Xiaomi ဟာ ကြာသပတေးနေ့က Xiaomi Mi 10 နှင့် Mi 10 Pro တို့ကိုကြေညာခဲ့ပါတယ်။ ယင်းနောက် သောကြာနေ့မှာ Xiaomi Mi 10 ကို စတင်ရောင်းချခဲ့ပါတယ်။ Xiaomi Mi 10 ဟာ စတင်ရောင်းချပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ပထမအသုတ်အကုန်ရောင်းချခဲ့ရပါတယ်။
Xiaomi က Mi 10 ပထမအသုတ်ရောင်းချမှုမှာ တရုတ်ယွမ်သန်း 200 ကျော်ရရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ Xiaomi Mi 10 အလုံးရေဘယ်လောက်အထိ ရောင်းချရသလဲဆိုတာ မကြေညာပေမယ့်လည်း အလုံးရေ 42000 မှ 50000 အတွင်းရှိလာဖို့သေချာပါတယ်။
Xiaomi ဟာ Mi 10 ဒုတိယအသုတ်ရောင်းချမှုကို လာမယ့်ဖေဖော်ဝါရီလ 21 ရက်နေ့မှာ ပြုလုပ်သွားဦးမှာ ဖြစ်ပါတယ်။ Xiaomi Mi 10 Pro ပထမအသုတ်ရောင်းချမှုကို လာမယ့်ဖေဖော်ဝါရီလ 18 ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Xiaomi Mi 10 မှာ မျက်နှာပြင် 6.7 လက်မ AMOLED FHD+ 90Hz Refresh Rate ၊ Gorilla Glass 5 မှန်သုံးထားပါတယ်။ Snapdragon 865 SoC နှင့် အထိုင်ချထားပြီး RAM8GB/128GB ၊ RAM8GB/256GB ၊ RAM12GB/256GB ဗားရှင်းတို့နှင့် ရွေးချယ်နိုင်ပါတယ်။
ကျောဘက်ကင်မရာလေးလုံးပါဝင်ပြီး 108MP+8MP Ultrawide+2MP Macro+2MP Depth တို့ဖြစ်ပါတယ်။ ရှေ့ကင်မရာက 20MP ဖြစ်ပါတယ်။ ဘက်ထရီ 4780 mAh ပါဝင်ပြီး 30W Wired and Wireless Charging နှင့် 10W Reverse Wireless Charging ထောက်ပံ့ထားပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ဈေးကွက်တောင်းဆိုမှုမြင့်မားတဲ့ Xiaomi Mi 10 ဖုန်းများစက္ကန့်ပိုင်းအတွင်းအကုန်ရောင်းချခဲ့ရ


