Asphalt 9 : Legends ဟာ Gameloft Barcelona က ဖန်တီးပြီး Gameloft က ထုတ်လုပ်တဲ့ ကားမောင်းပြိုင်ဂိမ်းဖြစ်ပြီး Asphalt series ထဲမှာ နဝမမြောက်ဂိမ်း ဖြစ်ပါတယ်။ ရှေ့ကထွက်ထားတဲ့ဂိမ်းတွေနဲ့ယှဉ်ရင် ဒီဂိမ်းမှာ နာမည်ကြီး ကားအမျိုးအစားတွေ၊ Touch Drive လို့ခေါ်တဲ့ autopilot mode အပါအဝင် control ပုံစံသစ်တွေ၊ race mode တွေလိုမျိုး feature သစ်တွေ ပါဝင်လာပါတယ်။ Gameplay က Asphalt 8 : Airborne နဲ့ အတူတူပဲဖြစ်ပြီး graphics နဲ့ ဒီဇိုင်းပိုင်းကတော့ သိသိသာသာ ကွဲပြားနေတာ တွေ့ရမှာပါ။ ဒီဂိမ်းကိုစပြီး launch လုပ်တုန်းက ကား 48 စီးသာပါပြီး အခု 2020 ဖေဖော်ဝါရီအထိမှာတော့ ကားအစီးရေ 84 စီးအထိ ပါဝင်နေပြီ ဖြစ်ပါတယ်။ အရင်ဂိမ်းတွေမှာလိုပဲ ကားတွေမှာ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ရှားပါးမှုအလိုက် D, C, B, A နဲ့ S ဆိုပြီး အဆင့်ခွဲထားတာ ဖြစ်ပါတယ်။ စစချင်းမှာ အဆင့်အနိမ့်ဆုံးဖြစ်တဲ့ D အဆင့်ကားနဲ့ စတင်ရပါမယ်။ Control ပိုင်းအနေနဲ့ Tilt to Steer, Tap to Steer နဲ့ Touch Drive ဆိုတဲ့ ပုံစံတွေနဲ့လာပြီး Touch Drive မှာ ဘယ်ညာကို swipe လုပ်ပြီးတော့ လမ်းကြောင်းတွေ၊ စတန့်တွေကို ရွေးချယ်နိုင်ပါတယ်။ Career, Multiplayer နဲ့ Events ဆိုတဲ့ playing mode 3 မျိုးနဲ့ ကစားနိုင်ပါတယ်။ ကစားဖို့အတွက် iOS 10.0 နဲ့အထက် လိုအပ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Asphalt 9 : Legends

Asphalt 9 : Legends ဟာ Gameloft Barcelona က ဖန္တီးၿပီး Gameloft က ထုတ္လုပ္တဲ့ ကားေမာင္းၿပိဳင္ဂိမ္းျဖစ္ၿပီး Asphalt series ထဲမွာ နဝမေျမာက္ဂိမ္း ျဖစ္ပါတယ္။ ေရွ႕ကထြက္ထားတဲ့ဂိမ္းေတြနဲ႔ယွဥ္ရင္ ဒီဂိမ္းမွာ နာမည္ႀကီး ကားအမ်ိဳးအစားေတြ၊ Touch Drive လို႔ေခၚတဲ့ autopilot mode အပါအဝင္ control ပံုစံသစ္ေတြ၊ race mode ေတြလိုမ်ိဳး feature သစ္ေတြ ပါဝင္လာပါတယ္။ Gameplay က Asphalt 8 : Airborne နဲ႔ အတူတူပဲျဖစ္ၿပီး graphics နဲ႔ ဒီဇိုင္းပိုင္းကေတာ့ သိသိသာသာ ကြဲျပားေနတာ ေတြ႕ရမွာပါ။ ဒီဂိမ္းကိုစၿပီး launch လုပ္တုန္းက ကား 48 စီးသာပါၿပီး အခု 2020 ေဖေဖာ္ဝါရီအထိမွာေတာ့ ကားအစီးေရ 84 စီးအထိ ပါဝင္ေနၿပီ ျဖစ္ပါတယ္။ အရင္ဂိမ္းေတြမွာလိုပဲ ကားေတြမွာ သူ႕ရဲ႕စြမ္းေဆာင္ရည္နဲ႔ ရွားပါးမႈအလိုက္ D, C, B, A နဲ႔ S ဆိုၿပီး အဆင့္ခြဲထားတာ ျဖစ္ပါတယ္။ စစခ်င္းမွာ အဆင့္အနိမ့္ဆံုးျဖစ္တဲ့ D အဆင့္ကားနဲ႔ စတင္ရပါမယ္။ Control ပိုင္းအေနနဲ႔ Tilt to Steer, Tap to Steer နဲ႔ Touch Drive ဆိုတဲ့ ပံုစံေတြနဲ႔လာၿပီး Touch Drive မွာ ဘယ္ညာကို swipe လုပ္ၿပီးေတာ့ လမ္းေၾကာင္းေတြ၊ စတန္႔ေတြကို ေရြးခ်ယ္ႏိုင္ပါတယ္။ Career, Multiplayer နဲ႔ Events ဆိုတဲ့ playing mode 3 မ်ိဳးနဲ႔ ကစားႏိုင္ပါတယ္။ ကစားဖို႔အတြက္ iOS 10.0 နဲ႔အထက္ လိုအပ္ပါတယ္။

NetGuide Journal (Every Wednesday)