အမေရိကန်ရဲ့ ပိတ်ပင်မှု ခံရမှုနဲ့အတူ Huawei ဟာ သူတို့ရဲ့ စမတ်ဖုန်းသစ်များမှာ Google Mobile Service အသုံးပြုခွင့်မရတော့ပါဘူး။ ဒါကြောင့်လည်း Huawei ဟာ Google Mobile Service (GMS) နေရာမှာ အစားထိုးဖို့အတွက် Huawei Mobile Service (HMS) ကို လုပ်ဆောင်နေပါတယ်။ နောက်ဆုံး ထွက်ပေါ်လာတဲ့သတင်းအရ တူရကီအော်ပရေတာ Turkcell ဟာ Huawei Mobile Service ကို အသုံးပြုဖို့အတွက် Huawei နှင့် သဘောတူလက်မှတ် ရေးထိုးလိုက်ကြောင်း သိရပါတယ်။

Turkcell ဟာ HMS ပါဝင်တဲ့ Huawei စမတ်ဖုန်း အလုံးရေ 1 သန်းကို လာမယ့် 2020 ခုနှစ်၊ ဧပြီလမှ လာမယ့် 2021 ခုနှစ်အကုန်အထိ ရောင်းချရန် ပစ်မှတ်ထားပါတယ်။ လက်ရှိအချိန်မှာ တူရကီနိုင်ငံမှာ Huawei ID ဖြင့် အသုံးပြုနေတဲ့ Huawei စမတ်ဖုန်း 4.6 သန်းကျော် ရှိပါတယ်။

Huawei ဟာ Huawei Mobile Services မှာ အလုပ်လုပ်တဲ့ Turkcell App ပေါင်း 30 နီးပါးကို ပူးပေါင်း လုပ်ဆောင်နေပါတယ်။

Huawei နှင့် Turkcell တို့ရဲ့ လုပ်ဆောင်မှုကိုကြည့်ရင် Huawei Mobile Service ကို လာမယ့် ဧပြီလမတိုင်မီ စတင်လာဖို့ ရှိနေတာကို မြင်တွေ့ရပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Huawei Mobile Service သုံးရန္ Turkcell သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီး 2021 ခုႏွစ္အထိ ကာလအတြင္းတြင္ အလုံးေရ 1 သန္း ေရာင္းခ်ရန္ ပစ္မွတ္ထား

အေမရိကန္ရဲ့ ပိတ္ပင္မွု ခံရမွုနဲ႔အတူ Huawei ဟာ သူတို႔ရဲ့ စမတ္ဖုန္းသစ္မ်ားမွာ Google Mobile Service အသုံးျပဳခြင့္မရေတာ့ပါဘူး။ ဒါေၾကာင့္လည္း Huawei ဟာ Google Mobile Service (GMS) ေနရာမွာ အစားထိုးဖို႔အတြက္ Huawei Mobile Service (HMS) ကို လုပ္ေဆာင္ေနပါတယ္။ ေနာက္ဆုံး ထြက္ေပၚလာတဲ့သတင္းအရ တူရကီေအာ္ပေရတာ Turkcell ဟာ Huawei Mobile Service ကို အသုံးျပဳဖို႔အတြက္ Huawei ႏွင့္ သေဘာတူလက္မွတ္ ေရးထိုးလိုက္ေၾကာင္း သိရပါတယ္။

Turkcell ဟာ HMS ပါဝင္တဲ့ Huawei စမတ္ဖုန္း အလုံးေရ 1 သန္းကို လာမယ့္ 2020 ခုႏွစ္၊ ဧၿပီလမွ လာမယ့္ 2021 ခုႏွစ္အကုန္အထိ ေရာင္းခ်ရန္ ပစ္မွတ္ထားပါတယ္။ လက္ရွိအခ်ိန္မွာ တူရကီနိုင္ငံမွာ Huawei ID ျဖင့္ အသုံးျပဳေနတဲ့ Huawei စမတ္ဖုန္း 4.6 သန္းေက်ာ္ ရွိပါတယ္။

Huawei ဟာ Huawei Mobile Services မွာ အလုပ္လုပ္တဲ့ Turkcell App ေပါင္း 30 နီးပါးကို ပူးေပါင္း လုပ္ေဆာင္ေနပါတယ္။

Huawei ႏွင့္ Turkcell တို႔ရဲ့ လုပ္ေဆာင္မွုကိုၾကည့္ရင္ Huawei Mobile Service ကို လာမယ့္ ဧၿပီလမတိုင္မီ စတင္လာဖို႔ ရွိေနတာကို ျမင္ေတြ႕ရပါမယ္။

NetGuide Journal (Every Wednesday)