MacBook Pro မှာ Type C Port တွေပဲပါလို့ အခြား Port တွေပါ သုံးလို့ရနိုင်မယ့် ပစ္စည်းလေးတွေကို ရှာနေတဲ့ Customer များအတွက် Unitek က ထုတ်ထားပြီး Type C ကနေ အခြား Port တွေကို သုံးလို့ရတဲ့ Converter လေးနဲ့ မိတ်ဆက်ပေးလိုက်ရပါတယ်။ အဲ့ဒီပစ္စည်းလေးက MacBook Pro မှာပါတဲ့ Type C Port နှစ်ခုကနေ အခြား USB, Type C, HDMI, Gigabit Ethernet တွေကို သုံးလို့ရနိုင်မယ့် Type C Dual Multi-Port Hub ပဲ ဖြစ်ပါတယ်။ Unitek တံဆိပ် Type C Dual Multi-Port Hub လေးက အရည်အသွေးလည်းကောင်းပြီး အာမခံလည်းရှိတဲ့အပြင် ဒီဇိုင်းကလည်း သေးပြီးကျစ်လျစ်တော့ ကိုင်တွယ်ရလဲ အဆင်ပြေတဲ့အတွက် သုံးစွဲသူများကို အဆင်ပြေစေမှာ ဖြစ်ပါတယ်။

ပါဝင်တဲ့ Port တွေကတော့ အားသွင်းဖို့နဲ့ Data ကူးပြောင်းဖို့အတွက် Thunderblot 3 USB Type C Port, Data တွေကို လျင်လျင်မြန်မြန် ကူးပြောင်းနိုင်ဖို့ 5GB/s အထိ ရနိုင်မယ့် USB 3.1 Gen 1 2 port အင်တာနက်နှင့် Server ချိတ်ဆက်ဖို့ RJ45 (Gigibit Ethernet) Port အပြင် Full HD 1920 x 1080/60Hz (သို့) UHD 3840 x 2160/30Hz Display ထုတ်လွှတ်နိုင်မယ့် HDMI Port တွေ ပါဝင်မှာပဲ ဖြစ်ပါတယ်။ အာမခံကလည်း 1 နှစ် ပါတာကြောင့် ဝယ်ယူတဲ့နေ့မှ 1 နှစ်အတွင်း Factory Fault ဆိုရင် အသစ်တစ်ခုနဲ့ ပြန်လဲလှယ်ပေးပြီး User Fault ဆိုရင်တော့ လဲလှယ်ပေးမှာ မဟုတ်ပါဘူး။

 

Price : 80,000 Ks
Digiware Showroom, Ph : 09-456100811

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Unitek USB Hub



Price : 80,000 Ks
