Samsung အနေနဲ့ Galaxy Z Flip ဖုန်းတွေကို တရားဝင်ရောင်းချရမယ့် ရက်မတိုင်ခင် ဆိုလ်းမြို့မှာရှိတဲ့ ဒစ်ဂျစ်တယ်ပလာဇာတွေကနေ အရေအတွက်အနည်းငယ်ကို ထုတ်ရောင်းခဲ့တယ်လို့ သိရပါတယ်။ ကြိုတင်မှာယူတွေကို မနက်ဖြန်မှပြုလုပ်နိုင်မှာ ဖြစ်ပေမယ့်ကြိုထုတ်ရောင်းလိုက်တဲ့ သဘောဖြစ်နေပါတယ်။ ဒေသစံတော်ချိန် ၁၀နာရီခွဲလောက်ကနေ စရောင်းခဲ့ပြီး ၁၆နာရီမှာတော့ အရောင်းရပ်ခဲ့တယ်လို့ သိရပါတယ်။ အလုံးရေ ၉၀၀ ကန့်သတ်ရောင်းချခဲ့တယ်လို့ သိရပါတယ်။

Samsung sells a limited number of Galaxy Z Flip at Samsung Digital Plaza ahead of official launch

Z Flip ကတော့ ပုံမှန် စမတ်ဖုန်းအရွယ်အစားကိုမှ foldable display နဲ့ပါ။ Z Flip မှာ 6.7-inch display ဖြစ်ပြီး super tall 22:9 Dynamic AMOLED ကို သုံးထားပါတယ်။ resolution က 1080 x 2636px ဖြစ်ပြီး Motorola Razr ထက် pixels 50% ကျော်ပိုများပါတယ်။ ဒုတိယမျက်နှာပြင်ကလည်း Super AMOLED ကိုသုံးထားပြီး 1.1 လက်မ သာရှိပါတယ်။
Snapdragon 865 ပရိုဆက်ဆာကို သုံးထားပြီး 4G ကွန်ရက်ချိတ်ဆက်မှုသာ ရရှိမှာပါ။ အချက်အလက်ပိုင်းမှာ 8GB/256GB တမျိုးတည်းသာ ထုတ်ထားပြီး UFS 3.0 storage နဲ့ပါ။ အဓိက ကင်မရာဟာ f/1.8 aperture နဲ့ 12MP sensor ဖြစ်ပါတယ်။ ultrawide တခုထပ်ပါအုံးမှာပါ။ Galaxy Z Flip မှာ 3,300 mAh ထည့်သွင်းထားပေမယ့် အားသွင်း အမြန်နှုန်းက 15W သာပေးထားပါတယ်။ အရောင် ၃ မျိုးဖြစ်ပြီး Mirror Black ၊ Mirror Purple နဲ့ Mirror Gold ဆိုပြီး ဖြစ်ပါတယ်။

zawgyi

တရားဝင်ရောင်းမှု မတိုင်ခင် Galaxy Z Flip အလုံးရေအနည်းငယ်ကို ကန့်သတ်ရောင်းချ
