အစဉ်အလာအရ iPhone 12 ၊ iPhone 12 Pro တို့ကို ယခုနှစ် နှောင်းပိုင်း စက်တင်ဘာလမှာ ကြေညာလာမယ်လို့ အားလုံးက ယူဆထားကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုက ရပ်တန့်ခြင်းမရှိဘဲ ကူးစက်သူစာရင်းနှင့် သေဆုံးသူစာရင်းက မြင့်မားသထက် မြင့်မားလာနေမှုကြောင့် စက်တင်ဘာလမှာ iPhone 12 ကို မိတ်ဆက်နိုင်ဖွယ်မရှိဘဲ ရွှေ့ဆိုင်းရဖွယ်ရှိနေကြောင်း သိရပါတယ်။

ယခုအခါ တရုတ်နိုင်ငံမှာသာမက နိုင်ငံတကာမှာပါ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်လျက်ရှိနေမှုကြောင့် ဘာစီလိုနာတွင် ကျင်းပရန် စီစဉ်ထားတဲ့ MWC 2020 ကို မကျင်းပရန် ဆုံးဖြတ်လိုက်ရပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် Apple ဟာ အထူးအင်ဂျင်နီယာများကို တရုတ်နိုင်ငံသို့ စေလွှတ်ရေးအား ရပ်တန့်ထားရပါတယ်။ ယင်း အင်ဂျင်နီယာများဟာ iPhone 12 ထုတ်လုပ်ရေးအတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်ရတာ ဖြစ်ပါတယ်။

Apple ဟာ သူတို့ရဲ့ ဝန်ထမ်းများကို တရုတ်နိုင်ငံသို့ စေလွှတ်ခြင်း ရပ်ဆိုင်းထားသလို တရုတ်နိုင်ငံမှာ ခန့်အပ်ထားတဲ့ ဝန်ထမ်းများကိုလည်း အိမ်မှာဘဲ အလုပ်လုပ်ဖို့၊ ရုံးမတက်ဖို့ ပြောထားပါတယ်။

ပုံမှန်အားဖြင့် Apple ဟာ ဇွန်လ လလယ်ပိုင်းမှာ iPhone သစ် ထုတ်လုပ်မှု စတင်ပြီး ဩဂုတ်လအထိ အရှိန်အဟုန်မြှင့်ထုတ်လုပ်ကာ စက်တင်ဘာလမှာ ကြေညာလေ့ရှိပါတယ်။

ဒါပေမယ့် လက်ရှိအခြေအနေကြောင့် iPhone 12 အပြီးသတ် လုပ်ဆောင်ရေး ကြန့်ကြာနေမှုနဲ့အတူ iPhone သစ် မိတ်ဆက်ပွဲကိုလည်း အချိန်ကာလအတိုင်းအတာတစ်ခုအထိ ရွေ့ဆိုင်းရဖို့ ရှိနေပါတယ်။

Apple ဟာ iPhone 12 စီးရီးအဖြစ် iPhone 12 ၊ iPhone 11 Pro နှင့် iPhone 12 Pro Max တို့ကို ထုတ်လုပ်ရောင်းချလာမှာ ဖြစ်ပါတယ်။

Apple ဟာ မတ်လအတွင်းမှာ iPhone SE ရဲ့ ခြေရာကို ဆက်ခံတဲ့ စမတ်ဖုန်းအဖြစ် iPhone 9 ကိုလည်း ကြေညာဖို့ လုပ်ဆောင်ထားပါတယ်။ iPhone 9 မှာ iPhone 8 ဒီဇိုင်းမျိုး အသုံးပြုလာမှာ ဖြစ်ပေမယ့် iPhone 11 လိုမျိုး Apple A13 Bionic Chipset နှင့် ပါဝါထောက်ပံ့လာမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

ကိုရိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ့မွု ရပ္တန႔္ျခင္းမရွိမွုေၾကာင့္ iPhone 12 ကို ေရြ႕ဆိုင္းရဖြယ္ရွိေနတဲ့ Apple

အစဥ္အလာအရ iPhone 12 ၊ iPhone 12 Pro တို႔ကို ယခုႏွစ္ ေႏွာင္းပိုင္း စက္တင္ဘာလမွာ ေၾကညာလာမယ္လို႔ အားလုံးက ယူဆထားၾကၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္ တ႐ုတ္နိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ့မွုက ရပ္တန႔္ျခင္းမရွိဘဲ ကူးစက္သူစာရင္းႏွင့္ ေသဆုံးသူစာရင္းက ျမင့္မားသထက္ ျမင့္မားလာေနမွုေၾကာင့္ စက္တင္ဘာလမွာ iPhone 12 ကို မိတ္ဆက္နိုင္ဖြယ္မရွိဘဲ ေရႊ႕ဆိုင္းရဖြယ္ရွိေနေၾကာင္း သိရပါတယ္။

ယခုအခါ တ႐ုတ္နိုင္ငံမွာသာမက နိုင္ငံတကာမွာပါ ကိုရိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ့ကူးစက္လ်က္ရွိေနမွုေၾကာင့္ ဘာစီလိုနာတြင္ က်င္းပရန္ စီစဥ္ထားတဲ့ MWC 2020 ကို မက်င္းပရန္ ဆုံးျဖတ္လိုက္ရၿပီ ျဖစ္ပါတယ္။

တ႐ုတ္နိုင္ငံအတြင္းမွာ ကိုရိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ့မွုေၾကာင့္ Apple ဟာ အထူးအင္ဂ်င္နီယာမ်ားကို တ႐ုတ္နိုင္ငံသို႔ ေစလႊတ္ေရးအား ရပ္တန႔္ထားရပါတယ္။ ယင္း အင္ဂ်င္နီယာမ်ားဟာ iPhone 12 ထုတ္လုပ္ေရးအတြက္ အင္ဂ်င္နီယာပိုင္းဆိုင္ရာ စမ္းသပ္မွုမ်ား ျပဳလုပ္ရတာ ျဖစ္ပါတယ္။

Apple ဟာ သူတို႔ရဲ့ ဝန္ထမ္းမ်ားကို တ႐ုတ္နိုင္ငံသို႔ ေစလႊတ္ျခင္း ရပ္ဆိုင္းထားသလို တ႐ုတ္နိုင္ငံမွာ ခန႔္အပ္ထားတဲ့ ဝန္ထမ္းမ်ားကိုလည္း အိမ္မွာဘဲ အလုပ္လုပ္ဖို႔၊ ႐ုံးမတက္ဖို႔ ေျပာထားပါတယ္။

ပုံမွန္အားျဖင့္ Apple ဟာ ဇြန္လ လလယ္ပိုင္းမွာ iPhone သစ္ ထုတ္လုပ္မွု စတင္ၿပီး ဩဂုတ္လအထိ အရွိန္အဟုန္ျမႇင့္ထုတ္လုပ္ကာ စက္တင္ဘာလမွာ ေၾကညာေလ့ရွိပါတယ္။

ဒါေပမယ့္ လက္ရွိအေျခအေနေၾကာင့္ iPhone 12 အၿပီးသတ္ လုပ္ေဆာင္ေရး ၾကန႔္ၾကာေနမွုနဲ႔အတူ iPhone သစ္ မိတ္ဆက္ပြဲကိုလည္း အခ်ိန္ကာလအတိုင္းအတာတစ္ခုအထိ ေရြ႕ဆိုင္းရဖို႔ ရွိေနပါတယ္။

Apple ဟာ iPhone 12 စီးရီးအျဖစ္ iPhone 12 ၊ iPhone 11 Pro ႏွင့္ iPhone 12 Pro Max တို႔ကို ထုတ္လုပ္ေရာင္းခ်လာမွာ ျဖစ္ပါတယ္။

Apple ဟာ မတ္လအတြင္းမွာ iPhone SE ရဲ့ ေျခရာကို ဆက္ခံတဲ့ စမတ္ဖုန္းအျဖစ္ iPhone 9 ကိုလည္း ေၾကညာဖို႔ လုပ္ေဆာင္ထားပါတယ္။ iPhone 9 မွာ iPhone 8 ဒီဇိုင္းမ်ိဳး အသုံးျပဳလာမွာ ျဖစ္ေပမယ့္ iPhone 11 လိုမ်ိဳး Apple A13 Bionic Chipset ႏွင့္ ပါဝါေထာက္ပံ့လာမွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)