Websites
https://www.10kyats.com/
www.10kyats.com ဟာ မြန်မာနိုင်ငံရဲ့ လူသုံးအများဆုံး online shopping ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပေမယ့် သမရိုးကျ online shopping တွေနဲ့ မတူတဲ့ ပျော်ရွှင်ရင်ခုန်စွာ စျေးဝယ်ချင်သူတွေအတွက် register လုပ် point ဝယ်ပြီး စျေးဝယ်လို့ရတဲ့နေရာ ဖြစ်ပါတယ်။ Auction အစီအစဉ်မှာ auction တိုင်းရဲ့ last minute ကိုစောင့်ပြီး bid လုပ်နိုင်တာဖြစ်လို့ တကယ့်ကို ရင်ခုန်စရာ၊ ပျော်စရာ စျေးအပြိုင်ဝယ်ရတဲ့ အတွေ့အကြုံကိုပါ ပေးနိုင်တာ ဖြစ်ပါတယ်။ Delivery free ဝန်ဆောင်မှုလည်း ရှိပါတယ်။
http://myanmarflightticket.com/en
http://myanmarflightticket.com/en ဟာ ခရီးသွားမယ့်သူတွေအတွက် အွန်လိုင်းကနေ လက်မှတ်တွေ အလွယ်တကူ ဝယ်ယူနိုင်မယ့်ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ခရီးတစ်ခါသွားဖို့အတွက် ကားလက်မှတ် အရောင်းဆိုင်တွေ၊ လေယာဉ်လက်မှတ် အရောင်းဆိုင်တွေထိ အပင်ပန်းခံသွားပြီး လက်မှတ်တွေ ဝယ်ယူနေစရာ မလိုတော့ပါဘူး။ ပြည်တွင်းလေယာဉ်လက်မှတ်၊ ကားလက်မှတ်တွေကို ဒီဝက်ဘ်ဆိုက်ထဲဝင်ပြီး register လုပ်ကာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။
http://www.agnitus.com/
www.agnitus.com ဟာ ကလေးတွေအခြေခံ learning skill ကောင်းလာအောင် လေ့ကျင့်ပေးနိုင်တဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ 2 နှစ်ကနေ 7 နှစ်အရွယ်ကြား ကလေးငယ်တွေအတွက်ဖြစ်ပြီး learning activity နဲ့ ဂိမ်း 1000 ကျော် ပါရှိပါတယ်။ သချင်္ာ၊ အရေး၊ အဖတ်၊ သိပ္ပံ၊ အနုပညာနဲ့ အရောင်တွေအကြောင်းနဲ့ ဂီတနဲ့ အခြားအကြောင်းအရာများစွာကို ကလေးငယ်တွေကို သင်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။
Facebook
https://www.facebook.com/Mandalay-food-directory-917378134949256/
Mandalay Food Directory ဟာ မန္တလေးမြို့ရဲ့ အရသာရှိတဲ့ အစားအသောက်တွေအကြောင်း နေ့စဉ်တင်ဆက်ပေးနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာပါ။ မန္တလေးရွှေမြို့တော်ကို သွားရောက်လည်ပတ်ကြမယ့် သူတွေအတွက် မန္တလေးရောက်သွားပြီးမှ ဘယ်သွားလို့ ဘာစားရမှန်းမသိ ယောင်လည်လည်ဖြစ်မနေရအောင် like လုပ်ထားလိုက်ပါ။ မန္တလေးမြို့က အရသာရှိလှပါတယ်ဆိုတဲ့ဆိုင်တွေ၊ အစားအသောက်တွေအကြောင်း စုံလင်စွာ သိရမှာဖြစ်လို့ အစားကောင်းကြိုက်သူတွေအတွက် ကွက်တိပါပဲ။
https://www.facebook.com/AsaungHub/
Asaung.com ဟာ အကောင်းဆုံးအဆောင်တွေရှိတဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်ပြီး အဆောင်ပိုင်ရှင်တွေရဲ့ အဆောင်တွေကို လိုအပ်နေသူတွေထံရောက်ရှိအောင် အခမဲ့ကြော်ငြာပေးနေတာ ဖြစ်ပါတယ်။ အမျိုးသား၊ အမျိုးသမီး သီးသန့်အဆောင်တွေကို ဒီနေရာမှာ အလွယ်တကူ ရှာဖွေနိုင်မှာဖြစ်လို့ ဒီ Page ကို သိထားမယ်ဆိုရင် မြို့ကြီးပြကြီးတွေမှာ အဆောင်ရှာရတဲ့ဒုက္ခ ရှိတော့မှာ မဟုတ်ပါဘူး။ အဆောင်တွေအပြင် တိုက်ခန်းစပ်တူနေမယ့်သူတွေအတွက်လည်း ကြော်ငြာတွေ တင်ပေးနေတာ ဖြစ်ပါတယ်။
https://www.facebook.com/HealthyLife2414/
Healthy Diet ဝိတ်ချကြမယ်ဆိုတဲ့ page ကတော့ သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုကြတဲ့ ပျိုမေတွေအတွက် ဖြစ်ပါတယ်။ အမှန်တကယ် ဝိတ်ကျချင်သူတွေ တကယ်လိုက်နာပြီး တကယ်လုပ်ရင် တကယ်ဝိတ်ကျမယ့် နည်းလမ်းလေးတွေကို မျှဝေပေးနေတာပါ။ ပိန်ချင်သူတိုင်း လိုက်နာကျင့်သုံးသင့်တဲ့ အကောင်းဆုံးနည်းလမ်းလေးတွေကို မျှဝေပေးနေတာဖြစ်သလို ခန္ဓာကိုယ်ကျန်းမာရေးအတွက် လိုအပ်တဲ့ အခြားဗဟုသုတ ရစရာအကြောင်းအရာတွေကိုပါ ဖတ်ရမှာပါ။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
Websites & Facebook စာမျက်နှာများ
Websites
https://www.10kyats.com/
http://www.agnitus.com/
Facebook