မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းရဲ့အင်တာနက်က Facebook တစ်ခုတည်း သုံးလို့ရပြီး ကျန်တာတွေက သုံးမရ ဖြစ်နေလို့ပါ။ ဘာကြောင့်ပါလဲခင်ဗျာ။ Facebook ကလည်း Video File တွေ ကြည့်လို့မရပါဘူးခင်ဗျာ။
ဖြေ – Setting ထဲက App ထဲကိုဝင် အလုပ်မလုပ်တဲ့ App မှာ Disable ဖြစ်နေလား။ WiFi Only ဖြစ်နေလား ကြည့်ပေးပါ။ အဲ့ဒါတွေ ပြင်လို့မရရင်တော့ Software မကောင်းတော့လို့ပါ။ ဆိုင်မှာ Reset သို့မဟုတ် Firmware ရေးပြီး ပြုပြင်နိုင်ပါတယ်။

မေး – အစ်ကိုရေ နောက်ထွက်ဖုန်းတွေမှာပါလာတဲ့ AI နည်းပညာဆိုတာ ဘာကို ပြောတာပါလဲ။ ရှင်းပြပေးပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ဖြေ – AI နည်းပညာဆိုတာ Artificial Intelligence နည်းပညာပါ။ အလွယ်ပြောရရင် အာရုံခံစနစ်တွေ ပါလာတာပါ။ အခုပေါ်လာတဲ့ လက်ဗွေနဲ့ ဖုန်း Lock ထားတဲ့ နည်းပညာ Fingerprint System ၊ မျက်နှာနဲ့ ဖုန်းကို Lock ချတဲ့ Facial Recognition နဲ့ မျက်လုံးနဲ့ ဖုန်းကို Lock ထားတဲ့ Iris Scanner တွေကို ဆိုလိုတာပါ။

မေး – အစ်ကိုရေ iPhone အတုကို အစ်ကို ဘယ်လိုခွဲခြားလို့ ရနိုင်ပါသလဲခင်ဗျာ။ မျှဝေပေးပါဦး အစ်ကိုရေ။
ဖြေ – Setting ထဲမှာ iTunes နဲ့ iCloud Account ဝင်လို့ ရ မရ ကြည့်တာက အလွယ်ကူဆုံး ခွဲခြားနည်းပါပဲ။ Clone တွေ ဘယ်လောက်တုတု iTunes နဲ့ iCloud System ကိုတော့ တုပလို့ မရတာကြောင့်ပါ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော် iCloud အကောင့်ကို မေ့သွားလို့ပါ။ ဘယ်လိုပြန်လုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ – Backup ယူထားတဲ့ ဖုန်းနံပါတ် သို့မဟုတ် Email ကနေ Forgot iCloud Password လုပ်ပြီး ယူလို့ ရပါတယ်။ အခန့်မသင့်ရင် iCloud Lock ကျတတ်လို့ ဆိုင်မှာပြင်ရင် ပိုကောင်းပါတယ်။

မေး – ကျွန်တော့်ဖုန်းက OPPO F1s ပါ။ မှန်ကွဲအက်သွားလို့ပါ။ အဲ့ဒါ လဲလို့ရနိုင်ပါသလားခင်ဗျာ။ ဈေးကရော ဘယ်လောက်လောက် ခန့်မှန်းခြေရှိနိုင်ပါသလဲ။
ဖြေ – OPPO တွေက မှန်ဈေးအနည်းငယ်ကြီးပါတယ်။ လဲလို့ရပါတယ်။ 5 သောင်းလောက်ထိ အများဆုံး ကုန်ကျနိုင်ပါတယ်။

မေး – အစ်ကိုရေ ကျွန်တော် Game ဆော့လိုက်တာမှာ ဖုန်းပါဝါကို ပိတ်သွားပါတယ်။ အဲ့ဒါ အားပြန်သွင်းတော့ အားလည်း မဝင်တော့ပါဘူး။ Power လည်း တက်မလာတော့လို့ပါ။ ဘယ်လိုလုပ်ရမှာပါလဲခင်ဗျာ။
ဖြေ – ဖုန်းတစ်လုံး ပါဝါမနိုးတော့တာ Software ကြောင့်လည်း ဖြစ်နိုင်သလို Hardware ကြောင့်လည်း ဖြစ်နိုင်တာမို့ သေချာပြောလို့ မရပါဘူး။ Game ကစားရင်းနဲ့ ပိတ်သွားတာကြောင့် Power IC လောင်သွားတာ ဖြစ်ဖို့များပါတယ်။ ဆိုင်ကိုသာ အမြန်ပြလိုက်ပါ။

မေး – အစ်ကိုရေ ကျွန်တော် စက်လေးလို့ဆိုပြီး Reset ချလိုက်ပါတယ်။ Logo ပေါ်လာပြီး ရှေ့ဆက်မသွားတော့လို့ပါ။ ဘာဖြစ်တာပါလဲခင်ဗျာ။ အကြံပေးပါဦး အစ်ကိုရေ။
ဖြေ – အဲ့ဒါ Software မကောင်းတော့လို့ပါ။ Reset ချလိုက်ပေမယ့် ထပ်မတက်တော့ပဲ Logo မှာ ရပ်သွားတာပါ။ အစ်ကိုတို့လည်း Reset ချတဲ့ ဖုန်းတစ်ချို့မှာ ဖြစ်ဖူးပါတယ်။ Software ပြန်ရေးလိုက်ပါ။ ကောင်းသွားပါလိမ့်မယ်။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းရဲ့ Sim Card လိုင်းတိုင်လေးတွေက ပေါ်လိုက် ပျောက်လိုက် ဖြစ်နေလို့ပါ။ ဘယ်လိုလုပ်ရမလဲ အစ်ကိုရေ။
ဖြေ – Software မကောင်းတာလည်း ဖြစ်နိုင်သလို စက်ပြားပေါ်က Network IC မကောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆိုင်ကိုပြပြီး သေချာစစ်ဆေးသင့်ပါတယ်။ အကုန်အကျ မများနိုင်ပါဘူး။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော်တို့ ဖုန်းနဲ့ Video ရိုက်ရင် မိနစ်နည်းနည်းလေးကို MB က 200 တွေ 300 ထိ တက်သွားတာကို တွေ့ရပါတယ်အစ်ကို။ အချို့ဇာတ်ကားတွေဆို 2 နာရီလောက်မှ 400 ၊ 500 လောက် ရှိတာပါ။ အဲ့ဒါ ဘာကြောင့်ပါလဲခင်ဗျာ။ ဗီဒီယိုရိုက်ကူးရင် MB နည်းနည်းနဲ့ ရိုက်လို့ရပါသလားခင်ဗျာ။
ဖြေ – ဖုန်းနဲ့ရိုက်တဲ့ Resolution Quality တွေက 1920 × 1080 Quality အမြင့်တွေ ဖြစ်တဲ့အတွက် ဇာတ်ကားတွေထက် MB ပိုများတာပါ။ ဇာတ်ကားအများစုက 1080 × 720 Quality ပဲ ရှိပါတယ်။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက Mi အမျိုးအစားပါ။ Facebook သုံးရင် ရက်စွဲတွေ နေ့တွေ ချိန်တဲ့ဟာ ပေါ်ပေါ်လာတယ်။ မှန်အောင်ချိန်လည်း ခဏခဏ ပေါ်လာနေလို့ပါ။ ဘာကြောင့်ပါလဲခင်ဗျာ။
ဖြေ – အချိန်ကို Auto မချိန်ထားတာကြောင့် ဖြစ်တတ်ပါတယ်။ Facebook ကို Uninstall လုပ်ပြီး ပြန် Install တင်ကြည့်ပါ။ Setting ထဲက Date and Time မှာ Automatic ထားပေးပါ။

ပန်းသတင်း မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်း (ပဲခူးမြို့) ဖုန်း-09-956559760, 09-683746227, 09-459212592 မှ ပံ့ပိုးကူညီသည်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာျပႆနာမ်ား

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းရဲ႕အင္တာနက္က Facebook တစ္ခုတည္း သံုးလို႔ရၿပီး က်န္တာေတြက သံုးမရ ျဖစ္ေနလို႔ပါ။ ဘာေၾကာင့္ပါလဲခင္ဗ်ာ။ Facebook ကလည္း Video File ေတြ ၾကည့္လို႔မရပါဘူးခင္ဗ်ာ။
ေျဖ – Setting ထဲက App ထဲကို၀င္ အလုပ္မလုပ္တဲ့ App မွာ Disable ျဖစ္ေနလား။ WiFi Only ျဖစ္ေနလား ၾကည့္ေပးပါ။ အဲ့ဒါေတြ ျပင္လို႔မရရင္ေတာ့ Software မေကာင္းေတာ့လို႔ပါ။ ဆိုင္မွာ Reset သို႔မဟုတ္ Firmware ေရးၿပီး ျပဳျပင္ႏိုင္ပါတယ္။

ေမး – အစ္ကိုေရ ေနာက္ထြက္ဖုန္းေတြမွာပါလာတဲ့ AI နည္းပညာဆိုတာ ဘာကို ေျပာတာပါလဲ။ ရွင္းျပေပးပါဦးခင္ဗ်ာ။ ေက်းဇူးတင္ပါတယ္။
ေျဖ – AI နည္းပညာဆိုတာ Artificial Intelligence နည္းပညာပါ။ အလြယ္ေျပာရရင္ အာ႐ံုခံစနစ္ေတြ ပါလာတာပါ။ အခုေပၚလာတဲ့ လက္ေဗြနဲ႔ ဖုန္း Lock ထားတဲ့ နည္းပညာ Fingerprint System ၊ မ်က္ႏွာနဲ႔ ဖုန္းကို Lock ခ်တဲ့ Facial Recognition နဲ႔ မ်က္လံုးနဲ႔ ဖုန္းကို Lock ထားတဲ့ Iris Scanner ေတြကို ဆိုလိုတာပါ။

ေမး – အစ္ကိုေရ iPhone အတုကို အစ္ကို ဘယ္လိုခြဲျခားလို႔ ရႏိုင္ပါသလဲခင္ဗ်ာ။ မွ်ေ၀ေပးပါဦး အစ္ကိုေရ။
ေျဖ – Setting ထဲမွာ iTunes နဲ႔ iCloud Account ၀င္လို႔ ရ မရ ၾကည့္တာက အလြယ္ကူဆံုး ခြဲျခားနည္းပါပဲ။ Clone ေတြ ဘယ္ေလာက္တုတု iTunes နဲ႔ iCloud System ကိုေတာ့ တုပလို႔ မရတာေၾကာင့္ပါ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ္ iCloud အေကာင့္ကို ေမ့သြားလို႔ပါ။ ဘယ္လိုျပန္လုပ္ရင္ အဆင္ေျပႏိုင္မလဲခင္ဗ်ာ။
ေျဖ – Backup ယူထားတဲ့ ဖုန္းနံပါတ္ သို႔မဟုတ္ Email ကေန Forgot iCloud Password လုပ္ၿပီး ယူလို႔ ရပါတယ္။ အခန္႔မသင့္ရင္ iCloud Lock က်တတ္လို႔ ဆုိင္မွာျပင္ရင္ ပိုေကာင္းပါတယ္။

ေမး – ကြၽန္ေတာ့္ဖုန္းက OPPO F1s ပါ။ မွန္ကြဲအက္သြားလို႔ပါ။ အဲ့ဒါ လဲလို႔ရႏိုင္ပါသလားခင္ဗ်ာ။ ေစ်းကေရာ ဘယ္ေလာက္ေလာက္ ခန္႔မွန္းေျခရွိႏိုင္ပါသလဲ။
ေျဖ – OPPO ေတြက မွန္ေစ်းအနည္းငယ္ႀကီးပါတယ္။ လဲလို႔ရပါတယ္။ 5 ေသာင္းေလာက္ထိ အမ်ားဆံုး ကုန္က်ႏိုင္ပါတယ္။

ေမး – အစ္ကိုေရ ကြၽန္ေတာ္ Game ေဆာ့လိုက္တာမွာ ဖုန္းပါ၀ါကို ပိတ္သြားပါတယ္။ အဲ့ဒါ အားျပန္သြင္းေတာ့ အားလည္း မ၀င္ေတာ့ပါဘူး။ Power လည္း တက္မလာေတာ့လို႔ပါ။ ဘယ္လိုလုပ္ရမွာပါလဲခင္ဗ်ာ။
ေျဖ – ဖုန္းတစ္လံုး ပါ၀ါမႏိုးေတာ့တာ Software ေၾကာင့္လည္း ျဖစ္ႏိုင္သလို Hardware ေၾကာင့္လည္း ျဖစ္ႏိုင္တာမို႔ ေသခ်ာေျပာလို႔ မရပါဘူး။ Game ကစားရင္းနဲ႔ ပိတ္သြားတာေၾကာင့္ Power IC ေလာင္သြားတာ ျဖစ္ဖို႔မ်ားပါတယ္။ ဆိုင္ကိုသာ အျမန္ျပလိုက္ပါ။

ေမး – အစ္ကိုေရ ကြၽန္ေတာ္ စက္ေလးလို႔ဆိုၿပီး Reset ခ်လိုက္ပါတယ္။ Logo ေပၚလာၿပီး ေရွ႕ဆက္မသြားေတာ့လို႔ပါ။ ဘာျဖစ္တာပါလဲခင္ဗ်ာ။ အႀကံေပးပါဦး အစ္ကိုေရ။
ေျဖ – အဲ့ဒါ Software မေကာင္းေတာ့လို႔ပါ။ Reset ခ်လိုက္ေပမယ့္ ထပ္မတက္ေတာ့ပဲ Logo မွာ ရပ္သြားတာပါ။ အစ္ကိုတို႔လည္း Reset ခ်တဲ့ ဖုန္းတစ္ခ်ိဳ႕မွာ ျဖစ္ဖူးပါတယ္။ Software ျပန္ေရးလိုက္ပါ။ ေကာင္းသြားပါလိမ့္မယ္။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းရဲ႕ Sim Card လိုင္းတိုင္ေလးေတြက ေပၚလိုက္ ေပ်ာက္လိုက္ ျဖစ္ေနလို႔ပါ။ ဘယ္လိုလုပ္ရမလဲ အစ္ကိုေရ။
ေျဖ – Software မေကာင္းတာလည္း ျဖစ္ႏိုင္သလို စက္ျပားေပၚက Network IC မေကာင္းတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဆိုင္ကိုျပၿပီး ေသခ်ာစစ္ေဆးသင့္ပါတယ္။ အကုန္အက် မမ်ားႏုိင္ပါဘူး။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ္တို႔ ဖုန္းနဲ႔ Video ႐ိုက္ရင္ မိနစ္နည္းနည္းေလးကို MB က 200 ေတြ 300 ထိ တက္သြားတာကို ေတြ႕ရပါတယ္အစ္ကို။ အခ်ိဳ႕ဇာတ္ကားေတြဆို 2 နာရီေလာက္မွ 400 ၊ 500 ေလာက္ ရွိတာပါ။ အဲ့ဒါ ဘာေၾကာင့္ပါလဲခင္ဗ်ာ။ ဗီဒီယို႐ိုက္ကူးရင္ MB နည္းနည္းနဲ႔ ႐ိုက္လို႔ရပါသလားခင္ဗ်ာ။
ေျဖ – ဖုန္းနဲ႔႐ုိက္တဲ့ Resolution Quality ေတြက 1920 × 1080 Quality အျမင့္ေတြ ျဖစ္တဲ့အတြက္ ဇာတ္ကားေတြထက္ MB ပိုမ်ားတာပါ။ ဇာတ္ကားအမ်ားစုက 1080 × 720 Quality ပဲ ရိွပါတယ္။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက Mi အမ်ိဳးအစားပါ။ Facebook သံုးရင္ ရက္စြဲေတြ ေန႔ေတြ ခ်ိန္တဲ့ဟာ ေပၚေပၚလာတယ္။ မွန္ေအာင္ခ်ိန္လည္း ခဏခဏ ေပၚလာေနလို႔ပါ။ ဘာေၾကာင့္ပါလဲခင္ဗ်ာ။
ေျဖ – အခ်ိန္ကို Auto မခ်ိန္ထားတာေၾကာင့္ ျဖစ္တတ္ပါတယ္။ Facebook ကို Uninstall လုပ္ၿပီး ျပန္ Install တင္ၾကည့္ပါ။ Setting ထဲက Date and Time မွာ Automatic ထားေပးပါ။

ပန္းသတင္း မိုဘိုင္းဖုန္းျပဳျပင္ေရးသင္တန္းေက်ာင္း (ပဲခူးၿမိဳ႕) ဖုန္း-09-956559760, 09-683746227, 09-459212592 မွ ပံ့ပိုးကူညီသည္။

NetGuide Journal (Every Wednesday)