စက်ဘီးစီးခြင်းက ကျန်းမာသန်စွမ်းရေးအတွက် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်မှုတွေထဲမှာ အကောင်းဆုံးနည်းတစ်ခု စာရင်းဝင်ပါတယ်။ ဒါပေမယ့် လူနဲ့ကားရှုပ်ထွေးတဲ့ မြို့ကြီးပြကြီးတွေမှာ စက်ဘီးစီးရတာ လွယ်ကူတယ်လို့ မထင်လိုက်ပါနဲ့။ အသက်ရင်းပြီး စက်ဘီးစီးနေရတာပါ။

နှစ်စဉ်နှစ်တိုင်းလိုလို ဥရောပတလွှားမှာ စက်ဘီးသမား 2000 ကျော် သေဆုံးပြီး ထောင်ပေါင်းများစွာတို့ ဒဏ်ရာရရှိနေကြပါတယ်။

ယခုအခါ Ford က စက်ဘီးသမားတွေ ဘေးကင်းစွာ စက်ဘီးစီးနိုင်ဖို့အတွက် Light-Up Jacket သစ်အဖြစ် Emoji Jacket ကို ဖန်တီးလာပါတယ်။ Ford ဟာ Share On Road အစီအစဉ်မှာ ပါဝင်တဲ့အနေဖြင့် ဒီအင်္ကျီကို ဖန်တီးလာတာ ဖြစ်ပါတယ်။

ဂျက်ကက်ရဲ့ ကျောဘက်မှာ ကြီးမားတဲ့ LED Panel ပါဝင်ပြီး Emoji များစွာနှင့် Signals တို့ကိုလည်း ထည့်သွင်းထားပါတယ်။ Handbarsမှာ တပ်ဆင်ဖို့အတွက် Controllers ပါဝင်ပြီး Emoji ခြောက်ခုသုံးနိုင်ပါမယ်။

သတင်းဆိုးကတော့ Emoji Jacket က ပုံကြမ်းအဆင့်မှာဘဲ အဆင့်မှာဘဲရှိသေးပြီး ဘယ်တော့ ရောင်းချလာမယ်ဆိုတာ မသိရသေးပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

စက္ဘီးသမားေတြရဲ့ ခံစားခ်က္ကို ကားေမာင္းသမားမ်ား သိနိုင္မယ့္ Emoji Jacket

စက္ဘီးစီးျခင္းက က်န္းမာသန္စြမ္းေရးအတြက္ ကိုယ္လက္လွုပ္ရွားမွုျပဳလုပ္မွုေတြထဲမွာ အေကာင္းဆုံးနည္းတစ္ခု စာရင္းဝင္ပါတယ္။ ဒါေပမယ့္ လူနဲ႔ကားရွုပ္ေထြးတဲ့ ၿမိဳ႕ႀကီးျပႀကီးေတြမွာ စက္ဘီးစီးရတာ လြယ္ကူတယ္လို႔ မထင္လိုက္ပါနဲ႔။ အသက္ရင္းၿပီး စက္ဘီးစီးေနရတာပါ။

ႏွစ္စဥ္ႏွစ္တိုင္းလိုလို ဥေရာပတလႊားမွာ စက္ဘီးသမား 2000 ေက်ာ္ ေသဆုံးၿပီး ေထာင္ေပါင္းမ်ားစြာတို႔ ဒဏ္ရာရရွိေနၾကပါတယ္။

ယခုအခါ Ford က စက္ဘီးသမားေတြ ေဘးကင္းစြာ စက္ဘီးစီးနိုင္ဖို႔အတြက္ Light-Up Jacket သစ္အျဖစ္ Emoji Jacket ကို ဖန္တီးလာပါတယ္။ Ford ဟာ Share On Road အစီအစဥ္မွာ ပါဝင္တဲ့အေနျဖင့္ ဒီအကၤ်ီကို ဖန္တီးလာတာ ျဖစ္ပါတယ္။

ဂ်က္ကက္ရဲ့ ေက်ာဘက္မွာ ႀကီးမားတဲ့ LED Panel ပါဝင္ၿပီး Emoji မ်ားစြာႏွင့္ Signals တို႔ကိုလည္း ထည့္သြင္းထားပါတယ္။ Handbarsမွာ တပ္ဆင္ဖို႔အတြက္ Controllers ပါဝင္ၿပီး Emoji ေျခာက္ခုသုံးနိုင္ပါမယ္။

သတင္းဆိုးကေတာ့ Emoji Jacket က ပုံၾကမ္းအဆင့္မွာဘဲ အဆင့္မွာဘဲရွိေသးၿပီး ဘယ္ေတာ့ ေရာင္းခ်လာမယ္ဆိုတာ မသိရေသးပါဘူး။

NetGuide Journal (Every Wednesday)