Redmi ဟာ ပြီးခဲ့တဲ့ 2019 ခုနှစ်၊ စက်တင်ဘာလတုန်းက တန်ဖိုးသင့် စမတ်ဖုန်း Redmi 8A ကို ကြေညာလာပါတယ်။ ယနေ့မှာ Redmi ဟာ Redmi 8A ကို အဆင့်မြင့်ထားတဲ့ ဗားရှင်းသစ်တစ်ခုကို ကြေညာလာပါတယ်။ ဖုန်းအမည်က Redmi 8A Dual ဖြစ်ပါတယ်။

Dual လို့ အမည်သုံးထားတာနဲ့အညီ Redmi 8A Dual မှာ ကျောဘက်ကင်မရာနှစ်လုံး ပါဝင်ပြီး 13MP+2MP Depth သုံးထားပါတယ်။ Redmi 8A မှာတုန်းက ကျောဘက်ကင်မရာတစ်လုံးတည်းဘဲ ပါဝင်ကာ 13MP ဖြစ်ပါတယ်။ ဗီဒီယိုဖုန်းခေါ်ဆိုမှုနဲ့ Selfie ရိုက်ကူးမှုများအတွက် ရှေ့ကင်မရာ 8MP ပါဝင်ပါတယ်။ Portrait Selfie Mode လည်း ပါဝင်ပါတယ်။

Redmi 8A Dual မှာ မျက်နှာပြင် 6.22 လက်မ IPD LCD HD+ ရုပ်ထွက်သုံးထားကာ Corning Gorilla Glass 5 မှန်ဖြင့် အကာအကွယ်ပေးထားပါတယ်။ Aura XGrip Design သုံးထားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ ဒီဖုန်းမှာ P2i Coating သုံးထားတာကြောင့် ရေပက်ဖျန်းမှု ဒဏ်ခံနိုင်တာ ဖြစ်ပါတယ်။

Redmi 8A Dual ကို Snapdragon 439 SoC နှင့် အထိုင်ချထားကာ RAM2GB နှင့် RAM3GB ဗားရှင်းတို့နှင့် ရွေးချယ်နိုင်ပါမယ်။ Storage 32GB ပါဝင်ကာ microSD မှ တဆင့် 512GB အထိ တိုးနိုင်ပါတယ်။

ဘက်ထရီ 5000 mAh ပါဝင်ပြီး 18W Fast Charging ဖြင့် အားသွင်းနိုင်ပါတယ်။ USB Type C သုံးထားပါတယ်။ ဒါပေမယ့် ဖုန်းဗူးအတွင်းမှာ 10W Charger ဘဲ ထည့်သွင်းထားပါတယ်။ Reverse Charging လည်း ထောက်ပံ့ထားတာကြောင့် အသုံးပြုသူများအနေဖြင့် Power Bank အဖြစ် အခြား ဖုန်းတစ်လုံးကိုလည်း အားသွင်းနိုင်ပါမယ်။

ဒီဖုန်းမှာ Redmi 8A Dual မှာ AI Face Unlock ၊ Wireless FM Radio နှင့် VoWiFi ပါဝင်ပါတယ်။

Redmi 8A Dual ရဲ့ 2GB/32GB ဗားရှင်းကို ဒေါ်လာ 90 နှင့် 3GB/32GB ဗားရှင်းကို ‌97 ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ Sky White ၊ Sea Blue ၊ Midnight Grey အရောင်တို့နှင့် ရွေးချယ်နိုင်ပါတယ်။

ဒီဖုန်းကို အိန္ဒိယဈေးကွက်မှာ ဖေဖော်ဝါရီလ 18 ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

ေက်ာဘက္ကင္မရာႏွစ္လုံး၊ ဘက္ထရီ 5000 mAh ၊ Snapdragon 439 Chipset သုံးထားတဲ့ Redmi 8A Dual ကို ေၾကညာ

Redmi ဟာ ၿပီးခဲ့တဲ့ 2019 ခုႏွစ္၊ စက္တင္ဘာလတုန္းက တန္ဖိုးသင့္ စမတ္ဖုန္း Redmi 8A ကို ေၾကညာလာပါတယ္။ ယေန႔မွာ Redmi ဟာ Redmi 8A ကို အဆင့္ျမင့္ထားတဲ့ ဗားရွင္းသစ္တစ္ခုကို ေၾကညာလာပါတယ္။ ဖုန္းအမည္က Redmi 8A Dual ျဖစ္ပါတယ္။

Dual လို႔ အမည္သုံးထားတာနဲ႔အညီ Redmi 8A Dual မွာ ေက်ာဘက္ကင္မရာႏွစ္လုံး ပါဝင္ၿပီး 13MP+2MP Depth သုံးထားပါတယ္။ Redmi 8A မွာတုန္းက ေက်ာဘက္ကင္မရာတစ္လုံးတည္းဘဲ ပါဝင္ကာ 13MP ျဖစ္ပါတယ္။ ဗီဒီယိုဖုန္းေခၚဆိုမွုနဲ႔ Selfie ရိုက္ကူးမွုမ်ားအတြက္ ေရွ႕ကင္မရာ 8MP ပါဝင္ပါတယ္။ Portrait Selfie Mode လည္း ပါဝင္ပါတယ္။

Redmi 8A Dual မွာ မ်က္ႏွာျပင္ 6.22 လက္မ IPD LCD HD+ ႐ုပ္ထြက္သုံးထားကာ Corning Gorilla Glass 5 မွန္ျဖင့္ အကာအကြယ္ေပးထားပါတယ္။ Aura XGrip Design သုံးထားပါတယ္။ စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ ဒီဖုန္းမွာ P2i Coating သုံးထားတာေၾကာင့္ ေရပက္ဖ်န္းမွု ဒဏ္ခံနိုင္တာ ျဖစ္ပါတယ္။

Redmi 8A Dual ကို Snapdragon 439 SoC ႏွင့္ အထိုင္ခ်ထားကာ RAM2GB ႏွင့္ RAM3GB ဗားရွင္းတို႔ႏွင့္ ေရြးခ်ယ္နိုင္ပါမယ္။ Storage 32GB ပါဝင္ကာ microSD မွ တဆင့္ 512GB အထိ တိုးနိုင္ပါတယ္။

ဘက္ထရီ 5000 mAh ပါဝင္ၿပီး 18W Fast Charging ျဖင့္ အားသြင္းနိုင္ပါတယ္။ USB Type C သုံးထားပါတယ္။ ဒါေပမယ့္ ဖုန္းဗူးအတြင္းမွာ 10W Charger ဘဲ ထည့္သြင္းထားပါတယ္။ Reverse Charging လည္း ေထာက္ပံ့ထားတာေၾကာင့္ အသုံးျပဳသူမ်ားအေနျဖင့္ Power Bank အျဖစ္ အျခား ဖုန္းတစ္လုံးကိုလည္း အားသြင္းနိုင္ပါမယ္။

ဒီဖုန္းမွာ Redmi 8A Dual မွာ AI Face Unlock ၊ Wireless FM Radio ႏွင့္ VoWiFi ပါဝင္ပါတယ္။

Redmi 8A Dual ရဲ့ 2GB/32GB ဗားရွင္းကို ေဒၚလာ 90 ႏွင့္ 3GB/32GB ဗားရွင္းကို ‌97 ေဒၚလာ အသီးသီး သတ္မွတ္ထားပါတယ္။ Sky White ၊ Sea Blue ၊ Midnight Grey အေရာင္တို႔ႏွင့္ ေရြးခ်ယ္နိုင္ပါတယ္။

ဒီဖုန္းကို အိႏၵိယေဈးကြက္မွာ ေဖေဖာ္ဝါရီလ 18 ရက္ေန႔မွာ စတင္ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)