ပြီးခဲ့တဲ့အပတ်တုန်းက Realmeက လာမယ့် MWC 2020 ပွဲမှာ 5G အဆင့်မြင့် စမတ်ဖုန်းတစ်လုံးနှင့် စမတ်တီဗွီ တစ်လုံးတို့ကို ကြေညာမယ်လို့ အတည်ပြုခဲ့ပါတယ်။ OPPO ရဲ့ ဒုတိယအမှတ်တံဆိပ် ကုမ္ပဏီဟာ ဘယ်ရက်မှာ မိတ်ဆက်မယ်ဆိုတာကိုတော့ ကြေညာခဲ့ခြင်း မရှိပါဘူး။ ယနေ့မှာတော့ Realmeက လာမယ့် ဖေဖော်ဝါရီလ 24 ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ အတည်ပြုလာပြီ ဖြစ်ပါတယ်။ ယင်းပွဲက Realmeအတွက် ပထမဆုံး MWC ပွဲသို့ တက်ရောက်တဲ့ ပွဲ ဖြစ်လာပါမယ်။
Realmeက ဖေဖော်ဝါရီလ 24 ရက်နေ့ပွဲမှာ ‌ကြေညာလာမယ့် အဆင့်မြင့် စမတ်ဖုန်းက Realme X50 Pro 5G ဖြစ်ပါတယ်။ ဒီဖုန်းက Snapdragon 865 SoC သုံးထားတဲ့ စမတ်ဖုန်းတွေထဲမှာ ပထမဆုံး စမတ်ဖုန်းတွေထဲမှာ ပါဝင်လာပါမယ်။
Realmeက X50 Pro 5G မှာ AMOLED FHD+ ရုပ်ထွက်၊ Punch-Hole Selfie Camera ၊ RAM12GB ၊ Storage 256GB နှင့် Android 10 အခြေခံ Realme UI သုံးလာမယ်လို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Realme X50 Pro 5G ကို ဖေဖော်ဝါရီလ 24 ရက်တွင် မိတ်ဆက်မည်

