လွန်ခဲ့တဲ့ လလောက်က OnePlus 8 Pro ဖုန်းနဲ့ ပတ်သတ်ပြီး အချက်အလက်အနည်းငယ်ကို Geekbench မှာ တွေ့ထားပါတယ်။ မော်ဒယ်နံပတ် IN2023 နဲ့ဖြစ်ပြီး ၊ ဒုတိယမော်ဒယ်နံပတ်ကတော့ IN2025 ဆိုပြီး ဖြစ်ပါတယ်။ ဒုတိယတခုဟာ OnePlus 8 ဖြစ်နိုင်ပါတယ်။ စာရင်းအရ Snapdragon 865 chipset (“kona”) လို့ပေးထားပြီး ရမှတ်တွေက သိပ်ကွာခြားခြင်း မရှိပါဘူး။
RAM ပိုင်းမှာတော့ Pro model အတွက် 12GB ဖြစ်ပြီး ပုံမှန်မော်ဒယ်အတွက် 8GB ဖြစ်နိုင်ပါတယ်။ နောက်ထပ်စဉ်းစားစရာ ရှိနေပါသေးတယ်။ အဲ့ဒါကတော့ OnePlus အနေနဲ့ Pro model ကို 120Hz screen ထားပြီးတော့ OnePlus 8 ကိုတော့ 90Hz ထားမလား ဆိုတာပါ။ ဒါဆိုရင် ဖုန်းတွေက screen ပိုင်းမှာကွာခြားသွားလိမ့်မယ်။ နောက်ထပ်တချက်က panel အသစ်ကို သုံးလာမလား ဆိုတာပါဘဲ။
ဖုန်းမှာဘက်ထရီ အားသွင်းဖို့အတွက် Warp Charge 50 သုံးလာမယ်လို့သိရပြီး မေလမှာမိတ်ဆက်မယ့်အစား မတ်လ သို့ ဧပြီလလောက်မှာ မိတ်ဆက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

zawgyi

Geekbench ကိုရောက်လာတဲ့ Snapdragon 865 သုံးထားတဲ့ OnePlus 8