MWC 2020 ရပ်ဆိုင်းလိုက်တဲ့ အချိန်မှာ ဘယ်စမတ်ဖုန်းတွေကို ဘယ်အချိန်မှာ မိတ်ဆက်လာမလဲဆိုတာ ကိစ္စက အတော်လေးဂယက်ရိုက်သွားပါတယ်။ MWC 2020 ပွဲမှာ အဓိကထားမိတ်ဆက်လာ့မယ့် စမတ်ဖုန်း အများစု ရှိနေကြလို့ပါ။ အဲ့လို ထုတ်လုပ်သူတွေထဲမှာ OPPO ကလည်း Find X2 Pro ကိုကြေညာဖို့ ရှိနေခဲ့တာပါ။ ဒီနေ့မှာတော့ Geekbench ကနေ OPPO Find X2 Pro ဖုန်းနဲ့ ပတ်သတ်လို့ အဓိကအချက်အလက် အချို့ထွက်လာပါတယ်။Oppo Find X2 Pro shines on Geekbench with Snapdragon 865 and 12 GB RAM

Codenamed ကို CPH2025 လို့ပေးထားပြီး ဒါဟာ OPPO ရဲ့ အသစ်ထွက်လာမယ့် Pro ဗားရှင်း ဖုန်းဖြစ်နိုင်ပါတယ်။ Geekbench စာရင်းမှာ မြင်တွေ့ရသလောက်ကတော့ Snapdragon 865 ပရိုဆက်ဆာနဲ့အတူ 12 GB RAM အသုံးပြုလာဖို့ များပါတယ်။ ပြီးတော့ Android 10 ကိုလည်း တပါတည်း ထည့်ပေးလာမှာပါ။
single-core ရလာဒ်မှာ 913 ဖြစ်ပြီး multi-core မှာတော့ 3,308 ရထားပါတယ်။ Geekbench 5 နဲ့စမ်းသပ်ထားတဲ့ android ဖုန်းတွေထဲမှာတော့ အမြင့်ဆုံးရလာဒ်လို့ သတ်မှတ်နိုင်ပါလိမ့်မယ်။ Find X2 Pro ရဲ့စွမ်းဆောင်ရည်ဟာ လတ်တလောထွက်ထားတဲ့ Qualcomm (သို့) Exynos chipset ဖုန်းတွေကို ကောင်းကောင်းယှဉ်နိုင်ပါလိမ့်မယ်။ Oppo Find X2 နဲ့ပတ်သတ်တဲ့ နောက်ထပ် အချက်တွေကတော့ အဲ့ဒီဖုန်းမှာ 120Hz refresh rate ရှိမယ့် screen ကိုသုံးလာမယ်လို့ ဆိုပါတယ်။ Sony sensor ဖြစ်တဲ့ 48 MP ကင်မရာနဲ့ 65W charging သုံးလာမှာပါ။

zawgyi

Snapdragon 865 နဲ႔ 12 GB RAM သုံးလာမယ့္ Oppo Find X2 Pro

MWC 2020 ရပ္ဆိုင္းလိုက္တဲ့ အခ်ိန္မွာ ဘယ္စမတ္ဖုန္းေတြကို ဘယ္အခ်ိန္မွာ မိတ္ဆက္လာမလဲဆိုတာ ကိစၥက အေတာ္ေလးဂယက္႐ိုက္သြားပါတယ္။ MWC 2020 ပြဲမွာ အဓိကထားမိတ္ဆက္လာ့မယ့္ စမတ္ဖုန္း အမ်ားစု ရွိေနၾကလို႔ပါ။ အဲ့လို ထုတ္လုပ္သူေတြထဲမွာ OPPO ကလည္း Find X2 Pro ကိုေၾကညာဖို႔ ရွိေနခဲ့တာပါ။ ဒီေန႔မွာေတာ့ Geekbench ကေန OPPO Find X2 Pro ဖုန္းနဲ႔ ပတ္သတ္လို႔ အဓိကအခ်က္အလက္ အခ်ိဳ႕ထြက္လာပါတယ္။ Oppo Find X2 Pro shines on Geekbench with Snapdragon 865 and 12 GB RAM
Codenamed ကို CPH2025 လို႔ေပးထားၿပီး ဒါဟာ OPPO ရဲ႕ အသစ္ထြက္လာမယ့္ Pro ဗားရွင္း ဖုန္းျဖစ္ႏိုင္ပါတယ္။ Geekbench စာရင္းမွာ ျမင္ေတြ႕ရသေလာက္ကေတာ့ Snapdragon 865 ပ႐ိုဆက္ဆာနဲ႔အတူ 12 GB RAM အသုံးျပဳလာဖို႔ မ်ားပါတယ္။ ၿပီးေတာ့ Android 10 ကိုလည္း တပါတည္း ထည့္ေပးလာမွာပါ။
single-core ရလာဒ္မွာ 913 ျဖစ္ၿပီး multi-core မွာေတာ့ 3,308 ရထားပါတယ္။ Geekbench 5 နဲ႔စမ္းသပ္ထားတဲ့ android ဖုန္းေတြထဲမွာေတာ့ အျမင့္ဆုံးရလာဒ္လို႔ သတ္မွတ္ႏိုင္ပါလိမ့္မယ္။ Find X2 Pro ရဲ႕စြမ္းေဆာင္ရည္ဟာ လတ္တေလာထြက္ထားတဲ့ Qualcomm (သို႔) Exynos chipset ဖုန္းေတြကို ေကာင္းေကာင္းယွဥ္ႏိုင္ပါလိမ့္မယ္။ Oppo Find X2 နဲ႔ပတ္သတ္တဲ့ ေနာက္ထပ္ အခ်က္ေတြကေတာ့ အဲ့ဒီဖုန္းမွာ 120Hz refresh rate ရွိမယ့္ screen ကိုသုံးလာမယ္လို႔ ဆိုပါတယ္။ Sony sensor ျဖစ္တဲ့ 48 MP ကင္မရာနဲ႔ 65W charging သုံးလာမွာပါ။