ယနေ့မှာ Samsung ဟာ Galaxy S20 စီးရီးနှင့်အတူ Galaxy Z Flip ကို ကြေညာထားပါတယ်။ Galaxy Z Flip က Samsung ရဲ့ ဒုတိယမြောက် ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါပေမယ့် Galaxy Z Flip က ပထမမျိုးဆက် Galaxy Fold နှင့် ဒီဇိုင်းပိုင်းကွဲပြားပါတယ်။ ဒီဖုန်းမှာ ခေါက်ဖုန်းရုပ်ထွက် ဒီဇိုင်း သုံးထားပါတယ်။
Samsung ဟာ Galaxy Z Flip ကို Galaxy Fold ထက် များစွာ ဈေးနှုန်းသက်သာစွာ ရောင်းချဖို့ စီစဉ်ထားတာနဲ့အညီ ရောင်းအားလည်း ပိုမိုကောင်းမွန်လာဖို့ မျှော်လင့်ထားပါတယ်။
တောင်ကိုရီးယားမီဒီယာများရဲ့ ဖော်ပြမှုအရ Samsung ဟာ Galaxy Z Flip ကို အလုံးရေ 2.5 သန်းအထိ ရောင်းချရဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
ဒီပမာဏက Galaxy Fold ရောင်းအားထက် များစွာမြင့်မားပါတယ်။ Samsung ဟာ Galaxy Fold ကို အလုံးရေ 4 သိန်းမှ 5 သိန်းအတွင်းသာ ရောင်းချခဲ့ရတာပါ။
Samsung ဟာ Galaxy Z Flip ကို ဈေးနှုန်း ဒေါ်လာ 1260 ဝန်းကျင်ဖြင့်သာ ရောင်းချလာမှာ ဖြစ်ပါတယ်။ Galaxy Fold ဈေးနှုန်းက ဒေါ်လာ 2000 ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ယခုႏွစ္တြင္ Galaxy Z Flip အလုံးေရ 2.5 သန္း ေရာင္းခ်ရရန္ Samsung ေမွ်ာ္မွန္းထား

ယေန႔မွာ Samsung ဟာ Galaxy S20 စီးရီးႏွင့္အတူ Galaxy Z Flip ကို ေၾကညာထားပါတယ္။ Galaxy Z Flip က Samsung ရဲ႕ ဒုတိယေျမာက္ ေခါက္ႏိုင္တဲ့ ႐ုပ္ထြက္ပါ စမတ္ဖုန္း ျဖစ္ပါတယ္။ ဒါေပမယ့္ Galaxy Z Flip က ပထမမ်ိဳးဆက္ Galaxy Fold ႏွင့္ ဒီဇိုင္းပိုင္းကြဲျပားပါတယ္။ ဒီဖုန္းမွာ ေခါက္ဖုန္း႐ုပ္ထြက္ ဒီဇိုင္း သုံးထားပါတယ္။
Samsung ဟာ Galaxy Z Flip ကို Galaxy Fold ထက္ မ်ားစြာ ေဈးႏႈန္းသက္သာစြာ ေရာင္းခ်ဖို႔ စီစဥ္ထားတာနဲ႔အညီ ေရာင္းအားလည္း ပိုမိုေကာင္းမြန္လာဖို႔ ေမွ်ာ္လင့္ထားပါတယ္။
ေတာင္ကိုရီးယားမီဒီယာမ်ားရဲ႕ ေဖာ္ျပမႈအရ Samsung ဟာ Galaxy Z Flip ကို အလုံးေရ 2.5 သန္းအထိ ေရာင္းခ်ရဖို႔ ေမွ်ာ္လင့္ထားေၾကာင္း သိရပါတယ္။
ဒီပမာဏက Galaxy Fold ေရာင္းအားထက္ မ်ားစြာျမင့္မားပါတယ္။ Samsung ဟာ Galaxy Fold ကို အလုံးေရ 4 သိန္းမွ 5 သိန္းအတြင္းသာ ေရာင္းခ်ခဲ့ရတာပါ။
Samsung ဟာ Galaxy Z Flip ကို ေဈးႏႈန္း ေဒၚလာ 1260 ဝန္းက်င္ျဖင့္သာ ေရာင္းခ်လာမွာ ျဖစ္ပါတယ္။ Galaxy Fold ေဈးႏႈန္းက ေဒၚလာ 2000 ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)