OPPO ဟာ Stylus Pen ပါဝင်တဲ့ စမတ်ဖုန်း တစ်လုံးကို ထုတ်လုပ်ရောင်းချသွားဖို့ ရှိနေပါတယ်။ OPPO ဟာ Stylus ပါဝင်တဲ့ စမတ်ဖုန်းဒီဇိုင်းကို မူပိုင်ခွင့် ရယူလာပါတယ်။ ဒါကိုကြည့်ရင် တရုတ်စမတ်ဖုန်းကုမ္ပဏီဟာ အနာဂတ်မှာ Stylus ပါဝင်တဲ့ စမတ်ဖုန်းထုတ်လုပ်ရောင်းချဖို့ အစီအစဉ်ရှိနေကြောင်း သိနိုင်ပါတယ်။

Stylusက Samsung Galaxy Note စီးရီးရဲ့ အမှတ်အသားတစ်ခု ဖြစ်ပါတယ်။ Samsung Galaxy Note စီးရီးမှာ Stylus ကို ဖုန်းအောက်ခြေမှ အပေါက်မှာ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် ယခု OPPO က ရယူလာတဲ့ ဒီဇိုင်းမူပိုင်ခွင့်အရ ယင်းစမတ်ဖုန်းမှာ Stylusကို ဖုန်းအပေါ်ပိုင်းမှာ ထည့်သွင်းထားပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ OPPO Stylus မှာ Bluetooth ပါဝင်သလို မိုက်ခရိုဖုန်းလည်း ပါဝင်တာ တွေ့ရပါတယ်။ OPPO Stylus မှာ သံလိုက်လည်း ပါဝင်တာကြောင့် ဖုန်းထိပ်ပိုင်းမှာ မြဲမြံစွာ ရှိနေပါမယ်။

လက်ရှိအချိန်မှာ OPPO ဟာ ဘယ်စမတ်ဖုန်းမှာ Stylus ကို ထည့်သွင်းလာမလဲဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။

လက်ရှိအချိန်မှာ စမတ်ဖုန်းလောကမှာ Samsung ၊ LG နှင့် Motorola တို့ကဘဲ Stylus ပါဝင်တဲ့ စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချရပါသေးတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Stylus Pen ပါဝင္တဲ့ စမတ္ဖုန္း ထုတ္လုပ္ေရာင္းခ်လာမယ့္ OPPO

OPPO ဟာ Stylus Pen ပါဝင္တဲ့ စမတ္ဖုန္း တစ္လုံးကို ထုတ္လုပ္ေရာင္းခ်သြားဖို႔ ရွိေနပါတယ္။ OPPO ဟာ Stylus ပါဝင္တဲ့ စမတ္ဖုန္းဒီဇိုင္းကို မူပိုင္ခြင့္ ရယူလာပါတယ္။ ဒါကိုၾကည့္ရင္ တ႐ုတ္စမတ္ဖုန္းကုမၸဏီဟာ အနာဂတ္မွာ Stylus ပါဝင္တဲ့ စမတ္ဖုန္းထုတ္လုပ္ေရာင္းခ်ဖို႔ အစီအစဥ္ရွိေနေၾကာင္း သိနိုင္ပါတယ္။

Stylusက Samsung Galaxy Note စီးရီးရဲ့ အမွတ္အသားတစ္ခု ျဖစ္ပါတယ္။ Samsung Galaxy Note စီးရီးမွာ Stylus ကို ဖုန္းေအာက္ေျခမွ အေပါက္မွာ ထည့္သြင္းထားပါတယ္။ ဒါေပမယ့္ ယခု OPPO က ရယူလာတဲ့ ဒီဇိုင္းမူပိုင္ခြင့္အရ ယင္းစမတ္ဖုန္းမွာ Stylusကို ဖုန္းအေပၚပိုင္းမွာ ထည့္သြင္းထားပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ OPPO Stylus မွာ Bluetooth ပါဝင္သလို မိုက္ခရိုဖုန္းလည္း ပါဝင္တာ ေတြ႕ရပါတယ္။ OPPO Stylus မွာ သံလိုက္လည္း ပါဝင္တာေၾကာင့္ ဖုန္းထိပ္ပိုင္းမွာ ျမဲၿမံစြာ ရွိေနပါမယ္။

လက္ရွိအခ်ိန္မွာ OPPO ဟာ ဘယ္စမတ္ဖုန္းမွာ Stylus ကို ထည့္သြင္းလာမလဲဆိုတာ အတိအက် မေျပာနိုင္ေသးပါဘူး။

လက္ရွိအခ်ိန္မွာ စမတ္ဖုန္းေလာကမွာ Samsung ၊ LG ႏွင့္ Motorola တို႔ကဘဲ Stylus ပါဝင္တဲ့ စမတ္ဖုန္းကို ထုတ္လုပ္ေရာင္းခ်ရပါေသးတယ္။

NetGuide Journal (Every Wednesday)