ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက Realmeဟာ Dart နှင့် SuperDart ဆိုတဲ့အမည်မူပိုင်ခွင့် တင်ခဲ့ပါတယ်။ ယင်းအမည်တို့က သူတို့ရဲ့ စမတ်ဖုန်းများမှာ ပါဝင်လာမယ့် Fast Charging ကို ပေးလာမယ့် အမည်ဆိုရင်လည်း မမှားပါဘူး။ Vivo ရဲ့ VOOC နှင့် SuperVOOC လိုမျိုး အမည်ပေးထားတာပါ။

ယနေ့မှာ Realme က လာမယ့် Realme X50 Pro 5G မှာ SuperDart Fast Charging ကို ပထမဆုံး အသုံးပြုလာတော့မှာဖြစ်ကြောင်း အတည်ပြုလာပါတယ်။

Realme X50 Pro 5G ကို ဖေဖော်ဝါရီလ 24 ရက်နေ့မှာ MWC 2020 မှာ မိတ်ဆက်ဖို့ စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် MWC 2020 ကို ဖျက်သိမ်းလိုက်ပါပြီ။ ဒါပေမယ့် Realme X50 Pro 5G ကို ဖေဖော်ဝါရီလ 24 ရက်နေ့မှာပဲ အွန်လိုင်းကနေ မိတ်ဆက်ကြေညာသွားပါမယ်။

ထွက်ပေါ်ထားတဲ့သတင်းများအရ Realme X50 Pro 5G မှာ FHD+ 2400x1080px Resolution နှင့် 20:9 Aspect Ratio သုံးလာမှာဖြစ်ပြီး 120Hz Refresh Rate ပါဝင်မယ်လို့ သိရပါတယ်။ ဒီဖုန်းကို Snapdragon 865 SoC နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး 12GB LPDDR5 RAM နှင့် 256GB Storage ပါဝင်လာမယ်လို့ သိရပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Realme X50 Pro 5G တြင္ 65W SuperDart Charging ပါဝင္လာမည္

ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက Realmeဟာ Dart ႏွင့္ SuperDart ဆိုတဲ့အမည္မူပိုင္ခြင့္ တင္ခဲ့ပါတယ္။ ယင္းအမည္တို႔က သူတို႔ရဲ့ စမတ္ဖုန္းမ်ားမွာ ပါဝင္လာမယ့္ Fast Charging ကို ေပးလာမယ့္ အမည္ဆိုရင္လည္း မမွားပါဘူး။ Vivo ရဲ့ VOOC ႏွင့္ SuperVOOC လိုမ်ိဳး အမည္ေပးထားတာပါ။

ယေန႔မွာ Realme က လာမယ့္ Realme X50 Pro 5G မွာ SuperDart Fast Charging ကို ပထမဆုံး အသုံးျပဳလာေတာ့မွာျဖစ္ေၾကာင္း အတည္ျပဳလာပါတယ္။

Realme X50 Pro 5G ကို ေဖေဖာ္ဝါရီလ 24 ရက္ေန႔မွာ MWC 2020 မွာ မိတ္ဆက္ဖို႔ စီစဥ္ထားေပမယ့္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ MWC 2020 ကို ဖ်က္သိမ္းလိုက္ပါၿပီ။ ဒါေပမယ့္ Realme X50 Pro 5G ကို ေဖေဖာ္ဝါရီလ 24 ရက္ေန႔မွာပဲ အြန္လိုင္းကေန မိတ္ဆက္ေၾကညာသြားပါမယ္။

ထြက္ေပၚထားတဲ့သတင္းမ်ားအရ Realme X50 Pro 5G မွာ FHD+ 2400x1080px Resolution ႏွင့္ 20:9 Aspect Ratio သုံးလာမွာျဖစ္ၿပီး 120Hz Refresh Rate ပါဝင္မယ္လို႔ သိရပါတယ္။ ဒီဖုန္းကို Snapdragon 865 SoC ႏွင့္ ပါဝါေထာက္ပံ့လာမွာျဖစ္ၿပီး 12GB LPDDR5 RAM ႏွင့္ 256GB Storage ပါဝင္လာမယ္လို႔ သိရပါတယ္။

NetGuide Journal (Every Wednesday)