Samsung ရဲ့ Unpacked 2020 event နဲ့အတူ ကျွန်တော်တို့ဟာ စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Galaxy Z Flip foldable phone၊ Samsung Galaxy S20, S20 Plus, S20 Ultra ဖုန်းတွေကို မိတ်ဆက်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ကင်မရာနည်းပညာပိုင်းမှာ ပြောင်းလဲလာတဲ့ ဒီဖုန်းတွေဟာ သုံစွဲသူတွေ ကြိုက်နှစ်သက်နိုင်မလားဆိုတာကတော့ အရောင်းစာရင်းတွေ ထွက်လာတဲ့အချိန်မှာသာ သိရပါလိမ့်မယ်။ Galaxy Z Flip foldable ဖုန်းကတော့ Galaxy Fold ထက် လူကြိုက်ပိုများနေပါတယ်။ သူ့ရဲ့ခပ်ဆန်ဆန်းဒီဇိုင်းကြောင့် ဖြစ်နိုင်ပါတယ်။ MWC ပွဲကြီးလည်း ကျင်းပတော့မှာမဟုတ်တော့ Samsung ရဲ့ဖုန်းတွေအကြောင်းကသာ မိုဘိုင်းနည်းပညာရပ်ဝန်းမှာ လူပြောများနေပါတယ်။ Samsung’s Galaxy S20 event မှာ မိတ်ဆက်ပြသသွားတဲ့ ဖုန်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ် . . .

• Samsung Galaxy S20+

ဒီဖုန်းဟာ Samsung အတွက် 120Hz refresh rate နဲ့အတူ Dynamic AMOLED screen ကိုသုံးထားတဲ့ ပထမဆုံးဖုန်းလို့ သတ်မှတ်နိုင်မှာပါ။ ထိတွေ့တုံ့ပြန်နိုင်စွမ်းမှာ 240Hz touch sensing ဖြစ်ပါတယ်။ 6.7” panel မှာ 1440p+ resolution ဖြစ်ပြီး ခပ်ရှည်ရှည်ဒီဇိုင်းမှာ 20:9 အချိုးဖြစ်ပါတယ်။ S10+ နဲ့တူသယောင်ထင်ရပေမယ့် သူ့ကပိုရှည်ပါတယ်။ အဓိကနောက်ဘက် ကင်မရာတွေမှာတော့ 1.8µm pixels နဲ့ 12MP sensor အသစ်ကိုသုံးလာပါတယ်။ S10 ဖုန်းတွေတုန်းက 1.4µm သုံးခဲ့တာပါ။ telephoto ကင်မရာကလည်း မြင့်မားတဲ့ resolution sensor လို့သတ်မှတ်နိုင်ပြီး 64MP ဖြစ်ပါတယ်။ ပြီးတော့ ဒီဖုန်းမှာ 3x hybrid zoom, 30x ထိဆွဲနိုင်မယ့် “Super Resolution Zoom” ကိုထည့်ပေး လိုက်ပါတယ်။ ဒီ module မှာ OIS နဲ့တောက်ပမှုပိုင်းအတွက် aperture f/2.0 ကိုထည့်ပေးထားပါတယ်။ 64MP module ဟာ 8K video တွေကို recording ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Galaxy S20 ဖုန်း၃လုံးမှာ ပထမဆုံး 8K recording ရလာတာ ဖြစ်ပါတယ်။ တခုမှတ်ထားရမှာက 8K video တွေဟာ single frame နဲ့ 33MP ဖြစ်ပြီး လက်ရှိ flagships ဖုန်းတွေရဲ့ resolution ထက်ပိုကောင်းပါတယ်။ ultrawide angle ကင်မရာကတော့ 12MP sensor ဖြစ်ပြီး 120° အထိရပါတယ်။ portrait shots နဲ့ depth-based effects တွေအတွက် DepthVision ကင်မရာကိုထည့်ပေးထားပါတယ်။ Samsung Galaxy S20+ ရဲ့ပါဝါစွမ်းအားပိုင်းအတွက် Snapdragon 865 (သို့) Exynos 990 chipset ကိုတင်ပို့ရောင်းချတဲ့ ဒေသပေါ် မူတည်ပြီး ကွဲပြားမှာ ဖြစ်ပါတယ်။ သူ့မှာ 5G အတွက် sub-6GHz နဲ့ mmWave ကိုတပါတည်းထည့်ပေးထားပါတယ်။ အချို့ နိုင်ငံတွေမှာတော့ 4G အဖြစ်သုံးနိုင်မှာပါ။ အခြေခံဗားရှင်းကို 8GB RAM မှာ 128GB သိုလှောင်မှုနဲ့ ထုတ်ထားပြီး 12GB RAM ဗားရှင်းကိုလည်း ရွေးနိုင်ပါလိမ့်မယ်။ ဘက်ထရီပိုင်းမှာတော့ 4,500mAh နဲ့အားသွင်းဖို့ 25W wired charging ထည့်ပေးထားပါတယ်။ သူ့မှာအခြားဖုန်းတွေကို fast wireless charging နဲ့အားသွင်းနိုင်မယ့် 15W လည်း ထောက်ပံ့ပေးထားပါတယ်။

• Samsung Galaxy S20

ယခင်မျိုးဆက်တုန်းကလို “e” model မရှိတော့ပါဘူး။ ဒါကြောင့် Galaxy S20 ဟာ အသစ်မိတ်ဆက်လိုက်တဲ့ ဖုန်း 3 မျိုးထဲမှာ အသေးဆုံးဖြစ်သွားပါတယ်။ 6.2” screen ဖြစ်ပြီး S20+ လိုမျိုးသူ့မှာလည်း 120Hz refresh rate နဲ့ 1440p+ resolution ပါလာမယ်။ 10MP selfie ကင်မရာကတော့ မပြောင်းမလဲဘဲ ယခင်မျိုးဆက် S10 ဖုန်းတုံးကအတိုင်းရှိနေဆဲပါ။ သို့ပေမယ့် punch holeလေးကပိုသေးသွားပါတယ်။ S20+ နဲ့ရှေ့ကင်မရာပိုင်းတူညီပါတယ်။ Galaxy S20 ရဲ့နောက်ဘက် မှာတော့ 12MP အဓိကကင်မရာနဲ့ဖြစ်ပြီး နောက်ထပ်ပါလာတာတွေက 8K ရမယ့် 64MP telephoto ကင်မရာ၊ 12MP ultrawide ကင်မရာတွေပဲ ဖြစ်ပါတယ်။ ဒါတွေကတော့ S20 + နဲ့ဆင်တူပါတယ်။ S10+ နဲ့အဓိကကွာခြားချက်ကတော့ DepthVision sensor ပါဝင်လာခြင်းမရှိတာပါဘဲ။ Samsung အနေနဲ့ in-display fingerprint readers ကို ဒီဖုန်းမှာလည်း ထပ်သုံးလာခဲ့ပါတယ်။ ဘက်ထရီစွမ်းအားကတော့ 4,000mAh နဲ့အတူ Galaxy S20+ ပါသလို ဘက်ထရီစွမ်းဆောင်ချက် တွေထည့်ပေးထားပါတယ်။ S20 ဖုန်း 2 မျိုးလုံးမှာ IP68 level သတ်မှတ်ချက် ဖုန်နဲ့ရေဒဏ်ခံနိုင်စွမ်းပါဝင်လာမှာပါ။ ပရိုဆက်ဆာကတော့ Galaxy S20 + ဖုန်းလိုမျိုးပဲ Snapdragon 865 (သို့) Exynos 990 chip ဖြစ်ပြီး RAM ပိုင်းလည်း အတူတူပါဘဲ။

• Samsung Galaxy S20 Ultra

ဒီဖုန်းမှာအခြားဖုန်းတွေနဲ့ ကွာခြားချက်ကတော့ 108MP အဓိကကင်မရာနဲ့ 48MP periscope zoom ကင်မရာတွေ ထည့်ပေးထားပါတယ်။ “Plus”ဖုန်းမော်ဒယ်တွေပြီးနောက် Samsung ရဲ့ပိုပြီး ပရီမီယမ်ကျတဲ့ ဖုန်းလို့သတ်မှတ်နိုင်တဲ့ Ultra ပဲဖြစ်ပါတယ်။ ကင်မရာတည်ဆောက်မှုပုံစံကလည်း S20 နဲ့ S20+ တို့နဲ့ကွာခြားသွားမှာပါ။ အဓိကကင်မရာဟာ ကြီးမားတဲ့ 108MP sensor ဖြစ်ပြီး 9-in-1 pixel binning နည်းပညာကိုသုံးထားပါတယ်။ 9-in-1 pixel binning ကိုသုံးပြီးတော့ 2.4µm pixels နဲ့ညီမျှတဲ့ 12MP ဓာတ်ပုံတွေကိုထုတ်ပေးမှာပါ။ ဒါကြောင့် low-light ဓာတ်ပုံရိုက်ကူးမှုအပိုင်းမှာ ပိုကောင်းလာပါလိမ့်မယ်။ ပြီးတော့ optical image stabilization (OIS) နဲ့ f/1.8 aperture တွေလည်း ထောက်ပံ့ပေးထားပါတယ်။ 8K video တွေရိုက်ကူးနိုင်ပြီဆိုတော့ 8K TV တလုံးတော့ ပိုင်ဆိုင်ထားဖို့လိုပါပြီ။ “professional-level filming” အထိ စွမ်းဆောင်နိုင်ပြီလို့ Samsung ကဆိုပါတယ်။ telephoto ကင်မရာမှာ ပထမဆုံးအနေနဲ့ periscope lens ကို ထည့်ပေးလာပါပြီ။ ပြီးတော့ ပိုကြီးတဲ့ 48MP sensor ကိုလည်း သုံးနိုင်မှာပါ။ သူ့ကလည်း 4-in-1 pixel binning နည်းပညာနဲ့ 12MP ဓာတ်ပုံတွေကို ထုတ်ပေးမှာပါ။ Samsung ကပြောကြားချက်အရ 10x hybrid optical zoom နဲ့ 100x အထိ ဆွဲရိုက်နိုင်တဲ့ Super Resolution Zoom အထိ သုံးနိုင်မယ်လို့ သိရပါတယ်။ periscope lens မှာလည်း OIS လုပ်ဆောင်ပါပါတယ်။
နောက်ထပ်ကင်မရာကတော့ 12MP ultrawide angle ကင်မရာနဲ့ DepthVision sensor တို့ပဲဖြစ်ပါတယ်။ ကင်မရာမှာ Single Take ဆိုတဲ့ လုပ်ဆောင်ချက်လေး ထပ်ထည့်ပေးထားပါတယ်။ အဲ့ဒါကတော့ ကင်မရာအားလုံးကို အသုံးပြုပြီး ဓာတ်ပုံတွေကိုတပြိုင်နက်ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့မှာ AI ကနေတဆင့် အကောင်းဆုံးပုံတပုံထုတ်ပေးမှာ ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာကလည်းအခုဆိုရင် နောက်ထပ်ခြေလှမ်းသစ်ကို စတင်နိုင်ပြီလို့ ဆိုရမှာပါ။ 40MP selfie ကင်မရာဖြစ်ပြီး 4-in-1pixel binning နည်းပညာသုံးပြီး 10MP ဓာတ်ပုံတွေကိုထုတ်ပေးမှာပါ။ 10MP selfie ကင်မရာသာပါတဲ့ S20 နဲ့ S20+ တို့ထက် ပုံရိပ်ထုတ်ပေးမှုအပိုင်း ပိုကောင်းမှာကတော့ အသေအချာပါဘဲ။ Samsung Galaxy S20 Ultra အတွက် ဘက်ထရီကတော့ ဖုန်း 3 မျိုးထဲမှာအကြီးမားဆုံး 5,000mAh ဖြစ်ပါတယ်။ Galaxy S20 Ultra မှာလည်း ပိုကောင်းတဲ့ 45W charging ကိုထည့်ပေးလိုက်ပါတယ်။ Galaxy S20 Ultra မှာထည့်ပေးထားတဲ့ 5,000mAh ဘက်ထရီကို 45W charger နဲ့အားသွင်းမယ်ဆိုရင် 0% ကနေ 100% အထိရနိုင်ဖို့အတွက် 58 မိနစ်သာ ကြာနိုင်မယ်လို့ သိရပါတယ်။ Galaxy Note10+ မှာသုံးထားတဲ့ 4,300mAh ထက်ပိုမြန်သာသွားမှာ ဖြစ်ပါတယ်။ Galaxy Note10+ ဘက်ထရီကို 25W charger နဲ့အားသွင်းရင် 1နာရီနီးပါးကြာပြီး 45W charger နဲ့အားသွင်းမယ်ဆိုရင် 1 နာရီအောက်ကြာမှာပါ။ Galaxy S20 Ultra မှာပါတဲ့ စွမ်းရည်ဟာ Galaxy Note10+ အားသွင်းမှုပိုင်းမှာ ပိုမိုမြင့်မားသလို၊ ဘက်ထရီထိန်းသိမ်းမှုအပိုင်းမှာလည်း ပိုကောင်းပါလိမ့်မယ်။

• GALAXY Z FLIP

ကုမ္ပဏီရဲ့ ဒုတိယမြောက် foldable display ဖုန်းလို့သတ်မှတ်နိုင်ပြီး Galaxy Fold နဲ့တော့ ကွဲပြားပါတယ်။ Galaxy Fold က တက်ဘလက် အရွယ်အစားဖြစ်ပြီး Z Flip ကတော့ ပုံမှန် စမတ်ဖုန်းအရွယ်အစားကိုမှ foldable display နဲ့ပါ။ Z Flip မှာ 6.7-inch display ဖြစ်ပြီး super tall 22:9Dynamic AMOLED ကိုသုံးထားပါတယ်။ အခြား foldable screen ဖုန်းတွေနဲ့ ကွဲပြားတဲ့အချက်က သူ့မှာ Ultra Thin Glass layer ကိုထားတယ်လို့ ဆိုပါတယ်။ resolution က 1080 x 2636px ဖြစ်ပြီး Motorola Razr ထက် pixels 50% ကျော်ပိုများပါတယ်။ ဒုတိယမျက်နှာပြင်ကလည်း Super AMOLED ကို သုံးထားပြီး 1.1 လက်မသာရှိပါတယ်။ Snapdragon 865 ပရိုဆက်ဆာကိုသုံးထားပြီး 4G ကွန်ရက်ချိတ်ဆက်မှုသာရရှိမှာပါ။ အချက်အလက်ပိုင်းမှာ 8GB/256GB တမျိုးတည်းသာ ထုတ်ထားပြီး UFS 3.0 storage နဲ့ပါ။ အဓိကကင်မရာဟာ f/1.8 aperture နဲ့ 12MP sensor ဖြစ်ပါတယ်။ ultrawide တခုထပ်ပါအုံးမှာပါ။ Galaxy Z Flip မှာ 3,300 mAh ထည့်သွင်းထားပေမယ့် အားသွင်းအမြန်နှုန်းက 15W သာပေးထားပါတယ်။ အရောင် 3 မျိုးဖြစ်ပြီး Mirror Black ၊ Mirror Purple နဲ့ Mirror Gold ဆိုပြီး ဖြစ်ပါတယ်။ ဈေးနှုန်းဒေါ်လာ 1,380 ကျသင့်ပါလိမ့်မယ်။

• Galaxy Buds+

ဒုတိယမျိုးဆက်ကြိုးမဲ့နားကြပ် Galaxy Buds+ ကိုလည်း ကြေညာလာပါတယ်။ ဒါ့အပြင် Samsung ဟာ Galaxy Buds+ App ကိုလည်း ဖန်တီးထားကာ Android, iOS သုံးသူများသုံးနိုင်အောင်ထားပါတယ်။ အသံပိုင်းကိုအဆင့်မြင့်ထားတဲ့ အနေဖြင့် 2-Way Speakers (Woofer+Tweeter) ပါဝင်ပါတယ်။ AKG သုံးထားတာ ဖြစ်ပါတယ်။ မိုက်ခရိုဖုန်းသုံးလုံး ထည့်သွင်းပေးထားမေပယ့် Active Noise Cancellation တော့မပါဝင်ပါဘူး။ ကျေနပ်စရာဖြစ်လာတာကတော့ ဘက်ထရီ ဖြစ်ပါတယ်။ Galaxy Buds တုန်းက နားကြပ်တစ်ဖက်စီမှာဘက်ထရီ 58mAh ဘဲပါဝင်ပေမယ့် Galaxy Buds+ မှာ 85mAh အထိပါဝင်လာပါတယ်။ နားကြပ်သီးသန့်ဖြင့် သီချင်းနားထောင်မှုကို 11 နာရီအထိ ပြုလုပ်နိုင်ပါမယ်။ Case ကိုအားသွင်းမှု အားကြိုးမဲ့အားသွင်းမှု ထောက်ပံ့ထားသလို USB Type C ဖြင့်လည်းအားသွင်းနိုင်ပါတယ်။ Buds+ ကို အနက်ရောင်၊ အဖြူရောင်၊ အပြာရောင်၊ အနီရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ အသုံးပြုသူများအနေဖြင့် ကိုယ့်နားနဲ့သင့်တော်တဲ့ နားကြပ်ခေါင်းအရွယ်အစားကို သုံးနိုင်ဖို့အတွက် ရော်ဘာနားကြပ်ခေါင်းနှစ်ခု ထည့်သွင်းပေးထားပါတယ်။ Samsung Galaxy Buds+ ဈေးနှုန်းက ဒေါ်လာ 150 ဖြစ်ပါတယ်။ Samsung ဟာ Galaxy S20 စီးရီးအားကြိုတင်အမှာ ပြုလုပ်သူ များကို Galaxy Buds+ ကိုလက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

• Galaxy Z Flip Thom Browne Edition

Samsung အနေနဲ့ အထူးဗားရှင်းနှစ်မျိုးကိုလည်း ကြေညာထာပါတယ်။ Samsung Galaxy Z Flip ကို Thom Browne Edition နှင့်ကြေညာလာတာ ဖြစ်ပါတယ်။ Samsung ဟာ နယူးယောက်အခြေစိုက် ဖက်ရှင်အမှတ်တံဆိပ်နှင့်ပူးပေါင်းပြီး Galaxy Z Flip Thom Browne Edition ကိုဖန်တီးထားတာ ဖြစ်ပါတယ်။ Galaxy Z Flip Thom Browne Edition မှာ Thom Browne ရဲ့အမှတ်အသားအရောင်ဖြစ်တဲ့ ခဲရောင်သုံးထားသလို သူတို့ရဲ့အမှတ်တံဆိပ်ပါဝင်ပါတယ်။ Samsung Galaxy Z Flip Thom Browne Edition ဒီဇိုင်းကတော်တော်လေး ဆွဲဆောင်မှုရှိတာတွေ့ရပြီး ကိုင်တွယ်ရတာ ညက်ညော နေဖို့ သေချာပါတယ်။ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတာကတော့ ကီးဘုတ်အတွက် Type Writer, Ringtone သစ်တို့ ပါဝင်သလို App Icons ကလည်း အထူးဖန်တီးထားတာဖြစ်တာကြောင့် အသုံးပြုသူများအနေဖြင့် Thome Browne ကမ္ဘာသို့ ရောက်သွားသလိုခံစားရမှာ ဖြစ်ပါတယ်။ Samsung Galaxy Z Flip Thom Browne Edition ကို ဖေဖော်ဝါရီလ 14 ရက်နေ့မှာ ကြိုတင်အမှာလက်ခံသွားမှာဖြစ်ပြီး ဈေးနှုန်းကိုတော့ မကြေညာသေးပါဘူး။

• 25W Power Bank & 45W Car Charger

Samsung အနေနဲ့ စမတ်ဖုန်းသစ်များနှင့်တွဲသုံးနိုင်တဲ့ Accessories များကိုလည်း ကြေညာထားပါတယ်။ အဲ့ဒါတွေကတော့ 10000 mAh Power Bank နှစ်မျိုးနဲ့ 45W Dual Car Charger တွေပဲ ဖြစ်ပါတယ်။ ပထမ Power Bank မှာ Qi Wireless Charging Pad ပါဝင်ပါတယ်။ ကြိုးမဲ့အားသွင်းမှုကို 7.5W ဖြင့်အားသွင်းနိုင်သလို Type C ပေါက်နှစ်ခုလည်းပါဝင်ပြီး 25W ဖြင့်အားသွင်းပေးနိုင်ပါတယ်။ ဒုတိယ Power Bank မှာတော့ ကြိုးမဲ့အားသွင်းမှုပါဝင်ခြင်းမရှိပါဘူး။ USB A ပေါက်ပါဝင်ပြီး 25W ဖြင့်အားသွင်းပေးနိုင်ပါတယ်။ ကြိုးမဲ့အားသွင်းမှုထောက်ပံ့ထားတဲ့ Power Bank ကို ဒေါ်လာ 80 နှင့်ကျန် Power Bank ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ ယင်း Power Bank နှစ်မျိုးလုံးတို့ကို လာမယ့်မတ်လမှာ Samsung Galaxy S20 စီးရီးနှင့်အတူ ရောင်းချလာမှာ ဖြစ်ပါတယ်။ Samsung ဟာ 45W Dual Car Charger သစ်ကိုလည်း ထုတ်ပေးလိုက်ပြီး ယင်းမှာ USB Type C ပေါက်နှင့် USB A ပေါက်တို့ပါဝင်ပါတယ်။ USB Type C မှ 45W ဖြင့်အားသွင်းပေးနိုင်ပြီး USB A မှ 15W ဖြင့်အားသွင်းပေးနိုင်ပါတယ်။ 45W ဖြင့်အားသွင်းပေးနိုင်မှုကြောင့် Galaxy S20 Ultra ဝယ်ယူမယ့်သူများနဲ့ Galaxy Note10+ ဝယ်ယူထားသူများ အသုံးပြုနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

All of the biggest announcements from Samsung’s Galaxy S20 event


• Samsung Galaxy S20+


• Samsung Galaxy S20




• GALAXY Z FLIP


• Galaxy Buds+





