နှစ်တိုင်းလိုလို Google Pixel စီးရီးဖုန်းသစ်တွေကို အောက်တိုဘာလမှာ ထုတ်ပြလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့အနေနဲ့ မျော်လင့်လို့ရတာက Pixel 5 နဲ့ 5 XL ဖုန်းတွေ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပထမဆုံး အနေနဲ့ Google Pixel 5 XL ဖုန်းရဲ့ render ပုံရိပ်ထွက်လာပါတယ်။ ဒီဇိုင်းကြီးကတော့ သိပ်အကြိုက်တွေ့ကြမယ် ပုံမပေါ်ပါဘူး။ ကင်မရာ ဒီဇိုင်းကြီးက ဂွမ်းလို့ပါ။
ဒါဟာရှေ့ပြေးပုံစံ တခုသာဖြစ်ပြီး အတည်တကျတော့ မှတ်ယူနိုင်မှာ မဟုတ်ပါဘူး။ Pixel series ဖုန်းတွေရဲ့ prototype render တွေဟာ ထွက်ချင်တိုင်း ထွက်နေအုံးမှာပါ။ FrontPageTech က YouTuber Jon Prosser တင်ထားတာဖြစ်ပြီး Pixel 5 XL ပုံတွေဟာ ဖန်တီးထားတဲ့ပုံမျိုးပါ။ ဂျွန်ကသူ့အနေနဲ့ Pixel 5 XL နဲ့ ပတ်သတ်ပြီး ရှေ့ပြေးပုံစံ ၃ မျိုးကိုတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ရှေ့ပြေးပုံစံ ၂ ခုဟာ Pixel 4 lineup နဲ့ဆင်တူတဲ့ ကင်မရာပုံစံမျိုးဖြစ်ပြီး တမျိုးကတော့ လေးထောင့်မကျ၊အဝိုင်းမကျပုံစံမျိုးပါ။
Pixel 5 XL ရဲ့လက်ရှိ ရှေ့ပြေးပုံစံကို ကြည့်လိုက်မယ်ဆိုရင် glossy camera module ဖြစ်ပြီး နောက်ဘက်မှာတပ်ထားတာက “soft matte glass ” ဖြစ်ပါတယ်။ ကင်မရာဆင်ဆာ ၃ မျိုးသာ တပ်ဆင်ထားမှာဖြစ်ပါတယ်။ ဒါဟာလက်ရှိထွက်ထားသမျှ ဖုန်းတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် အတော်လေးကြည့်ရဆိုးတဲ့ ဒီဇိုင်းလို့ သတ်မှတ်နိုင်မှာပါ။

zawgyi

ရုပ္ဆိုးဆိုးကင္မရာပုံစံနဲ႔ Pixel 5 XL render ပံုရိပ္ထြက္လာ
ႏွစ္တိုင္းလိုလို Google Pixel စီးရီးဖုန္းသစ္ေတြကို ေအာက္တုိဘာလမွာ ထုတ္ျပေလ့ရွိပါတယ္။ ဒီႏွစ္မွာေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ ေမ်ာ္လင့္လို႕ရတာက Pixel 5 နဲ႔ 5 XL ဖုန္းေတြ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ပထမဆုံး အေနနဲ႔ Google Pixel 5 XL ဖုန္းရဲ႕ render ပုံရိပ္ထြက္လာပါတယ္။ ဒီဇုိင္းႀကီးကေတာ့ သိပ္အႀကိဳက္ေတြ႕ၾကမယ္ ပုံမေပၚပါဘူး။ ကင္မရာ ဒီဇုိင္းႀကီးက ဂြမ္းလို႔ပါ။
ဒါဟာေရွ႕ေျပးပုံစံ တခုသာျဖစ္ၿပီး အတည္တက်ေတာ့ မွတ္ယူႏိုင္မွာ မဟုတ္ပါဘူး။ Pixel series ဖုန္းေတြရဲ႕ prototype render ေတြဟာ ထြက္ခ်င္တိုင္း ထြက္ေနအုံးမွာပါ။ FrontPageTech က YouTuber Jon Prosser တင္ထားတာျဖစ္ၿပီး Pixel 5 XL ပုံေတြဟာ ဖန္တီးထားတဲ့ပုံမ်ိဳးပါ။ ဂၽြန္ကသူ႕အေနနဲ႔ Pixel 5 XL နဲ႔ ပတ္သတ္ၿပီး ေရွ႕ေျပးပုံစံ ၃ မ်ိဳးကိုေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။ ေရွ႕ေျပးပုံစံ ၂ ခုဟာ Pixel 4 lineup နဲ႔ဆင္တူတဲ့ ကင္မရာပုံစံမ်ိဳးျဖစ္ၿပီး တမ်ိဳးကေတာ့ ေလးေထာင့္မက်၊အဝိုင္းမက်ပုံစံမ်ိဳးပါ။
Pixel 5 XL ရဲ႕လက္ရွိ ေရွ႕ေျပးပုံစံကို ၾကည့္လိုက္မယ္ဆိုရင္ glossy camera module ျဖစ္ၿပီး ေနာက္ဘက္မွာတပ္ထားတာက “soft matte glass ” ျဖစ္ပါတယ္။ ကင္မရာဆင္ဆာ ၃ မ်ိဳးသာ တပ္ဆင္ထားမွာျဖစ္ပါတယ္။ ဒါဟာလက္ရွိထြက္ထားသမွ် ဖုန္းေတြနဲ႔ ယွဥ္လုိက္မယ္ဆိုရင္ အေတာ္ေလးၾကည့္ရဆိုးတဲ့ ဒီဇုိင္းလို႔ သတ္မွတ္ႏုိင္မွာပါ။