Facebook စီအီးအို ဇူကာဘတ်က ၎င်းတို့နည်းပညာကုမ္ပဏီအနေဖြင့် အနာဂတ်တွင် ဥရောပမှာ အခွန်များစွာ ပေးဆောင်ရေးကို လက်ခံကြောင်း၊ လူများမှာ ယင်းပြဿနာနှင့်ပတ်သက်ပြီး စိတ်ပျက်နေကြောင်း ပြောကြား သွားပါတယ်။

Facebook နှင့် နည်းပညာကုမ္ပဏီများဟာ ၎င်းတို့ အလုပ်လုပ်ရာ နိုင်ငံများတွင် မျှတသင့်တော်တဲ့ အခွန်ပေးဆောင်ခြင်း မရှိဘူးလို့ စွပ်စွဲခြင်း ခံထားရပါတယ်။

Facebook ဟာ 2018 ခုနှစ်တုန်းက ဗြိတိန်မှာ ပေါင် 1.65 ဘီလီယမ်အထိ ရရှိခဲ့ပေမယ့်လည်း ပေါင် 28.5 သန်းပဲ အခွန်ပေးဆောင်ခဲ့ရပါတယ်။

ဇူကာဘတ်က “နည်းပညာကုမ္ပဏီတွေရဲ့ ဥရောပမှာ အခွန်ဆောင်မှုနဲ့ပတ်သက်ပြီး လူတွေ စိတ်ပျက်နေတာ နားလည်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း အခွန်ထမ်းပေးဖို့ ပေးဖို့ အသင့်ပါပဲ။ နေရာဒေသအပေါ်မူတည်ပြီး အခွန်ကို သင့်တော်သလိုပေးဖို့ လက်ခံပါတယ်” လို့ ပြောကြားသွားပါတယ်။

ဗြိတိန်ဟာ ဧပြီလမှာ ကိုယ်ပိုင် ဒီဂျစ်တယ်ဝန်ဆောင်မှု အခွန်ဥပဒေကို ပြဌာန်းရန် စီစဉ်ထားပါတယ်။ ပြင်သစ်ဟာလည်း ကိုယ်ပိုင် ဒီဂျစ်တယ်ဝန်ဆောင်မှု အခွန်ဥပဒေပြဌာန်းရေးကို ရွေ့ဆိုင်းထားတယ်ဆိုပေမယ့် ယခုနှစ်အကုန်အထိ စောင့်ဆိုင်းနေပါတယ်။ ပြောရမယ်ဆိုရင် ပြင်သစ်ဟာ ဥပဒေပြဌာန်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပေမယ့် အမေရိကန်အစိုးရကလည်း ပြင်သစ်မှ တင်သွင်းတဲ့ ပစ္စည်းများကို အခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်မှုကြောင့် ရွေ့ဆိုင်းထားရတာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ အမေရိကန်ဟာ ဗြိတိန်ကိုလည်း အမေရိကန်တင်သွင်းတဲ့ ပစ္စည်းများအတွက် အခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

ဥရောပတွင် အခွန်များစွာပေးရန် အသင့်ရှိနေကြောင့် Facebook CEO ဇူကာဘတ်ပြောကြား





