Website စာမျက်နှာများ

https://myhealthmyanmar.com/
https://myhealthmyanmar.com ဟာ ကျန်းမာရေးဆိုင်ရာအထွေထွေဗဟုသုတတွေ စုစည်းတင်ဆက်ပေးနေတဲ့ ဝက်ဘ်ဆိုက်ပါ။ အသားအရေ၊ သွားနဲ့ဆံပင်ကျန်းမာရေးအကြောင်းနဲ့ မျက်လုံးနဲ့ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတတွေကိုဖတ်ရှုနိုင်သလို အသုံးဝင်တဲ့ သဘာဝကုထုံးတွေအကြောင်းနဲ့ နှလုံး၊ ဆီးချို၊ ကင်ဆာရောဂါ၊ အအေးမိနှာစေး ချောင်းဆိုးနဲ့ အသည်းရောဂါနဲ့ပတ်သက်တာတွေကိုလည်း လေ့လာနိုင်ပါတယ်။

https://myanmarmillionaire.com/
https://myanmarmillionaire.com ဟာစီးပွားရေးနဲ့ပတ်သက်တဲ့ Businiss Education တွေ၊ Personal Development အသိပညာတွေနဲ့ ဝင်ငွေရှာနည်းအမျိုးမျိုး၊ စီးပွားလုပ်နည်းအမျိုးမျိုးကို မြန်မာဘာသာနဲ့ ရေးသားဖော်ပြပေးနေတဲ့ ဝက်ဘ်ဆိုက်ပါ။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီးပွားရေးစွန့်ဦးတီထွင်သူတွေနဲ့ Digital Marketer တွေအနေနဲ့ အသိအပညာ၊ အတတ်ပညာတွေကို နေ့စဉ်ယုံကြည်စိတ်ချစွာ ဖတ်ရှုနိုင်ပါတယ်။

https://musclewiki.org/
https://musclewiki.org ဟာ ခန္ဓာဗေဒအကြောင်း ပိုမိုနားလည်ပြီး ကိုယ်ကာယလေ့ ကျင့်ခန်းလုပ်တဲ့အခါ ရှင်းလင်းလွယ်ကူစေဖို့အတွက် လေ့လာသင့်တဲ့ဝက်ဘ်ဆိုက်ပါ။ ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ပတ်သက်လို့ သိချင်တာတွေကိုလေ့လာနိုင်ပြီး ဘယ်အစိတ်အပိုင်းက ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်သင့် တယ်၊ ဘယ်လိုလုပ်သင့်တယ် ဆိုတာကို စာနဲ့ရောပုံနဲ့ပါ ဖော်ပြပေးပါတယ်။

Facebook စာမျက်နှာများ

https://www.facebook.com/travellingwithpantawn/
Travelling With Pan Tawn ဆိုတဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ခရီးသွားခြင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတမျိုးစုံ၊ ခရီးသွား information တွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Package Tour နဲ့ ခရီးသွားတဲ့အခါပဲဖြစ်ဖြစ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် Private သွားချင်တဲ့အခါပဲဖြစ်ဖြစ် ခရီးသွားခြင်းနဲ့ ပတ်သက်တဲ့ လည်ပတ်စရာနေရာ လေးတွေ၊ အစားအသောက်တွေနဲ့ ဟိုတယ်အကြောင်းတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။

https://www.facebook.com/ဟိုတယ်-တည်းခိုခန်း-လမ်းညွှန်- 303733623616282/
ဟိုတယ် တည်းခိုခန်းလမ်းညွှန် ဆိုတဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ခရီးသွားဝါသနာပါသူတွေအတွက် မြန်မာနိုင်ငံ တစ်ဝန်းက ဟိုတယ်တွေ၊ တည်းခိုခန်းတွေနဲ့ပတ်သက်လို့ ရေးသားဖော်ပြပေးနေတာဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ကျိုက်ထီးရိုးစတဲ့နေရာတွေမှာရှိတဲ့ ဟိုတယ်၊ တည်းခိုခန်းတွေရဲ့ လိပ်စာနဲ့ဈေးနှုန်းတွေ ကိုဖော်ပြပေးနေတာဖြစ်ပါတယ်။ ဟိုတယ်တွေမှာ Promotion တွေပေးတဲ့အခါမှာလည်း ဖော်ပြပေးတာဖြစ်လို့ လက်မလွတ်ရအောင် ဒီ page ကို like လုပ်ထားနိုင်ပါတယ်။

https://www.facebook.com/Driver-ယာဉ်မောင်းနှင့်-ယာဉ်မောင်းအလုပ်အကိုင်ခေါ်လိုသူများ- 320571845078220/
Driver ယာဉ်မောင်းနှင့် ယာဉ်မောင်းအလုပ်အကိုင်ခေါ်လိုသူများဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာတော့ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေအပါအဝင် အခြားနယ်မြို့တွေရဲ့ ယာဉ်မောင်းအလုပ်အကိုင်တွေကို ဖော်ပြပေးနေတာဖြစ်ပါတယ်။ ယာဉ်မောင်းအလုပ်အကိုင် ရှာဖွေလိုသူတွေအနေနဲ့သိထားသင့်တဲ့ page တစ်ခုဖြစ်ပါတယ်။ ယာဉ်မောင်းနဲ့ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာကို နေ့စဉ်ဖော်ပြပေးနေတာဖြစ်လို့ ယာဉ်မောင်းအလုပ်တွေရှာဖွေနေသူတွေအတွက် အလွန်အဆင်ပြေပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Website စာမ်က္ႏွာမ်ား

https://myhealthmyanmar.com/
https://myhealthmyanmar.com ဟာ က်န္းမာေရးဆိုင္ရာအေထြေထြဗဟုသုတေတြ စုစည္းတင္ဆက္ ေပးေနတဲ့ ဝက္ဘ္ဆိုက္ပါ။ အသားအေရ၊ သြားနဲ႔ဆံပင္က်န္းမာေရးအေၾကာင္းနဲ႔ မ်က္လုံးနဲ႔ပတ္သက္တဲ့ က်န္းမာေရးဗဟုသုတေတြကိုဖတ္ရႈႏိုင္သလို အသုံးဝင္တဲ့ သဘာဝကုထုံးေတြအေၾကာင္းနဲ႔ ႏွလုံး၊ ဆီးခ်ိဳ၊ ကင္ဆာေရာဂါ၊ အေအးမိႏွာေစး ေခ်ာင္းဆိုးနဲ႔ အသည္းေရာဂါနဲ႔ပတ္သက္တာေတြကိုလည္း ေလ့လာႏိုင္ပါတယ္။

https://myanmarmillionaire.com/
https://myanmarmillionaire.com ဟာစီးပြားေရးနဲ႔ပတ္သက္တဲ့ Businiss Education ေတြ၊ Personal Development အသိပညာေတြနဲ႔ ဝင္ေငြရွာနည္းအမ်ိဳးမ်ိဳး၊ စီးပြားလုပ္နည္းအမ်ိဳးမ်ိဳးကို ျမန္မာဘာသာနဲ႔ ေရးသားေဖာ္ျပေပးေနတဲ့ ဝက္ဘ္ဆိုက္ပါ။ စီးပြားေရးလုပ္ငန္းရွင္ေတြ၊ စီးပြားေရးစြန႔္ဦးတီထြင္သူေတြနဲ႔ Digital Marketer ေတြအေနနဲ႔ အသိအပညာ၊ အတတ္ပညာေတြကို ေန႔စဥ္ယုံၾကည္စိတ္ခ်စြာ ဖတ္ရႈႏိုင္ပါတယ္။

https://musclewiki.org/
https://musclewiki.org ဟာ ခႏၶာေဗဒအေၾကာင္း ပိုမိုနားလည္ၿပီး ကိုယ္ကာယေလ့ က်င့္ခန္းလုပ္တဲ့အခါ ရွင္းလင္းလြယ္ကူေစဖို႔အတြက္ ေလ့လာသင့္တဲ့ဝက္ဘ္ဆိုက္ပါ။ ကိုယ့္ခႏၶာကိုယ္အစိတ္အပိုင္းေတြနဲ႔ ပတ္သက္လို႔ သိခ်င္တာေတြကိုေလ့လာႏိုင္ၿပီး ဘယ္အစိတ္အပိုင္းက ဘယ္လိုေလ့က်င့္ခန္းေတြ လုပ္သင့္ တယ္၊ ဘယ္လိုလုပ္သင့္တယ္ ဆိုတာကို စာနဲ႔ေရာပုံနဲ႔ပါ ေဖာ္ျပေပးပါတယ္။

Facebook စာမ်က္ႏွာမ်ား

https://www.facebook.com/travellingwithpantawn/
Travelling With Pan Tawn ဆိုတဲ့ေဖ့စ္ဘြတ္စာမ်က္ႏွာဟာ ခရီးသြားျခင္းနဲ႔ ပတ္သက္တဲ့ ဗဟုသုတမ်ိဳးစုံ၊ ခရီးသြား information ေတြကို တင္ဆက္ေပးေနတာျဖစ္ပါတယ္။ Package Tour နဲ႔ ခရီးသြားတဲ့အခါပဲျဖစ္ျဖစ္၊ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ Private သြားခ်င္တဲ့အခါပဲျဖစ္ျဖစ္ ခရီးသြားျခင္းနဲ႔ ပတ္သက္တဲ့ လည္ပတ္စရာေနရာ ေလးေတြ၊ အစားအေသာက္ေတြနဲ႔ ဟိုတယ္အေၾကာင္းေတြကို တင္ဆက္ေပးေနတာျဖစ္ပါတယ္။

https://www.facebook.com/ဟိုတယ္-တည္းခိုခန္း-လမ္းၫႊန္- 303733623616282/
ဟိုတယ္ တည္းခိုခန္းလမ္းၫႊန္ ဆိုတဲ့ေဖ့စ္ဘြတ္စာမ်က္ႏွာဟာ ခရီးသြားဝါသနာပါသူေတြအတြက္ ျမန္မာႏိုင္ငံ တစ္ဝန္းက ဟိုတယ္ေတြ၊ တည္းခိုခန္းေတြနဲ႔ပတ္သက္လို႔ ေရးသားေဖာ္ျပေပးေနတာျဖစ္ပါတယ္။ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္၊ ေတာင္ႀကီး၊ က်ိဳက္ထီး႐ိုးစတဲ့ေနရာေတြမွာရွိတဲ့ ဟိုတယ္၊ တည္းခိုခန္းေတြရဲ႕ လိပ္စာနဲ႔ေဈးႏႈန္းေတြ ကိုေဖာ္ျပေပးေနတာျဖစ္ပါတယ္။ ဟိုတယ္ေတြမွာ Promotion ေတြေပးတဲ့အခါမွာလည္း ေဖာ္ျပေပးတာျဖစ္လို႔ လက္မလြတ္ရေအာင္ ဒီ page ကို like လုပ္ထားႏိုင္ပါတယ္။

https://www.facebook.com/Driver-ယာဥ္ေမာင္းႏွင့္-ယာဥ္ေမာင္းအလုပ္အကိုင္ေခၚလိုသူမ်ား- 320571845078220/
Driver ယာဥ္ေမာင္းႏွင့္ ယာဥ္ေမာင္းအလုပ္အကိုင္ေခၚလိုသူမ်ားဆိုတဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာေတာ့ ရန္ကုန္၊ မႏၲေလးစတဲ့ ၿမိဳ႕ႀကီးေတြအပါအဝင္ အျခားနယ္ၿမိဳ႕ေတြရဲ႕ ယာဥ္ေမာင္းအလုပ္အကိုင္ေတြကို ေဖာ္ျပေပးေနတာျဖစ္ပါတယ္။ ယာဥ္ေမာင္းအလုပ္အကိုင္ ရွာေဖြလိုသူေတြအေနနဲ႔သိထားသင့္တဲ့ page တစ္ခုျဖစ္ပါတယ္။ ယာဥ္ေမာင္းနဲ႔ပတ္သက္တဲ့ အလုပ္အကိုင္အခြင့္အလမ္းေပါင္းမ်ားစြာကို ေန႔စဥ္ေဖာ္ျပေပးေနတာျဖစ္လို႔ ယာဥ္ေမာင္းအလုပ္ေတြရွာေဖြေနသူေတြအတြက္ အလြန္အဆင္ေျပပါတယ္။

NetGuide Journal (Every Wednesday)