per Second) နဲ့ run နေတယ်ဆိုရင် refresh rate များတဲ့ display နဲ့ဆိုရင် လှုပ်ရှားမှုတွေကို ပိုမိုချောချောမွတ်မွတ် မြင်တွေ့ရမှာပါ။ ပုံမှန်ဖုန်းတွေမှာ သုံးနေတာတွေဟာ refresh rate 60Hz နဲ့ပါ။ ဒါပေမဲ့ အခုဆိုရင် 90Hz & 120Hzသုံးထားတဲ့ ဖုန်းတွေလည်း ရှိနေပါပြီ။

(2). Samsung Galaxy S20 / S20+ / S20 Ultra

စမတ်ဖုန်းထုတ်လုပ်မှုပိုင်းမှာ ဦးဆောင်သူဖြစ်တဲ့ ကိုရီးယားကုမ္ပဏီ Samsung ဟာ refresh rate မြင့်မားတဲ့ စမတ်ဖုန်း displays ထုတ်လုပ်မှုအပိုင်းမှာလည်း နာမည်ကြီးပါတယ်။ ပိုကောင်းတဲ့ မြင်ကွင်းအတွက်ဆိုရင် Samsung refresh screen ဖုန်းတွေ လိုအပ်သလိုပါ။ ဒီလိုကုမ္ပဏီကြီးဟာ ကုမ္ပဏီရဲ့ အရည်အသွေးမြင့် စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S20, Galaxy S20+ နဲ့ Galaxy S20 Ultra ဖုန်းတွေမှာ Infinity-O Displays နဲ့အတူ 120Hz refresh rate ကို သုံးပေးထားပါတယ်။ မူလက Quad HD+ resolution ကို ထောက်ပံ့ပေးခဲ့ပေ့မယ့် 120Hz refresh rate option ကို FHD+ resolution အတွက် ကန့်သတ်လိုက်ပါတယ်။ hardware ပိုင်းအရဆိုရင်တော့ ဒီဖုန်းတွေမှာ Snapdragon 865 SoC / Exynos 990 SoC တွေနဲ့ အတူ 16GB LPDDR5 RAM ၊  512GB (UFS 3.0 storage) တွေ ထောက်ပံ့ထားပါတယ်။ ကင်မရာကလည်း ယခင် S စီးရီးတွေနဲ့ လုံးဝကွဲပြားသွားပြီး 108MP အဓိကကင်မရာနဲ့ 48MP periscope zoom ကင်မရာတွေတောင် သုံးနေပါပြီ။ 8K video တွေ ရိုက်ကူးနိုင်ပြီး professional-level filming အထိ စွမ်းဆောင်နိုင်ပြီလို့ Samsung က ဆိုပါတယ်။

(3). Asus ROG Phone 2

ROG Phone 2 ဟာ 120Hz AMOLED display နဲ့အတူ  Snapdragon 855 Plus chipset ကို ပထမဆုံးသုံးတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာပါ။ သူ့ရဲ့ display အကြောင်းကို ပြောရမယ်ဆိုရင်တော့  6.59-inch Full HD+ screen မှာ Gorilla Glass 6 နဲ့ ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။ ပြီးတော့ under-display fingerprint scanner ကိုလည်း ထည့်ပေးထားပါတယ်။ ပြီးတော့ သူ့မှာ DCI-P3 color scale, HDR10 နဲ့ SDR ကနေ HDR အထိ တိုးမြင့်ပေးနိုင်တဲ့ Display နည်းပညာတွေလည်း ထည့်ပေးထားပါတယ်။ ပါဝါစွမ်းအားပိုင်းအတွက်  6000 mAh ခပ်ကြီးကြီး ဘက်ထရီကို 30W fast charging support လုပ်ပါတယ်။ နောက်ထပ်ပါလာတာတွေကတော့ 12GB LPDDR4x RAM နဲ့ 512GB (UFS 3.0 storage) တို့ပါ။ ကင်မရာပိုင်းကိုတော့ 48MP အပြင်  13MP 2 လုံး ထည့်ပေးထားပြီး အရှေ့ဘက်မှာ 24MP သုံးနိုင်မှာပါ။

(4). OnePlus 7T Pro and OnePlus 7 Pro 

တူညီတဲ့ လုပ်ဆောင်ချက်နဲ့ ဖြည့်စွက်ပါဝင်မှုတွေ အပိုင်းမှာ အဆင့်မြင့်တဲ့ဖုန်းတွေလို့ သတ်မှတ်ရမှာပါ။ ပြီးတော့ high display refresh rate ကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။ ဒီဖုန်း 2 လုံးမှာ ကွာဟချက်ဆိုလို့ OnePlus 7T Pro မှာ Snapdragon 855 Plus chipset နဲ့  Warp 30T charging သုံးထားတာပါ။ ကျန်တဲ့အချက်တွေ အားလုံးနီးပါးကတော့ OnePlus 7 Pro နဲ့ တူညီပါတယ်။

(5). OnePlus 7T

high refresh rate screen နဲ့ ဖုန်းကိုင်ချင်ရင် OnePlus ထဲကပဲ ဝယ်ရမလိုတောင် ဖြစ်နေပြီ။ OnePlus 7T ကလည်း ဒီလိုအရည်အသွေးမြင့် refresh rate နဲ့ ဖုန်းစာရင်းထဲမှာ ရောက်နေလို့ပါ။ ဒီဖုန်းမှာ high-quality AMOLED screen သုံးထားတာကတော့ တကယ်မိုက်ပါတယ်။ ပြီးတော့ သူ့ရဲ့ ပါဝါစွမ်းအားပိုင်းအတွက် Snapdragon 855 Plus chipset နဲ့ဖြစ်ပြီး 8GB RAM ၊  128GB storage တွေ သုံးပေးထားပါတယ်။ 30W Warp charging လည်း ဘက်ထရီအတွက် ထောက်ပံ့ပေးထားပါသေးတယ်။

(6). Realme X2 Pro

စျေးလည်း သက်သာရမယ်။ အရည်အသွေးပိုင်းမှာ စိတ်ချရမယ်ဆိုပြီး ထွက်လာတဲ့ Realme ဖုန်းတွေမှာ Realme X2 Pro ကလည်း အကောင်းဆုံးဆိုတဲ့ အဆင့်တစ်ခုမှာ ရှိနေခဲ့ပါတယ်။ Realme ရဲ့ ပထမဆုံး flagship ဖုန်းလို့ သတ်မှတ်နိုင်ပြီး 90Hz FHD+ AMOLED Screen သုံးထားပါတယ်။ ပါဝါစွမ်းအားပိုင်းအတွက် Snapdragon 855+ chipset နဲ့အတူ ထပ်မံတိုးမြင့်နိုင်စွမ်းရှိတဲ့ 256GB UFS 3.0 storage တွေနဲ့ သုံးနိုင်ပါလိမ့်မယ်။ 4000 ဘက်ထရီစွမ်းအားအတွက် 65W Super VOOC charging နဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ပြောကြားချက်အရတော့ 100% အားအပြည့်ရဖို့အတွက် 30 မိနစ်ပဲ ကြာမယ်လို့ သိရပါတယ်။

(7). Poco X2

စျေးသက်သာတဲ့ စွမ်းရည်သင့်ဖုန်းလို့ သတ်မှတ်နိုင်မှာပါ။ ဒါပေမယ့် သူ့မှာသုံးထားတဲ့ refresh rate ကြီးကတော့ ကျွတ်ဆင်ကြီးပါ။ ဒီဖုန်းအတွက် 120Hz refresh rate screen သုံးထားပါတယ်။ 6.67-inch IPS display မှာ full HD+ resolution ထောက်ပံ့ပါတယ်။ HDR10 support လုပ်တဲ့ ဖုန်းလို့လည်း ဆိုရမှာပါ။ X2 display အချက်အလက်တွေကတော့ ကြည့်ရတာကောင်းမယ့် ဖုန်းတစ်လုံးအဖြစ် ပုံဖော်နေပါတယ်။ မြင့်မားတဲ့  120Hz refresh rate ဖုန်းမှာ သုံးထားတဲ့ ပရိုဆက်ဆာကတော့ Snapdragon 730G သုံးထားပါတယ်။ လွန်ခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ Redmi K30 နဲ့ သွားတူနေပါတယ်။ Poco X2 ရဲ့ အပေါ်လွင်ဆုံးအချက်ကို ပြောရမယ်ဆိုရင်တော့ 4500 mAh ဘက်ထရီနဲ့ 27W fast charger လို့သာ ဆိုရမှာပါ။

(8). Nubia Red Magic 3

ဂိမ်းမင်းဖုန်းတစ်လုံးအတွက် refresh rate ဘယ်လောက်သုံးထားတယ်ဆိုတဲ့ အကြောင်းက အမှန်တကယ် လိုအပ်လှပါတယ်။ ZTE ကျောထောက်နောက်ခံလုပ်ထားတဲ့ Red Magic 3 မှာ 90Hz AMOLED screen ထောက်ခံပါတယ်။ ဂိမ်းတွေကို ပြင်းပြင်းထန်ထန် ဆော့ကစားတတ်တဲ့ သူတွေအတွက် copper cooling tube ထည့်ပေးထားပါတယ်။ Nubia ရဲ့ ဖုန်းသစ်ဟာ အဆင့်မြင့် ဖုန်းတစ်လုံးဖြစ်တာနဲ့အညီ Snapdragon 855+ chipset ၊ 256GB (UFS 2.1 storage) တွေ သုံးထားပါတယ်။ ဒီဖုန်းမှာ 5000 mAh battery ကို အားအပြည့် ထည့်ထားပြီး 27W fast charging ပါမှာပါ။

(9). Xiaomi Mi 10 / Mi 10 Pro

Mi 10 Pro ကတော့ ထူးကဲတဲ့ စွမ်းဆောင်ချက်တွေနဲ့ လက်ရှိအချိန်မှာ ထိပ်ဆုံးရောက်နေတဲ့ဖုန်းလို့ ဆိုရမှာပါ။ ပြီးတော့ Xiaomi ရဲ့ 2020 ခုနှစ်အတွင်း အဆင့်မြင့် flagship ဖုန်းဖြစ်ပြီး 6.67 လက်မမှာ  120Hz AMOLED display သုံးထားပါတယ်။ full HD+ resolution နဲ့ ဖြစ်ပါတယ်။ Xiaomi က touch sampling rate ပိုင်းမှာလည်း 180Hz ဖြစ်ပြီး Galaxy S20 series နဲ့ ROG Phone 2 တို့ထက် နည်းနည်းပိုသာပါတယ်။ Mi 10 Pro ဖုန်းမှာ 108MP sensor နဲ့ ကင်မရာ 4 လုံး ပါဝင်ပြီး dual Mode 5G ထောက်ပံ့ပါတယ်။ Android 10 အခြေပြု software ကို သုံးနိုင်မှာဖြစ်ပြီး 4500 mAh battery နဲ့အတူ 50W fast charging support ပါ။ Mi 10 ကိုတော့ Pro လိုမျိုး မဟုတ်တော့ပါဘူး။ 90Hz AMOLED screen နဲ့ 30W fast charging ပေးထားပါတယ်။

(10). OPPO Reno 3 Pro

OPPO ရဲ့ အဆင့်မြင့်စမတ်ဖုန် းReno 3 pro ဖြစ်ပြီး စမတ်ဖုန်းရေစီးကြောင်းမှာ ထိပ်ဆုံးက ရှိနေပါတယ်။ ဒီဖုန်းရဲ့ နောက်ဘက်မှာ quad-rear camera စနစ်နဲ့ဖြစ်ပြီး Snapdragon 765 chipset သုံးထားပါတယ်။ မျက်နှာပြင်ပိုင်းမှာတော့ 90Hz high refresh rate screen သုံးထားပါတယ်။ 30W fast charging ထောက်ပံ့ပေးထားပါတယ်။ အခြားလုပ်ဆောင်ချက်အနေနဲ့ 6.5-inch display နဲ့အတူ 180Hz touch detection rate နဲ့ သုံးနိုင်မှာပါ။ 12GB RAM, USB Type-C port ၊ NFC. 44MP+2MP sensors တွေအပြင် selfie ကင်မရာကို screen ထဲမှာ ထည့်ပေးထားပါတယ်။

(11). Google Pixel 4

Samsung Galaxy Note 10+ နဲ့ iPhone 11 Pro Max တို့မှာ 90Hz display သုံးထားပါတယ်။ သူတို့ကိုကျော်ပြီး နောက်ထပ်ကြည့်စရာ ဖုန်းတစ်လုံးကတော့ Pixel 4 ပါ။  ပုံမှန် Pixel 4 ဖုန်းက 5.7-inch FHD+ screen နဲ့ဖြစ်ပြီး XL အမျိုးအစားကတော့ 6.3-inch QHD+ panel ထည့်ထားပါတယ်။ displays support ကတော့ 90Hz refresh rate ပါ။ ဒါပေမယ့် 2019 trends ဖြစ်တဲ့ bold bezels နဲ့ လုံးဝ Smooth Display ဖြစ်နေမှာပါ။

(12). Razer Phone

Razer ရဲ့ မျိုးဆက်သစ်ဖုန်း Razer Phone 2 ပါ။ 5.7-inch 2K LCD screen နဲ့ဖြစ်ပြီး 16:9 aspect ratio မှာ 120Hz refresh rate သုံးပေးထားပါတယ်။ OnePlus 7 Pro ထက် ပိုချောမွေတဲ့ Display ကို ခံစားရမှာဖြစ်ပြီး 120fps (LCD) အထိ ဂိမ်းအတွေ့အကြုံကောင်းတွေကို ပိုင်ဆိုင်နိုင်မှာပါ။ hardware ပိုင်းကတော့ 2019 ခုနှစ်အတွင်း ထွက်ခဲ့တဲ့ Android flagship တွေအတိုင်းပဲ တူညီပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Best Phones With Higher Display Refresh Rate – 90Hz & 120Hz

2019 ခုႏွစ္အတြင္း စမတ္ဖုန္းဝါသနာရွင္မ်ားၾကားမွာ လူေျပာအမ်ားဆုံးျဖစ္ခဲ့တဲ့ စမတ္ဖုန္း နည္းပညာပိုင္းဆုိင္ရာ အသုံးအႏႈန္းတစ္ခု ရွိပါတယ္။ 90Hz displays ဆိုတဲ့ Display Refresh Rate ပါ။ ျမင့္မားတဲ့ Display Refresh Rate ဆိုတာ ဟုိးယခင္တည္းက monitor ေတြဆီမွာ ရွိေနခဲ့ၿပီးသားပါ။ ယခုႏွစ္ပိုင္းေလာက္မွသာ ဖုန္းေတြဆီကို ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။ ဖုန္းေတြဆီကို ေရာက္တဲ့ Display Refresh Rate ေတြကလည္း တျဖည္းျဖည့္ ျမင့္မားသထက္ ျမင့္မားလာပါတယ္။ ေတာ္ေတာ္မ်ားမ်ား စမတ္ဖုန္းသုံးတဲ့ သူအမ်ားစုကေတာ့ ဖုန္းရဲ႕မ်က္ႏွာျပင္ဆိုတာနဲ႔ resolution, colors, PPI နဲ႔ Display ကို ဘယ္အမ်ိဳးအစား သုံးလာတယ္ဆိုတာေလာက္ကိုသာ ေျပာၾကမွာပါ။ display refresh rate ကိုေတာ့ အရမ္းဦးစားေပး ေျပာၾကမွာ မဟုတ္ပါဘူး။ display refresh rate ဆိုတာကလည္း 2019 ေရာက္မွသာ ေသခ်ာေလး လူေျပာသူေျပာ မ်ားလာတာပါ။ ဒီေန႔ ဒီအခ်ိန္မွာလည္း display refresh rate ဆိုတာ ဖုန္းတစ္လုံးအတြက္ လိုအပ္ခ်က္တစ္ခုလိုေတာင္ ျဖစ္ေနပါၿပီ။ ဒီတစ္ပတ္မွာေတာ့ 90Hz or 120Hz refresh rate displays သုံးထားတဲ့ ဖုန္းေတြအေၾကာင္း ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

(1). Refresh Rate (Hz) ဆိုတာ ဘာလဲ။ FPS နဲ႔ အတူတူပဲလား။

refresh rate ဆိုတဲ့ အသုံးအႏႈန္းကေတာ့ layman terms အမ်ိဳးအစားထဲမွာပါၿပီး တစ္စကၠန႔္အတြင္း ဖန္သားျပင္၏ ပုံရိပ္ကို အႀကိမ္မည္မွ် Refresh လုပ္သြားတယ္ဆိုတဲ့ အေရအတြက္ကို ေျပာတာပါ။ ၎ကို အေျခခံအားျဖင့္ Hz နဲ႔ တိုင္းတာပါတယ္။ လက္ရွိစမတ္ဖုန္းအမ်ားစုမွာ အသုံးျပဳေနတဲ့ Refresh Rate ကေတာ့ 60Hz refresh rate ျဖစ္ပါတယ္။ သာမာန္ဖုန္းတစ္လုံးရဲ႕ 60 Hz Refresh Rate ဆိုလွ်င္ေတာင္ လူ႔ရဲ႕မ်က္စိ အျမင္အာ႐ုံျဖင့္ သတိျပဳမိႏိုင္စြမ္းထက္ ျမင့္မားေန၍ ပုံမွန္အသုံးျပဳသူမ်ားအတြက္ေတာ့ Screen Refreshing ကို သတိမျပဳမိႏိုင္ပါဘူး။ တခ်ိဳ႕က Refresh Rate ကို Frame Per Second နဲ႔ မွားတတ္ၾကပါေသးတယ္။ Frame rate ဆိုတာက program တစ္ခုကေန သင့္ display ကို တစ္စကၠန႔္အတြင္း ေပးပို႔တဲ့ video frame ပမာဏကို ေျပာတာပါ။ အဲ့ဒီေပးပို႔လိုက္တဲ့ frame ေတြကို တစ္ကၠန႔္အတြင္း ဘယ္ႏွစ္ႀကိမ္ update လုပ္ၿပီး ျပႏိုင္လဲဆိုတဲ့ ႏႈန္းကိုေတာ့ Display Refresh Rate လို႔ ဆိုပါတယ္။ ဥပမာ game တစ္မ်ိဳးက 100 FPS (Frame Per Second) နဲ႔ run ေနတယ္ဆိုရင္ refresh rate မ်ားတဲ့ display နဲ႔ဆိုရင္ လႈပ္ရွားမႈေတြကို ပိုမိုေခ်ာေခ်ာမြတ္မြတ္ ျမင္ေတြ႕ရမွာပါ။ ပုံမွန္ဖုန္းေတြမွာ သုံးေနတာေတြဟာ refresh rate 60Hz နဲ႔ပါ။ ဒါေပမဲ့ အခုဆိုရင္ 90Hz & 120Hzသုံးထားတဲ့ ဖုန္းေတြလည္း ရွိေနပါၿပီ။

(2). Samsung Galaxy S20 / S20+ / S20 Ultra

စမတ္ဖုန္းထုတ္လုပ္မႈပိုင္းမွာ ဦးေဆာင္သူျဖစ္တဲ့ ကိုရီးယားကုမၸဏီ Samsung ဟာ refresh rate ျမင့္မားတဲ့ စမတ္ဖုန္း displays ထုတ္လုပ္မႈအပိုင္းမွာလည္း နာမည္ႀကီးပါတယ္။ ပိုေကာင္းတဲ့ ျမင္ကြင္းအတြက္ဆိုရင္ Samsung refresh screen ဖုန္းေတြ လိုအပ္သလိုပါ။ ဒီလိုကုမၸဏီႀကီးဟာ ကုမၸဏီရဲ႕ အရည္အေသြးျမင့္ စမတ္ဖုန္းေတြျဖစ္တဲ့ Galaxy S20, Galaxy S20+ နဲ႔ Galaxy S20 Ultra ဖုန္းေတြမွာ Infinity-O Displays နဲ႔အတူ 120Hz refresh rate ကို သုံးေပးထားပါတယ္။ မူလက Quad HD+ resolution ကို ေထာက္ပံ့ေပးခဲ့ေပ့မယ့္ 120Hz refresh rate option ကို FHD+ resolution အတြက္ ကန္႔သတ္လိုက္ပါတယ္။ hardware ပိုင္းအရဆိုရင္ေတာ့ ဒီဖုန္းေတြမွာ Snapdragon 865 SoC / Exynos 990 SoC ေတြနဲ႔ အတူ 16GB LPDDR5 RAM ၊  512GB (UFS 3.0 storage) ေတြ ေထာက္ပံ့ထားပါတယ္။ ကင္မရာကလည္း ယခင္ S စီးရီးေတြနဲ႔ လုံးဝကြဲျပားသြားၿပီး 108MP အဓိကကင္မရာနဲ႔ 48MP periscope zoom ကင္မရာေတြေတာင္ သုံးေနပါၿပီ။ 8K video ေတြ ႐ိုက္ကူးႏိုင္ၿပီး professional-level filming အထိ စြမ္းေဆာင္ႏုိင္ၿပီလို႔ Samsung က ဆိုပါတယ္။

(3). Asus ROG Phone 2

ROG Phone 2 ဟာ 120Hz AMOLED display နဲ႔အတူ  Snapdragon 855 Plus chipset ကို ပထမဆုံးသုံးတဲ့ဖုန္းလို႔ သတ္မွတ္ႏုိင္မွာပါ။ သူ႔ရဲ႕ display အေၾကာင္းကုိ ေျပာရမယ္ဆိုရင္ေတာ့  6.59-inch Full HD+ screen မွာ Gorilla Glass 6 နဲ႔ ကာကြယ္ေပးထားတာ ျဖစ္ပါတယ္။ ၿပီးေတာ့ under-display fingerprint scanner ကိုလည္း ထည့္ေပးထားပါတယ္။ ၿပီးေတာ့ သူ႕မွာ DCI-P3 color scale, HDR10 နဲ႔ SDR ကေန HDR အထိ တုိးျမင့္ေပးႏုိင္တဲ့ Display နည္းပညာေတြလည္း ထည့္ေပးထားပါတယ္။ ပါဝါစြမ္းအားပိုင္းအတြက္  6000 mAh ခပ္ႀကီးႀကီး ဘက္ထရီကို 30W fast charging support လုပ္ပါတယ္။ ေနာက္ထပ္ပါလာတာေတြကေတာ့ 12GB LPDDR4x RAM နဲ႔ 512GB (UFS 3.0 storage) တို႔ပါ။ ကင္မရာပိုင္းကုိေတာ့ 48MP အျပင္  13MP 2 လုံး ထည့္ေပးထားၿပီး အေရွ႕ဘက္မွာ 24MP သုံးႏိုင္မွာပါ။

(4). OnePlus 7T Pro and OnePlus 7 Pro 

တူညီတဲ့ လုပ္ေဆာင္ခ်က္နဲ႔ ျဖည့္စြက္ပါဝင္မႈေတြ အပိုင္းမွာ အဆင့္ျမင့္တဲ့ဖုန္းေတြလို႔ သတ္မွတ္ရမွာပါ။ ၿပီးေတာ့ high display refresh rate ကိုလည္း ပိုင္ဆိုင္ထားၾကပါတယ္။ ဒီဖုန္း 2 လုံးမွာ ကြာဟခ်က္ဆိုလို႔ OnePlus 7T Pro မွာ Snapdragon 855 Plus chipset နဲ႔  Warp 30T charging သုံးထားတာပါ။ က်န္တဲ့အခ်က္ေတြ အားလုံးနီးပါးကေတာ့ OnePlus 7 Pro နဲ႔ တူညီပါတယ္။

(5). OnePlus 7T

high refresh rate screen နဲ႔ ဖုန္းကိုင္ခ်င္ရင္ OnePlus ထဲကပဲ ဝယ္ရမလိုေတာင္ ျဖစ္ေနၿပီ။ OnePlus 7T ကလည္း ဒီလိုအရည္အေသြးျမင့္ refresh rate နဲ႔ ဖုန္းစာရင္းထဲမွာ ေရာက္ေနလို႔ပါ။ ဒီဖုန္းမွာ high-quality AMOLED screen သုံးထားတာကေတာ့ တကယ္မုိက္ပါတယ္။ ၿပီးေတာ့ သူ႔ရဲ႕ ပါဝါစြမ္းအားပိုင္းအတြက္ Snapdragon 855 Plus chipset နဲ႔ျဖစ္ၿပီး 8GB RAM ၊  128GB storage ေတြ သုံးေပးထားပါတယ္။ 30W Warp charging လည္း ဘက္ထရီအတြက္ ေထာက္ပံ့ေပးထားပါေသးတယ္။

(6). Realme X2 Pro

ေစ်းလည္း သက္သာရမယ္။ အရည္အေသြးပိုင္းမွာ စိတ္ခ်ရမယ္ဆိုၿပီး ထြက္လာတဲ့ Realme ဖုန္းေတြမွာ Realme X2 Pro ကလည္း အေကာင္းဆုံးဆိုတဲ့ အဆင့္တစ္ခုမွာ ရွိေနခဲ့ပါတယ္။ Realme ရဲ႕ ပထမဆုံး flagship ဖုန္းလို႔ သတ္မွတ္ႏိုင္ၿပီး 90Hz FHD+ AMOLED Screen သုံးထားပါတယ္။ ပါဝါစြမ္းအားပိုင္းအတြက္ Snapdragon 855+ chipset နဲ႔အတူ ထပ္မံတိုးျမင့္ႏိုင္စြမ္းရွိတဲ့ 256GB UFS 3.0 storage ေတြနဲ႔ သုံးႏိုင္ပါလိမ့္မယ္။ 4000 ဘက္ထရီစြမ္းအားအတြက္ 65W Super VOOC charging နဲ႔ အားသြင္းႏိုင္မွာ ျဖစ္ပါတယ္။ ကုမၸဏီရဲ႕ ေျပာၾကားခ်က္အရေတာ့ 100% အားအျပည့္ရဖို႔အတြက္ 30 မိနစ္ပဲ ၾကာမယ္လို႔ သိရပါတယ္။

(7). Poco X2

ေစ်းသက္သာတဲ့ စြမ္းရည္သင့္ဖုန္းလို႔ သတ္မွတ္ႏုိင္မွာပါ။ ဒါေပမယ့္ သူ႔မွာသုံးထားတဲ့ refresh rate ႀကီးကေတာ့ ကၽြတ္ဆင္ႀကီးပါ။ ဒီဖုန္းအတြက္ 120Hz refresh rate screen သံုးထားပါတယ္။ 6.67-inch IPS display မွာ full HD+ resolution ေထာက္ပံ့ပါတယ္။ HDR10 support လုပ္တဲ့ ဖုန္းလို႔လည္း ဆိုရမွာပါ။ X2 display အခ်က္အလက္ေတြကေတာ့ ၾကည့္ရတာေကာင္းမယ့္ ဖုန္းတစ္လုံးအျဖစ္ ပံုေဖာ္ေနပါတယ္။ ျမင့္မားတဲ့  120Hz refresh rate ဖုန္းမွာ သံုးထားတဲ့ ပ႐ိုဆက္ဆာကေတာ့ Snapdragon 730G သုံးထားပါတယ္။ လြန္ခဲ့တဲ့ႏွစ္က မိတ္ဆက္ခဲ့တဲ့ Redmi K30 နဲ႔ သြားတူေနပါတယ္။ Poco X2 ရဲ႕ အေပၚလြင္ဆုံးအခ်က္ကို ေျပာရမယ္ဆိုရင္ေတာ့ 4500 mAh ဘက္ထရီနဲ႔ 27W fast charger လို႔သာ ဆိုရမွာပါ။

(8). Nubia Red Magic 3

ဂိမ္းမင္းဖုန္းတစ္လုံးအတြက္ refresh rate ဘယ္ေလာက္သုံးထားတယ္ဆိုတဲ့ အေၾကာင္းက အမွန္တကယ္ လိုအပ္လွပါတယ္။ ZTE ေက်ာေထာက္ေနာက္ခံလုပ္ထားတဲ့ Red Magic 3 မွာ 90Hz AMOLED screen ေထာက္ခံပါတယ္။ ဂိမ္းေတြကို ျပင္းျပင္းထန္ထန္ ေဆာ့ကစားတတ္တဲ့ သူေတြအတြက္ copper cooling tube ထည့္ေပးထားပါတယ္။ Nubia ရဲ႕ ဖုန္းသစ္ဟာ အဆင့္ျမင့္ ဖုန္းတစ္လုံးျဖစ္တာနဲ႔အညီ Snapdragon 855+ chipset ၊ 256GB (UFS 2.1 storage) ေတြ သုံးထားပါတယ္။ ဒီဖုန္းမွာ 5000 mAh battery ကုိ အားအျပည့္ ထည့္ထားၿပီး 27W fast charging ပါမွာပါ။

(9). Xiaomi Mi 10 / Mi 10 Pro

Mi 10 Pro ကေတာ့ ထူးကဲတဲ့ စြမ္းေဆာင္ခ်က္ေတြနဲ႔ လက္ရွိအခ်ိန္မွာ ထိပ္ဆုံးေရာက္ေနတဲ့ဖုန္းလို႔ ဆုိရမွာပါ။ ၿပီးေတာ့ Xiaomi ရဲ႕ 2020 ခုႏွစ္အတြင္း အဆင့္ျမင့္ flagship ဖုန္းျဖစ္ၿပီး 6.67 လက္မမွာ  120Hz AMOLED display သုံးထားပါတယ္။ full HD+ resolution နဲ႔ ျဖစ္ပါတယ္။ Xiaomi က touch sampling rate ပိုင္းမွာလည္း 180Hz ျဖစ္ၿပီး Galaxy S20 series နဲ႔ ROG Phone 2 တို႔ထက္ နည္းနည္းပိုသာပါတယ္။ Mi 10 Pro ဖုန္းမွာ 108MP sensor နဲ႔ ကင္မရာ 4 လုံး ပါဝင္ၿပီး dual Mode 5G ေထာက္ပံ့ပါတယ္။ Android 10 အေျချပဳ software ကို သုံးႏုိင္မွာျဖစ္ၿပီး 4500 mAh battery နဲ႔အတူ 50W fast charging support ပါ။ Mi 10 ကိုေတာ့ Pro လိုမ်ိဳး မဟုတ္ေတာ့ပါဘူး။ 90Hz AMOLED screen နဲ႔ 30W fast charging ေပးထားပါတယ္။

(10). OPPO Reno 3 Pro

OPPO ရဲ႕ အဆင့္ျမင့္စမတ္ဖုန္ းReno 3 pro ျဖစ္ၿပီး စမတ္ဖုန္းေရစီးေၾကာင္းမွာ ထိပ္ဆုံးက ရွိေနပါတယ္။ ဒီဖုန္းရဲ႕ ေနာက္ဘက္မွာ quad-rear camera စနစ္နဲ႔ျဖစ္ၿပီး Snapdragon 765 chipset သုံးထားပါတယ္။ မ်က္ႏွာျပင္ပိုင္းမွာေတာ့ 90Hz high refresh rate screen သုံးထားပါတယ္။ 30W fast charging ေထာက္ပံ့ေပးထားပါတယ္။ အျခားလုပ္ေဆာင္ခ်က္အေနနဲ႔ 6.5-inch display နဲ႔အတူ 180Hz touch detection rate နဲ႔ သုံးႏိုင္မွာပါ။ 12GB RAM, USB Type-C port ၊ NFC. 44MP+2MP sensors ေတြအျပင္ selfie ကင္မရာကို screen ထဲမွာ ထည့္ေပးထားပါတယ္။

(11). Google Pixel 4

Samsung Galaxy Note 10+ နဲ႔ iPhone 11 Pro Max တို႔မွာ 90Hz display သုံးထားပါတယ္။ သူတို႔ကိုေက်ာ္ၿပီး ေနာက္ထပ္ၾကည့္စရာ ဖုန္းတစ္လုံးကေတာ့ Pixel 4 ပါ။  ပုံမွန္ Pixel 4 ဖုန္းက 5.7-inch FHD+ screen နဲ႔ျဖစ္ၿပီး XL အမ်ိဳးအစားကေတာ့ 6.3-inch QHD+ panel ထည့္ထားပါတယ္။ displays support ကေတာ့ 90Hz refresh rate ပါ။ ဒါေပမယ့္ 2019 trends ျဖစ္တဲ့ bold bezels နဲ႔ လုံးဝ Smooth Display ျဖစ္ေနမွာပါ။

(12). Razer Phone

Razer ရဲ႕ မ်ိဳးဆက္သစ္ဖုန္း Razer Phone 2 ပါ။ 5.7-inch 2K LCD screen နဲ႔ျဖစ္ၿပီး 16:9 aspect ratio မွာ 120Hz refresh rate သုံးေပးထားပါတယ္။ OnePlus 7 Pro ထက္ ပိုေခ်ာေမြတ့ဲ Display ကို ခံစားရမွာျဖစ္ၿပီး 120fps (LCD) အထိ ဂိမ္းအေတြ႕အႀကဳံေကာင္းေတြကို ပိုင္ဆိုင္ႏုိင္မွာပါ။ hardware ပိုင္းကေတာ့ 2019 ခုႏွစ္အတြင္း ထြက္ခဲ့တဲ့ Android flagship ေတြအတိုင္းပဲ တူညီပါတယ္။

NetGuide Journal (Every Wednesday)