Samsung ဟာ အင်္ဂါနေ့တုန်းက Galaxy S20 စီးရီး၊ Galaxy Z Flip နှင့် Galaxy Z Flip Thom Browne Edition ကိုလည်း ကြေညာခဲ့ပါတယ်။

Samsung Galaxy Z Flip Thom Browne Edition ကို နယူးယောက်ဖက်ရှင်အမှတ်တံဆိပ် Thom Browne နှင့် ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပြီး ဒီဖုန်းကို Pebble Gray အရောင်တစ်မျိုးတည်းနှင့်ဘဲ ရွေးချယ်နိုင်ပါတယ်။ Samsung Galaxy Z Flip Thom Browne Edition မှာ Thom Browne ရဲ့ အမှတ်တံဆိပ်၊ အရောင်တို့ ပါဝင်ပါတယ်။ ထူးခြားတာကတော့ Thom Browne တံဆိပ်နှင့် အရောင်ဘဲ သုံးထားတဲ့ Samsung Galaxy Watch Active 2 နှင့် Galaxy Buds+ တို့လည်း ပါဝင်ပါတယ်။ Samsung Galaxy Watch Active 2 Thom Browne Edition မှာ လက်ပတ်အနက်တစ်ခုအပြင် Thom Browne ရောင်တန်းတံဆိပ်လည်း ပါဝင်ပါတယ်။

Samsung Galaxy Z Flip Thom Browne Edition မှာ အပြင်ပန်းဒီဇိုင်းအပြင် Wallpapers ၊ Ringtones ၊ App Icon နှင့် အခြားအရာတွေလည်း ပါဝင်ပါသေးတယ်။

Samsung ဟာ Samsung Galaxy Z Flip Thom Browne Edition ကို ကြေညာတုန်းက ဈေးနှုန်းကို မပြောခဲ့ပါဘူး။ ယနေ့မှာတော့ Samsung Galaxy Z Flip Thom Browne Editionရဲ့ ဈေးနှုန်းက ဒေါ်လာ 2480 ဖြစ်ကြောင်း သိရပါတယ်။ ကံကောင်းတာကတော့ ဈေးနှုန်း ဒေါ်လာ 440 လျှော့ချပြီး ဒေါ်လာ 2040 ဖြင့် ရောင်းချလာတာ ဖြစ်ပါတယ်။

Samsung Galaxy Z Flip Thom Browne Editionကို ယနေ့ ဖေဖော်ဝါရီလ 14 ရက်နေ့မှာ ကြိုတင်အမှာ ပြုလုပ်နိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Samsung Galaxy Z Flip Thom Browne Edition ကို ဈေးနှုန်း ဒေါ်လာ 2480 သတ်မှတ်ထား





