တရုတ်နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ 2020 ခုနှစ်မှာ သူတို့ရဲ့ ပထမဆုံး အဆင့်မြင့် စမတ်ဖုန်းများအဖြစ် 5G စမတ်ဖုန်းနှစ်လုံးအဖြစ် Mi 10 နှင့် Mi 10 Pro တို့ကို ကြေညာလာပါတယ်။ Xiaomi ဟာ တရုတ်နိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေမှုကြောင့် Xiaomi Mi 10 နှင့် Mi 10 Pro တို့ကို အွန်လိုင်းကဘဲ မိတ်ဆက်ပွဲ ကျင်းပကာ တိုက်ရိုက် ထုတ်လွှင့်သွားခဲ့တာ ဖြစ်ပါတယ်။

Xiaomi Mi 10 နှင့် Mi 10 Pro တို့မှာ မျက်နှာပြင် 6.67 လက်မ AMOLED FullHD+ ရုပ်ထွက်သုံးထားပြီး 90Hz Refresh Rate နှင့် 180 Touch Sampling Rate ပါဝင်ပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ Punch-Hole Selfie Camera သုံးထားပြီး 20MP ဖြစ်ပါတယ်။

ဖုန်းနှစ်မျိုးလုံးကို Snapdragon 865 Chipset နှင့် ပါဝါထောက်ပံ့ထားပြီး 12GB LPDDR5 RAM ဗားရှင်းအထိ ရွေးချယ်နိုင်ပါတယ်။

Xiaomi Mi 10 နှင့် Mi 10 Pro တို့အကြား အဓိက ကွဲပြားသွားမှုတွေထဲက တစ်ခုက ကျောဘက်ကင်မရာပိုင်း ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ ကျောဘက်ကင်မရာလေးလုံးပါဝင်ပြီး အဓိကကင်မရာက 108MP ဖြစ်ပါတယ်။ ဒါပေမယ့် Mi 10 Pro မှာ 12MP Short Telephoto ၊ 13MP Portrait နှင့် 13MP Telephoto (10x Optical) သုံးထားပါတယ်။ Mi 10 ရဲ့ ကျန်ကင်မရာသုံးလုံးက 13MP Ultrawide+2MP Macro+2MP Depth ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးလုံးက 8K Resolution ဗီဒီယိုရိုက်ကူးမှုထောက်ပံ့ထားပါတယ်။ မကြာသေးမီက ကြေညာခဲ့တဲ့ Galaxy S20 စီးရီးမှာလည်း 8K ရိုက်ကူးမှုထောက်ပံ့ထားပါတယ်။

Xiaomi Mi 10 မှာ ဘက်ထရီ 4780 mAhပါဝင်ပြီး 30W Fast Charging ထောက်ပံ့ထားပါတယ်။ Mi 10 Pro မှာ ဘက်ထရီ 4500 mAhပါဝင်ပြီး 55W Fast Charging ထောက်ပံ့ထားပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ Android 10 အခြေခံ MIUI 11 သုံးထားပါတယ်။ ကြိုးမဲ့အားသွင်းမှုကို 30W Fast Charging ဖြင့် ပြုလုပ်နိုင်ကာ အခြား ကြိုးမဲ့အားသွင်းမှုထောက်ပံ့ထားတဲ့ Device များကို 10W Reverse Charging ဖြင့် အားသွင်းနိုင်ပါတယ်။

Xiaomi Mi 10 ကို ဖေဖော်ဝါရီလ 14 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။ Xiaomi Mi 10 ရဲ့ 8GB/128GB ကို ဒေါ်လာ 573 ၊ 8GB/256GB ကို ဒေါ်လာ 615 နှင့် 12GB+256GB ကို ဒေါ်လာ 673 သတ်မှတ်ထားပါတယ်။ Mi 10 ကို PeachGold ၊ Green ၊ Black အရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။

Xiaomi Mi 10 Pro ကို ဖေဖော်ဝါရီလ 18 ရက်နေ့မှာ ရောင်းချသွားပါမယ်။ Xiaomi Mi 10 ရဲ့ အခြေခံဗားရှင်းမှာ 8GB+256GB ပါဝင်ပြီး ဒေါ်လာ 716 ဖြစ်ပါတယ်။ 12GB+256GB ကို ဒေါ်လာ 788 နှင့် 12GB+512GB ကို ဒေါ်လာ 859 သတ်မှတ်ထားပါတယ်။ ဒီဖုန်းကို Blue ၊ White အရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

90Hz AMOLED Display ၊ 108MP ကင္မရာ ၊ Snapdragon 865 SoC ပါဝင္တဲ့ Xiaomi Mi 10 ႏွင့္ Mi 10 Pro တို႔ကို ေၾကညာ

တ႐ုတ္နာမည္ႀကီး စမတ္ဖုန္းကုမၸဏီ Xiaomi ဟာ 2020 ခုႏွစ္မွာ သူတို႔ရဲ့ ပထမဆုံး အဆင့္ျမင့္ စမတ္ဖုန္းမ်ားအျဖစ္ 5G စမတ္ဖုန္းႏွစ္လုံးအျဖစ္ Mi 10 ႏွင့္ Mi 10 Pro တို႔ကို ေၾကညာလာပါတယ္။ Xiaomi ဟာ တ႐ုတ္နိုင္ငံအတြင္းမွာ ကိုရိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ့ေနမွုေၾကာင့္ Xiaomi Mi 10 ႏွင့္ Mi 10 Pro တို႔ကို အြန္လိုင္းကဘဲ မိတ္ဆက္ပြဲ က်င္းပကာ တိုက္ရိုက္ ထုတ္လႊင့္သြားခဲ့တာ ျဖစ္ပါတယ္။

Xiaomi Mi 10 ႏွင့္ Mi 10 Pro တို႔မွာ မ်က္ႏွာျပင္ 6.67 လက္မ AMOLED FullHD+ ႐ုပ္ထြက္သုံးထားၿပီး 90Hz Refresh Rate ႏွင့္ 180 Touch Sampling Rate ပါဝင္ပါတယ္။ ဖုန္းႏွစ္မ်ိဳးလုံးမွာ Punch-Hole Selfie Camera သုံးထားၿပီး 20MP ျဖစ္ပါတယ္။

ဖုန္းႏွစ္မ်ိဳးလုံးကို Snapdragon 865 Chipset ႏွင့္ ပါဝါေထာက္ပံ့ထားၿပီး 12GB LPDDR5 RAM ဗားရွင္းအထိ ေရြးခ်ယ္နိုင္ပါတယ္။

Xiaomi Mi 10 ႏွင့္ Mi 10 Pro တို႔အၾကား အဓိက ကြဲျပားသြားမွုေတြထဲက တစ္ခုက ေက်ာဘက္ကင္မရာပိုင္း ျဖစ္ပါတယ္။ ဖုန္းႏွစ္မ်ိဳးလုံးမွာ ေက်ာဘက္ကင္မရာေလးလုံးပါဝင္ၿပီး အဓိကကင္မရာက 108MP ျဖစ္ပါတယ္။ ဒါေပမယ့္ Mi 10 Pro မွာ 12MP Short Telephoto ၊ 13MP Portrait ႏွင့္ 13MP Telephoto (10x Optical) သုံးထားပါတယ္။ Mi 10 ရဲ့ က်န္ကင္မရာသုံးလုံးက 13MP Ultrawide+2MP Macro+2MP Depth ျဖစ္ပါတယ္။ ဖုန္းႏွစ္မ်ိဳးလုံးက 8K Resolution ဗီဒီယိုရိုက္ကူးမွုေထာက္ပံ့ထားပါတယ္။ မၾကာေသးမီက ေၾကညာခဲ့တဲ့ Galaxy S20 စီးရီးမွာလည္း 8K ရိုက္ကူးမွုေထာက္ပံ့ထားပါတယ္။

Xiaomi Mi 10 မွာ ဘက္ထရီ 4780 mAhပါဝင္ၿပီး 30W Fast Charging ေထာက္ပံ့ထားပါတယ္။ Mi 10 Pro မွာ ဘက္ထရီ 4500 mAhပါဝင္ၿပီး 55W Fast Charging ေထာက္ပံ့ထားပါတယ္။ ဖုန္းႏွစ္မ်ိဳးလုံးမွာ Android 10 အေျခခံ MIUI 11 သုံးထားပါတယ္။ ႀကိဳးမဲ့အားသြင္းမွုကို 30W Fast Charging ျဖင့္ ျပဳလုပ္နိုင္ကာ အျခား ႀကိဳးမဲ့အားသြင္းမွုေထာက္ပံ့ထားတဲ့ Device မ်ားကို 10W Reverse Charging ျဖင့္ အားသြင္းနိုင္ပါတယ္။

Xiaomi Mi 10 ကို ေဖေဖာ္ဝါရီလ 14 ရက္ေန႔မွာ စတင္ေရာင္းခ်သြားပါမယ္။ Xiaomi Mi 10 ရဲ့ 8GB/128GB ကို ေဒၚလာ 573 ၊ 8GB/256GB ကို ေဒၚလာ 615 ႏွင့္ 12GB+256GB ကို ေဒၚလာ 673 သတ္မွတ္ထားပါတယ္။ Mi 10 ကို PeachGold ၊ Green ၊ Black အေရာင္တို႔ႏွင့္ ေရြးခ်ယ္နိုင္ပါမယ္။

Xiaomi Mi 10 Pro ကို ေဖေဖာ္ဝါရီလ 18 ရက္ေန႔မွာ ေရာင္းခ်သြားပါမယ္။ Xiaomi Mi 10 ရဲ့ အေျခခံဗားရွင္းမွာ 8GB+256GB ပါဝင္ၿပီး ေဒၚလာ 716 ျဖစ္ပါတယ္။ 12GB+256GB ကို ေဒၚလာ 788 ႏွင့္ 12GB+512GB ကို ေဒၚလာ 859 သတ္မွတ္ထားပါတယ္။ ဒီဖုန္းကို Blue ၊ White အေရာင္တို႔ႏွင့္ ေရြးခ်ယ္နိုင္ပါမယ္။

NetGuide Journal (Every Wednesday)