မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက Laptop နဲ့ ချိတ်ဆက်တာမှာ ချိတ်ဆက်လို့မရဘူး ဖြစ်နေလို့ပါခင်ဗျာ။ အဲ့ဒါက ဘာတွေလိုအပ်နေသေးလို့ပါလဲအစ်ကိုရေ။
ဖြေ – Android ဖုန်းတွေအနေနဲ့ ကွန်ပျူတာနဲ့ ချိတ်ဆက်မယ်ဆိုရင် Setting ထဲက About Device မှာ Bulid Number ဆိုတာလေး ရှိပါတယ်။ Mi တွေမှာတော့ MIUI Version လို့ ပေါ်ပါတယ်။ အဲ့ဒါလေးကို You’re Now Developer လို့ ပေါ်လာတဲ့အထိ ဆက်တိုက်နှိပ်ပေးပါ။ အဲ့အခါ Setting ထဲမှာ Developer Options ဆိုတာလေး ပေါ်လာပါလိမ့်မယ်။ အဲ့ထဲဝင်ပြီး Option ကို On လိုက်ပါ။ USB Debugging ကို ဖွင့်လိုက်ပါ။ Security က Unknown Sources ကို ဖွင့်ပေးလိုက်ပါ။ အဲ့ဒါဆိုရင် အလွယ်တကူ Laptop နဲ့ ချိတ်ဆက်လို့ရပါပြီ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက OPPO F11 ပါ။ Version Update မြင့်လိုက်တာမှာ မြန်မာစာတွေကို မပေါ်တော့လို့ပါခင်ဗျာ။ အကြံဉာဏ်လေးပေးပါဦး အစ်ကိုရေ။
ဖြေ – Setting ထဲက Language And Input ထဲမှာ Zawgyi နဲ့ Unicode ကြိုက်ရာကို ရွေးသုံးနိုင်ပါတယ်။

မေး – မင်္ဂလာပါအစ်ကိုရေ။ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်လို့ ကွန်ပျူတာမှာ Virus ရှိနေရင် ဖုန်းဆီကို Virus ၀င်နိုင်ပါသလားခင်ဗျာ။ ကျေးဇူးပြုပြီးတော့ ပြောပြပေးပါဦး အစ်ကိုရေ။
ဖြေ – ဟုတ်ကဲ့ပါ။ အစ်ကိုရေ ယေဘုယျအားဖြင့်တော့ ကွန်ပျူတာတွေက စမတ်ဖုန်းကို မထိခိုက်စေနိုင်ပါဘူးခင်ဗျာ။ များသောအားဖြင့် ဖုန်း Virus ၀င်တယ်ဆိုတာက Online ကနေ Download လုပ်ခြင်းနဲ့ Playstore မှာ မရှိတဲ့ Application တွေကို အသုံးပြုခြင်းတွေကြောင့်ပဲ Virus ဖြစ်ပေါ်စေတာပါ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းလေးက Samsung ဖုန်းအမျိုးအစားလေးပါ။ ပြုတ်ကျပြီးတော့ ဘာမှမပေါ်တော့လို့ပါအစ်ကိုရေ။ ဖုန်းလာတာတို့ဆိုရင်တော့ ကိုင်လို့ရပါသေးတယ်။ ကူညီပါဦးခင်ဗျာ။
ဖြေ – LCD ထိပြီးတော့ ရုပ်မလာတော့တာပါ။ ဆိုင်မှာပြင်ရင်တော့ ရပါတယ်။ မှန်စျေးကတော့ ကြီးပါတယ်ညီလေးရေ။

မေး – အစ်ကိုရေ ကျွန်တော် အခုလက်ရှိသုံးနေတဲ့ဖုန်းက iPhone 6 Plus လေးပါ။ ဓာတ်ပုံရိုက်ပြီး 3 ရက် ၊ 4 ရက်လောက်နေတော့ ပုံတွေက ၀ါးသွားပါတယ်ခင်ဗျာ။ အဲ့ဒါက ဘာဖြစ်တာပါလဲခင်ဗျာ။
ဖြေ – iCloud အကောင့်ထဲမှာ Auto Save နေတဲ့အတွက်ကြောင့် Low Resolution အဖြစ် ပြောင်းသွားတာပါ။ iCloud Storage က 5GB ပဲ ပေးထားတာပါအစ်ကိုရေ။

မေး – ဖုန်းသုံးနေရင်းနဲ့ Application တစ်ခုခုကို ဖွင့်လိုက်တဲ့အခါမှာ Unfortunately Has Stopped ဆိုပြီးတော့ ပေါ်ပေါ်လာလို့ပါခင်ဗျာ။ အဲ့ဒါကို ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ – ဖုန်း Software မကောင်းတော့တဲ့အခါ ဒါမှမဟုတ် အထဲက Applications တွေ အလုပ်မလုပ်နိုင်တော့ပဲ Unfortunately Has Stopped ဆိုပြီးတော့ ပြတတ်ပါတယ်အစ်ကိုရေ။ အားလုံးလိုလိုဖြစ်နေရင်တော့ ဆိုင်မှာ Software ပြန်ရေးသင့်ပါတယ်။

မေး – မင်္ဂလာပါအစ်ကိုရေ။ Facebook ကနေ Save ထားတဲ့ Video တွေကို ဒေါင်းချင်လို့ပါခင်ဗျာ။ ဘယ်ကနေပြီးတော့ ဒေါင်းရမလဲဆိုတာကို ပြောပြပေးပါဦးအစ်ကိုရေ။
ဖြေ – TubeMate ထဲကနေ Facebook အကောင့်ကို Login ၀င်ပြီးတော့ Save ထားတာတွေကို အလွယ်တကူနဲ့ ဒေါင်းလို့ရပါတယ်။ Facebook Video Downloader နဲ့လည်း ဒေါင်းလို့ရပါတယ်ခင်ဗျာ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက iPhone 6 Plus လေးပါ။ ပထမတော့ ကျွန်တော့်ဖုန်းက Battery ကို လဲလိုက်ပါတယ်။ နောက်တော့ Software Updates တင်လိုက်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ နောက်ဆက်တွဲ Error တွေ တက်တက်လာပါတယ်ခင်ဗျာ။ ဥပမာ Home Key Error တို့ Touch LCD Error တို့ တက်လာပါတယ်အစ်ကိုရေ။ အဲ့ဒါက ဘာကြောင့်ပါလဲခင်ဗျာ။ ကျေးဇူးပြုပြီးတော့ ပြောပြပေးပါဦးလား အစ်ကိုရေ။
ဖြေ – ဟုတ်ကဲ့ပါ။ အစ်ကိုရေ အဲ့ဒါကတော့ Battery နဲ့ မဆိုင်လောက်ဘူးထင်ပါတယ်ခင်ဗျာ။ လက်ရှိတင်လိုက်တဲ့ Software Updates မှာ Error ပါလာတာပါ။ Software Updates ထပ်လုပ်တာမျိုးနဲ့ Downgrade ချတာမျိုးလုပ်ပြီးတော့ ပြုပြင်နိုင်ပါတယ်ခင်ဗျာ။

ပန်းသတင်း မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်း (ပဲခူးမြို့) ဖုန်း-09-956559760, 09-683746227, 09-459212592 မှ ပံ့ပိုးကူညီသည်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာျပႆနာမ်ား

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက Laptop နဲ႔ ခ်ိတ္ဆက္တာမွာ ခ်ိတ္ဆက္လို႔မရဘူး ျဖစ္ေနလို႔ပါခင္ဗ်ာ။ အဲ့ဒါက ဘာေတြလိုအပ္ေနေသးလို႔ပါလဲအစ္ကိုေရ။
ေျဖ – Android ဖုန္းေတြအေနနဲ႔ ကြန္ပ်ဴတာနဲ႔ ခ်ိတ္ဆက္မယ္ဆိုရင္ Setting ထဲက About Device မွာ Bulid Number ဆိုတာေလး ရိွပါတယ္။ Mi ေတြမွာေတာ့ MIUI Version လို႔ ေပၚပါတယ္။ အဲ့ဒါေလးကို You’re Now Developer လို႔ ေပၚလာတဲ့အထိ ဆက္တိုက္ႏိွပ္ေပးပါ။ အဲ့အခါ Setting ထဲမွာ Developer Options ဆိုတာေလး ေပၚလာပါလိမ့္မယ္။ အဲ့ထဲ၀င္ၿပီး Option ကို On လိုက္ပါ။ USB Debugging ကို ဖြင့္လိုက္ပါ။ Security က Unknown Sources ကို ဖြင့္ေပးလိုက္ပါ။ အဲ့ဒါဆိုရင္ အလြယ္တကူ Laptop နဲ႔ ခ်ိတ္ဆက္လို႔ရပါၿပီ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက OPPO F11 ပါ။ Version Update ျမင့္လိုက္တာမွာ ျမန္မာစာေတြကို မေပၚေတာ့လို႔ပါခင္ဗ်ာ။ အႀကံဉာဏ္ေလးေပးပါဦး အစ္ကိုေရ။
ေျဖ – Setting ထဲက Language And Input ထဲမွာ Zawgyi နဲ႔ Unicode ႀကိဳက္ရာကို ေရြးသံုးႏိုင္ပါတယ္။

ေမး – မဂၤလာပါအစ္ကိုေရ။ ဖုန္းနဲ႔ကြန္ပ်ဴတာကိုခ်ိတ္လို႔ ကြန္ပ်ဴတာမွာ Virus ရွိေနရင္ ဖုန္းဆီကို Virus ၀င္ႏိုင္ပါသလားခင္ဗ်ာ။ ေက်းဇူးျပဳၿပီးေတာ့ ေျပာျပေပးပါဦး အစ္ကိုေရ။
ေျဖ – ဟုတ္ကဲ့ပါ။ အစ္ကိုေရ ေယဘုယ်အားျဖင့္ေတာ့ ကြန္ပ်ဴတာေတြက စမတ္ဖုန္းကို မထိခိုက္ေစႏိုင္ပါဘူးခင္ဗ်ာ။ မ်ားေသာအားျဖင့္ ဖုန္း Virus ၀င္တယ္ဆိုတာက Online ကေန Download လုပ္ျခင္းနဲ႔ Playstore မွာ မရိွတဲ့ Application ေတြကို အသံုးျပဳျခင္းေတြေၾကာင့္ပဲ Virus ျဖစ္ေပၚေစတာပါ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းေလးက Samsung ဖုန္းအမ်ိဳးအစားေလးပါ။ ျပဳတ္က်ၿပီးေတာ့ ဘာမွမေပၚေတာ့လို႔ပါအစ္ကိုေရ။ ဖုန္းလာတာတို႔ဆိုရင္ေတာ့ ကိုင္လို႔ရပါေသးတယ္။ ကူညီပါဦးခင္ဗ်ာ။
ေျဖ – LCD ထိၿပီးေတာ့ ႐ုပ္မလာေတာ့တာပါ။ ဆိုင္မွာျပင္ရင္ေတာ့ ရပါတယ္။ မွန္ေစ်းကေတာ့ ႀကီးပါတယ္ညီေလးေရ။

ေမး – အစ္ကိုေရ ကြၽန္ေတာ္ အခုလက္ရွိသံုးေနတဲ့ဖုန္းက iPhone 6 Plus ေလးပါ။ ဓာတ္ပံု႐ိုက္ၿပီး 3 ရက္ ၊ 4 ရက္ေလာက္ေနေတာ့ ပံုေတြက ၀ါးသြားပါတယ္ခင္ဗ်ာ။ အဲ့ဒါက ဘာျဖစ္တာပါလဲခင္ဗ်ာ။
ေျဖ – iCloud အေကာင့္ထဲမွာ Auto Save ေနတဲ့အတြက္ေၾကာင့္ Low Resolution အျဖစ္ ေျပာင္းသြားတာပါ။ iCloud Storage က 5GB ပဲ ေပးထားတာပါအစ္ကိုေရ။

ေမး – ဖုန္းသံုးေနရင္းနဲ႔ Application တစ္ခုခုကို ဖြင့္လိုက္တဲ့အခါမွာ Unfortunately Has Stopped ဆိုၿပီးေတာ့ ေပၚေပၚလာလို႔ပါခင္ဗ်ာ။ အဲ့ဒါကို ဘယ္လိုလုပ္ရင္ အဆင္ေျပႏိုင္မလဲခင္ဗ်ာ။
ေျဖ – ဖုန္း Software မေကာင္းေတာ့တဲ့အခါ ဒါမွမဟုတ္ အထဲက Applications ေတြ အလုပ္မလုပ္ႏိုင္ေတာ့ပဲ Unfortunately Has Stopped ဆိုၿပီးေတာ့ ျပတတ္ပါတယ္အစ္ကိုေရ။ အားလံုးလိုလိုျဖစ္ေနရင္ေတာ့ ဆိုင္မွာ Software ျပန္ေရးသင့္ပါတယ္။

ေမး – မဂၤလာပါအစ္ကိုေရ။ Facebook ကေန Save ထားတဲ့ Video ေတြကို ေဒါင္းခ်င္လို႔ပါခင္ဗ်ာ။ ဘယ္ကေနၿပီးေတာ့ ေဒါင္းရမလဲဆိုတာကို ေျပာျပေပးပါဦးအစ္ကိုေရ။
ေျဖ – TubeMate ထဲကေန Facebook အေကာင့္ကို Login ၀င္ၿပီးေတာ့ Save ထားတာေတြကို အလြယ္တကူနဲ႔ ေဒါင္းလို႔ရပါတယ္။ Facebook Video Downloader နဲ႔လည္း ေဒါင္းလို႔ရပါတယ္ခင္ဗ်ာ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက iPhone 6 Plus ေလးပါ။ ပထမေတာ့ ကြၽန္ေတာ့္ဖုန္းက Battery ကို လဲလိုက္ပါတယ္။ ေနာက္ေတာ့ Software Updates တင္လိုက္ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာေတာ့ ေနာက္ဆက္တြဲ Error ေတြ တက္တက္လာပါတယ္ခင္ဗ်ာ။ ဥပမာ Home Key Error တို႔ Touch LCD Error တို႔ တက္လာပါတယ္အစ္ကိုေရ။ အဲ့ဒါက ဘာေၾကာင့္ပါလဲခင္ဗ်ာ။ ေက်းဇူးျပဳၿပီးေတာ့ ေျပာျပေပးပါဦးလား အစ္ကိုေရ။
ေျဖ – ဟုတ္ကဲ့ပါ။ အစ္ကိုေရ အဲ့ဒါကေတာ့ Battery နဲ႔ မဆိုင္ေလာက္ဘူးထင္ပါတယ္ခင္ဗ်ာ။ လက္ရိွတင္လိုက္တဲ့ Software Updates မွာ Error ပါလာတာပါ။ Software Updates ထပ္လုပ္တာမ်ိဳးနဲ႔ Downgrade ခ်တာမ်ိဳးလုပ္ၿပီးေတာ့ ျပဳျပင္ႏိုင္ပါတယ္ခင္ဗ်ာ။

ပန္းသတင္း မိုဘိုင္းဖုန္းျပဳျပင္ေရးသင္တန္းေက်ာင္း (ပဲခူးၿမိဳ႕) ဖုန္း-09-956559760, 09-683746227, 09-459212592 မွ ပံ့ပိုးကူညီသည္။

NetGuide Journal (Every Wednesday)