Microsoft ဟာ ပြီးခဲ့တဲ့ 2019 ခုနှစ်၊ အောက်တိုဘာလအစောပိုင်းတုန်းက မျက်နှာပြင်နှစ်ခုပါဝင်တဲ့ Android စမတ်ဖုန်း Microsoft Surface Duo ကို ကြေညာခဲ့ပါတယ်။ Microsoft Surface Duo မှာ 5.6 လက်မရှိ မျက်နှာပြင်နှစ်ခုပါဝင်ခဲ့ပါတယ်။

Microsoft ဟာ Surface Duo ကို အပြီးသတ်လုပ်ဆောင်ပြီးနောက် မျက်နှာပြင်နှစ်ခုတွင် အလုပ်လုပ်တဲ့ App များ ဖန်တီးဖို့အတွက် Developers များကို ပေးထားပါတယ်။ ယနေ့မှာ ဗန်ကူးဗားမီးရထားပေါ်မှာ Developers တစ်ဦးက Microsoft Surface Duo ကို အသုံးပြုနေသူအား ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာပါတယ်။ App ဟာ မျက်နှာပြင်နှစ်ခုလုံးမှာ အသုံးပြုနိုင်သလို App နှစ်ခုကိုလည်း မျက်နှာပြင်တစ်ခုစီမှာ အသုံးပြုနိုင်ကြောင်း တွေ့ရပါတယ်။

ဒါကိုကြည့်ရင် Microsoft Surface Duo က အပြီးသတ် ထုတ်လုပ်နိုင်တဲ့အနေအထားသို့ ရောက်ဖို့ သိပ်မဝေးတော့ဘူးဆိုတာ မြင်နိုင်ပါတယ်။

လတ်တလောမှာ အသုံးပြုသူများရဲ့ လက်ထဲသို့ Microsoft Surface Duo ဘယ်အချိန်မှာ ရောက်လာမလဲဆိုတာ အတိအကျ ပြောနိုင်ဖို့ ခက်ခဲပါသေးတယ်။ သေချာတာကတော့ အချိန်ကဘဲ စကားပြောသွားပါလိမ့်မယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Microsoft Surface Duo ထြက္လာဖို႔ တျဖည္းျဖည္း နီးလာၿပီ

Microsoft ဟာ ၿပီးခဲ့တဲ့ 2019 ခုႏွစ္၊ ေအာက္တိုဘာလအေစာပိုင္းတုန္းက မ်က္ႏွာျပင္ႏွစ္ခုပါဝင္တဲ့ Android စမတ္ဖုန္း Microsoft Surface Duo ကို ေၾကညာခဲ့ပါတယ္။ Microsoft Surface Duo မွာ 5.6 လက္မရွိ မ်က္ႏွာျပင္ႏွစ္ခုပါဝင္ခဲ့ပါတယ္။

Microsoft ဟာ Surface Duo ကို အၿပီးသတ္လုပ္ေဆာင္ၿပီးေနာက္ မ်က္ႏွာျပင္ႏွစ္ခုတြင္ အလုပ္လုပ္တဲ့ App မ်ား ဖန္တီးဖို႔အတြက္ Developers မ်ားကို ေပးထားပါတယ္။ ယေန႔မွာ ဗန္ကူးဗားမီးရထားေပၚမွာ Developers တစ္ဦးက Microsoft Surface Duo ကို အသုံးျပဳေနသူအား ရိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ ထြက္ေပၚလာပါတယ္။ App ဟာ မ်က္ႏွာျပင္ႏွစ္ခုလုံးမွာ အသုံးျပဳနိုင္သလို App ႏွစ္ခုကိုလည္း မ်က္ႏွာျပင္တစ္ခုစီမွာ အသုံးျပဳနိုင္ေၾကာင္း ေတြ႕ရပါတယ္။

ဒါကိုၾကည့္ရင္ Microsoft Surface Duo က အၿပီးသတ္ ထုတ္လုပ္နိုင္တဲ့အေနအထားသို႔ ေရာက္ဖို႔ သိပ္မေဝးေတာ့ဘူးဆိုတာ ျမင္နိုင္ပါတယ္။

လတ္တေလာမွာ အသုံးျပဳသူမ်ားရဲ့ လက္ထဲသို႔ Microsoft Surface Duo ဘယ္အခ်ိန္မွာ ေရာက္လာမလဲဆိုတာ အတိအက် ေျပာနိုင္ဖို႔ ခက္ခဲပါေသးတယ္။ ေသခ်ာတာကေတာ့ အခ်ိန္ကဘဲ စကားေျပာသြားပါလိမ့္မယ္။

NetGuide Journal (Every Wednesday)