မနေ့တုန်းက Samsung Galaxy S20 စီးရီးအဖြစ် Galaxy S20 ၊ Galaxy S20+ ၊ Galaxy S20 Ultra နှင့် Galaxy Z Flip တို့ကို မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာကတော့ Samsung ဟာ Galaxy S20 စီးရီးမိတ်ဆက်ပွဲ ပြုလုပ်ခဲ့တဲ့ Unpacked 2020 ပွဲ တိုက်ရိုက် ထုတ်လွှင့်ရာမှာ Galaxy S20 Ultra ဖြင့် ရိုက်ကူးပြီး တိုက်ရိုက် ထုတ်လွှင့်ခဲ့တာဘဲ ဖြစ်ပါတယ်။
တိုက်ရိုက်ထုတ်လွှင့်ရေးလုပ်ဆောင်တဲ့ ရိုက်ကူးရေးသမားများဟာ Galaxy S20 Ultra ကို အသုံးပြုပြီး ရိုက်ကူးခဲ့ပါတယ်။ ဒါ့အပြင် Samsung ဟာ Galaxy S20 Ultra ဖုန်းများကို ထောင့်များတွင် တပ်ဆင်ကာ တိုက်ရိုက်ထုတ်လွှင့်ရေး ရိုက်ကူးရာမှာ အသုံးပြုခဲ့ပါတယ်။
Samsung ရဲ့ Unpacked 2020 ကို Full HD Resolution (1080p) ဖြင့် ရိုက်ကူးပြီး YouTube မှာ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။ ယင်း တိုက်ရိုက်ထုတ်လွှင့်မှုက စမတ်ဖုန်းကို အသုံးပြုကာ ရိုက်ကူးခဲ့တယ်ဆိုပေမယ့်လည်း ကြည်လင်ပြတ်သားသလို အလင်းပေးမှာလည်း ကောင်းမွန်တာ တွေ့ရပါတယ်။
Samsung Galaxy S20 Ultra က Galaxy S20 စီးရီးမှာ ကင်မရာပိုင်း အကောင်းဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီဖုန်းက 108MP ကင်မရာပါဝင်တဲ့ ပထမဆုံး Samsung စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ အဓိကကင်မရာ 108MP မှာ 9-in-1 Pixel Binning နည်းပညာပါဝင်ပြီး အလင်းရောင် အားနည်းချိန်မှာလည်း ဓာတ်ပုံကောင်းတွေ ရိုက်ကူးနိုင်ပါမယ်။ ယင်းကင်မရာ OIS နှင့် f/1.8 Aperture ပါဝင်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုကို 8K ဖြင့် ရိုက်ကူးနိုင်ပါတယ်။
ဒီဖုန်းရဲ့ ဒုတိယကင်မရာက 48MP Telephoto ကင်မရာဖြစ်ပြီး 10x Hybrid Zoom နှင့် 100x Super Resolution Zoom တို့ ရိုက်ကူးနိုင်ပါတယ်။ OIS လည်း ပါဝင်ပါသေးတယ်။ ကျန်ကင်မရာနှစ်လုံးက 12MP Ultrawide Angle Camera နှင့် DepthVision Sensor တို့ ဖြစ်ပါတယ်။ ရှေ့ကင်မရာ 40MP ပါဝင်ကာ ကမ္ဘာ့ ရှေ့ကင်မရာအမြင့်မားဆုံးပါ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Unpacked 2020 ပြဲကို Galaxy S20 Ultra ျဖင့္ ႐ိုက္ကူးကာ တိုက္႐ိုက္ထုတ္လႊင့္ခဲ့တဲ့ Samsung

မေန႔တုန္းက Samsung Galaxy S20 စီးရီးအျဖစ္ Galaxy S20 ၊ Galaxy S20+ ၊ Galaxy S20 Ultra ႏွင့္ Galaxy Z Flip တို႔ကို မိတ္ဆက္ပြဲ ျပဳလုပ္ခဲ့ပါတယ္။ စိတ္ဝင္စားဖို႔ ေကာင္းတာကေတာ့ Samsung ဟာ Galaxy S20 စီးရီးမိတ္ဆက္ပြဲ ျပဳလုပ္ခဲ့တဲ့ Unpacked 2020 ပြဲ တိုက္႐ိုက္ ထုတ္လႊင့္ရာမွာ Galaxy S20 Ultra ျဖင့္ ႐ိုက္ကူးၿပီး တိုက္႐ိုက္ ထုတ္လႊင့္ခဲ့တာဘဲ ျဖစ္ပါတယ္။
တိုက္႐ိုက္ထုတ္လႊင့္ေရးလုပ္ေဆာင္တဲ့ ႐ိုက္ကူးေရးသမားမ်ားဟာ Galaxy S20 Ultra ကို အသုံးျပဳၿပီး ႐ိုက္ကူးခဲ့ပါတယ္။ ဒါ့အျပင္ Samsung ဟာ Galaxy S20 Ultra ဖုန္းမ်ားကို ေထာင့္မ်ားတြင္ တပ္ဆင္ကာ တိုက္႐ိုက္ထုတ္လႊင့္ေရး ႐ိုက္ကူးရာမွာ အသုံးျပဳခဲ့ပါတယ္။
Samsung ရဲ႕ Unpacked 2020 ကို Full HD Resolution (1080p) ျဖင့္ ႐ိုက္ကူးၿပီး YouTube မွာ တိုက္႐ိုက္ ထုတ္လႊင့္ခဲ့ပါတယ္။ ယင္း တိုက္႐ိုက္ထုတ္လႊင့္မႈက စမတ္ဖုန္းကို အသုံးျပဳကာ ႐ိုက္ကူးခဲ့တယ္ဆိုေပမယ့္လည္း ၾကည္လင္ျပတ္သားသလို အလင္းေပးမွာလည္း ေကာင္းမြန္တာ ေတြ႕ရပါတယ္။
Samsung Galaxy S20 Ultra က Galaxy S20 စီးရီးမွာ ကင္မရာပိုင္း အေကာင္းဆုံး စမတ္ဖုန္း ျဖစ္ပါတယ္။ ဒီဖုန္းက 108MP ကင္မရာပါဝင္တဲ့ ပထမဆုံး Samsung စမတ္ဖုန္းလည္း ျဖစ္ပါတယ္။ အဓိကကင္မရာ 108MP မွာ 9-in-1 Pixel Binning နည္းပညာပါဝင္ၿပီး အလင္းေရာင္ အားနည္းခ်ိန္မွာလည္း ဓာတ္ပုံေကာင္းေတြ ႐ိုက္ကူးႏိုင္ပါမယ္။ ယင္းကင္မရာ OIS ႏွင့္ f/1.8 Aperture ပါဝင္ပါတယ္။ ဗီဒီယို႐ိုက္ကူးမႈကို 8K ျဖင့္ ႐ိုက္ကူးႏိုင္ပါတယ္။
ဒီဖုန္းရဲ႕ ဒုတိယကင္မရာက 48MP Telephoto ကင္မရာျဖစ္ၿပီး 10x Hybrid Zoom ႏွင့္ 100x Super Resolution Zoom တို႔ ႐ိုက္ကူးႏိုင္ပါတယ္။ OIS လည္း ပါဝင္ပါေသးတယ္။ က်န္ကင္မရာႏွစ္လုံးက 12MP Ultrawide Angle Camera ႏွင့္ DepthVision Sensor တို႔ ျဖစ္ပါတယ္။ ေရွ႕ကင္မရာ 40MP ပါဝင္ကာ ကမာၻ႔ ေရွ႕ကင္မရာအျမင့္မားဆုံးပါ စမတ္ဖုန္းလည္း ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)