OPPO ဟာ စမတ်ဖုန်းသစ် A31 ကို အင်ဒိုနီးရှားဈေးကွက်မှာ ကြေညာလာပါတယ်။ OPPO A31 က အလယ်အလတ်တန်း စမတ်ဖုန်းတစ်လုံးဖြစ်ပြီး မျက်နှာပြင် 6.5 လက်မ HD+ ရုပ်ထွက်၊ 20:9 Aspect Ratio သုံးထားပါတယ်။ Waterdrop Notch သုံးထားကာ ယင်းမှာရှေ့ကင်မရာ 8MP ပါဝင်ပါတယ်။
ကျောဘက်မှာ ကင်မရာသုံးလုံးပါဝင်ပါတယ်။ ကျောဘက်ကင်မရာသုံးလုံးက 12MP+2MP Portrait+2MP Macro တို့ဖြစ်ပါတယ်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာထည့်သွင်းထားပါတယ်။

ဒီဖုန်းကို MediaTek Helio P35, RAM4GB နှင့်အထိုင်ချထားပြီး Storage 128GB ပါဝင်ပါတယ်။ microSD မှတဆင့် ထပ်တိုးနိုင်ပါတယ်။
Android 9 Pie အခြေခံ ColorOS 6.1 သုံးထားပါတယ်။ ဘက်ထရီ 4230 mAh ပါဝင်ပြီး microUSB မှတဆင့် အားသွင်းရမှာဖြစ်ပါတယ်။ နားကြပ်ပေါက်ပါဝင်ပါတယ်။ Bluetooth 5.0 ၊ FM Radio Receiver တို့ပါဝင်ပါတယ်။
OPPO A31 ကို Mystery Black, Fantasy White အရောင်တို့နှင့် ရွေးချယ်နိုင်ပြီး ဈေးနှုန်းဒေါ်လာ 190 သတ်မှတ်ထားပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

မျက်နှာပြင် 6.5 လက်မ၊ Helio P35 နှင့်ဘက်ထရီ 4230 mAh ပါဝင်တဲ့ OPPO A31 ကိုကြေညာ


