ပြီးခဲ့တဲ့ 2019 ခုနှစ်ကထွက်ရှိခဲ့တဲ့ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်းတွေထဲမှာ Samsung Galaxy Note 10 Series က ထိပ်ဆုံးက ရပ်တည်လျက်ရှိပါတယ်။ အားလုံးစိတ်ဝင်တစားစောင့်မျှော်နေကြတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်သလို ထွက်ရှိလာတဲ့အခါမှာလည်း အားလုံးထင်မှတ်ထားအတိုင်းပဲ နောက်ဆုံးပေါ်အဆင့်မြင့် Specs တွေနဲ့ Features တွေကို ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။ ၎င်း Series ထဲမှာ Samsung Galaxy Note 10 Plus က အကောင်းဆုံးပဲဖြစ်ပြီး ဒီဇိုင်းပုံစံကအစ ပိုမိုဆန်းသစ်တဲ့ Premium စမတ်ဖုန်း ပုံစံအတိုင်းဖြစ်ပြီး အရင် Note 9 ထက်ဘောင်တွေက ပိုမိုပါးလွှာပြီး အလေးချိန်အရလည်း ပိုမိုပေါ့ပါးသွားပါတယ်။ ၎င်းရဲ့ အားသာချက်တွေကတော့ မျက်နှာပြင်ကြီးမားကျယ်ပြန့်ခြင်း၊ စက်စွမ်းဆောင် ရည်ကောင်းမွန်ခြင်း၊ အဆင့်မြင့် အနောက်ကင်မရာ 4 လုံး ပါရှိခြင်းတွေအပြင် ဘက်ထရီစွမ်းအားကလည်း မြင့်မားမှုရှိပါတယ်။ ဒါကြောင့် အဘက်ဘက်က ပြီးပြည့်စုံမှုရှိတဲ့ နောက်ဆုံးပေါ်အဆင့်မြင့် စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ၎င်းကို GSM, CDMA, HSPA, EVDO နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Single SIM နဲ့ Hybrid Dual SIM ဆိုတဲ့ version တွေကို ထုတ်လုပ်ပေးထားပါတယ်။ ထည့်သွင်းသုံးစွဲနိုင်မယ့် SIM card အမျိုးအစားကတော့ Nano SIM ပါ။ ဖုန်းကိုယ်ထည် အရှေ့ဘက်နဲ့ နောက်ကျောဘက်ကို Corning Gorilla Glass 6 နဲ့ပြုလုပ်ထားပြီး ဘေးဘောင်တွေကတော့ ပေါ့ပါးအကြမ်းခံတဲ့ အဆင့်မြင့် အလူမီနီယံတွေနဲ့ တည်ဆောက်ပေးထားလို့ ကိုယ်ထည်တစ်ခုလုံးကလည်း ပြောင်လက်တောက်ပနေပြီး ပြုတ်ကျမှုဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။

အရှေ့၊ အနောက်၊ အပေါ်၊ အောက်ဘောင်တွေလုံးဝ မပါရှိပဲ အပေါ်မှာ Circular Notch ပုံစံအဝိုင်းလေးကိုပဲထည့်သာကြောင့် ထောက်ပံ့ထားတဲ့ မျက်နှာပြင်အကျယ်အတိုင်း မြင်ကွင်းတွေကို တွေ့မြင်ရမှာပါ။ နောက်ကျောဘက် ညာဘက်ထောင့်မှာ အနောက် Quad Camera Lens နဲ့ LED Flash မီးလုံးတို့ကို ဒေါင်လိုက်တပ်ဆင်ထားပြီး Fingerprint scanner ကလည်း နောက်ကျောဘက်မှာ ရှိမနေတော့ဘဲ အရှေ့မျက်နှာပြင်အောက်မှာ နောက်ဆုံးပေါ်အဆင့်မြင့် Under-Display Fingerprint Scanner ကို တပ်ဆင်ပေးထားပါတယ်။ ဖုန်းအရွယ်အစားက 162.3 x 77.2 x 7.9 mm (6.39 x 3.04 x 0.31 in) ရှိပြီး 196g လေးပါတယ်။ 6.8 inches ကျယ်တဲ့ မျက်နှာပြင်ကို Dynamic AMOLED capacitive touchscreen, 16M colors display အမျိုးအစားနဲ့ပြုလုပ်ပေးထားပြီး ၎င်းမျက်နှာပြင်က 19:9 ratio မှာ 1440 x 3040 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပါတယ်။ အထဲမှာ Android 9.0 (Pie) ကိုအခြေခံထားတဲ့ အဆင့်မြင့် One UI User Interface ကို run ပေးထားလို့ အသုံးပြုရတာ အဆင့်မြင့်မားမှုရှိပါတယ်။ ၎င်းရဲ့အနောက်ကင်မရာက 12 MP, f/1.5-2.4, 27mm (wide), 1/2.55″, 1.4µm, Dual Pixel PDAF, OIS + 12 MP, f/2.1, 52mm (telephoto), 1/3.6″, 1.0µm, PDAF, OIS, 2x optical zoom + 16 MP, f/2.2, 12mm (ultrawide), 1.0µm, Super Steady video + TOF 3D VGA camera စွမ်းအားတွေကိုထောက်ပံ့ပေးနိုင်ပြီး အရှေ့ကင်မရာကလည်း 10 MP, f/2.2, 26mm (wide), 1.22µm, Dual Pixel PDAF စွမ်းအားတွေပါရှိပါတယ်။ ဒါကြောင့် တကယ့် Professional ကင်မရာနဲ့ ရိုက်ထားတဲ့ဓာတ်ပုံမျိုးနဲ့ အရည်အသွေးမြင့်ဗီဒီယိုတွေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

လျင်မြန်တိကျတဲ့ စက်စွမ်းဆောင်ရည်ပိုင်းကို ရရှိစေဖို့အတွက် အဆင့်မြင့် Chipset, processor တွေနဲ့ အရည်အသွေးမြင့် Graphics card တွေကို အသုံးပြုထားပါတယ်။ ဒါ့အပြင် ဖုန်းပြောတဲ့အခါမှာ အသံ ကြည်လင်ပြတ်သားမှုရှိပြီး Dolby Atmos/AKG sound စနစ်ပါရှိလို့ စပီကာကနေ အကောင်းဆုံး အသံစွမ်းအားတွေကို ထုတ်လွှတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဖုန်းတစ်လုံးရဲ့ အဓိကလိုအပ်ချက်တွေနဲ့ အားလုံး ပြည့်စုံပြီး ဒီဇိုင်းပုံစံပိုင်းကပါ ခေတ်မီဆန်းသစ်လှပမှုရှိတာကြောင့် Samsung ချစ်သူတွေကတော့ တကယ့်ကို ကြိုက်နှစ်သက်ကြမှာ သေချာပါတယ်။

  • Battery Life
    Non-removable Li-Ion 4300 mAh battery က တစ်ခါအား အပြည့်သွင်းထားရင် နာရီပေါင်းများစွာ အသုံးပြုနိုင်ပြီး ဒါ့အပြင် ဖုန်းအားသွင်းရတာ မြန်ဆန်တဲ့ Fast battery charging 45W စနစ်နဲ့ Fast Qi/PMA wireless charging 15W လည်း ပါရှိပါသေးတယ်။
  • Design
    တည်ဆောက်ပုံဒီဇိုင်းက ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်းခိုင်မာပြီး သစ်လွင်တောက်ပနေတဲ့ ကိုယ်ထည်ဒီဇိုင်း ကြောင့် ဆွဲဆောင်မှုလည်း ရှိပါတယ်။ ၎င်းဖုန်းကို ဈေးကွက်ထဲမှာ ရွေးချယ်ဝယ်ယူနိုင်မယ့် အရောင်တွေ ကတော့ Aura Glow, Aura White, Aura Black နဲ့ Aura Blue ဆိုတဲ့အရောင် 4 မျိုးပဲ ဖြစ်ပါတယ်။

  • Processor
    ဖုန်းစွမ်းဆောင်ရည်ပိုင်းအတွက် RAM 12GB ပါရှိတဲ့ Octa-core (4×2.7 GHz Mongoose M3 & 4×1.8 GHz Cortex-A55) processor နဲ့ Exynos 9810 (10 nm) chipset တို့ကိုထည့်ထားပြီး Mali-G72 MP18 GPU က ရုပ်ထွက်ပိုင်းကိုလည်း ထောက်ပံ့ထားလို့ အံ့မခန်းလောက်အောင် လျင်မြန်တိကျတဲ့ လုပ်ဆောင်ချက်တွေကို ရရှိနိုင်မှာပါ။
  • Display and Camera
    6.8 inches ကျယ်တဲ့ Dynamic AMOLED capacitive touchscreen, 16M colors display က 1080 x 2340 pixels ရှိတဲ့ full HD မြင်ကွင်းစွမ်းအား တွေကိုပြသပေးနိုင်ပါတယ်။ အရည်အသွေးမြင့် အနောက်ကင်မရာ 4 လုံးနဲ့ အရှေ့ကင်မရာ 1 လုံးပါရှိပြီး အလွန်အသုံးဝင်တဲ့ အဆင့်မြင့် features တွေလည်း ပါရှိပါတယ်။
  • Verdict
    Samsung Galaxy Note 10 Plus ကို ရေအနက် 1 မီတာခွဲမှာ မိနစ် 30 ကြာမျှ သုံးစွဲနိုင်ပြီး ထောက်ပံ့ပေးထားတဲ့ Stylue Pen ရဲ့ နောက်ဆုံးပေါ် features တွေကိုလည်း အသုံးပြုနိုင်ဦးမှာပါ။ ဒါကြောင့် နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းတွေကိုမှ ကိုင်တွယ်သုံးစွဲချင်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးပါပဲ။

Specification
» Network : GSM/CDMA/HSPA/EVDO/LTE (Single SIM)
» Weight : 196 g
» Display : 6.8″, Dynamic AMOLED capacitive touchscreen
» Resolution : 1440 x 3040 pixels, 19:9 ratio (~498ppi)
» Dimensions : 162.3 x 77.2 x 7.9 mm » Memory : 256GB, 12GB RAM
» Camera : Quad 12MP, f/1.5-2.4, 1/2.55”, 1.4µm 12MP, f/2.1, 1/3.6”, 1.0µm, PDAF, 16MP f/2.2, 1/3.1”, 1.0µm, TOF 3D VGA Camera LED flash, auto-HDR, panorama Selfie : 10MP, f/2.2, 1/3″, 1.22µm
» Connectivity : GPS, WLAN, Bluetooth 5.0, USB 3.1
» OS : Android 9.0 (Pie); Android 10.0, One UI 2
» Chipset : Exynos 9825 (7nm) – EMEA/LATAM CPU : Octa-core (2×2.73 GHz Mongoose M4 & 2×2.4 GHz Cortex- A75), GPU : Mali-G76 MP12-EMEA/LATAM / Adreno 640
» Price : 1,699,000 Ks
» Contact Phone : 09-785222888 ( Win Mobile World )

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Samsung Galaxy Note 10+

ၿပီးခဲ့တဲ့ 2019 ခုႏွစ္ကထြက္ရွိခဲ့တဲ့ ေနာက္ဆုံးေပၚ အဆင့္ျမင့္ စမတ္ဖုန္းေတြထဲမွာ Samsung Galaxy Note 10 Series က ထိပ္ဆုံးက ရပ္တည္လ်က္ရွိပါတယ္။ အားလုံးစိတ္ဝင္တစားေစာင့္ေမွ်ာ္ေနၾကတဲ့ စမတ္ ဖုန္းတစ္လုံးျဖစ္သလို ထြက္ရွိလာတဲ့အခါမွာလည္း အားလုံးထင္မွတ္ထားအတိုင္းပဲ ေနာက္ဆုံးေပၚအဆင့္ျမင့္ Specs ေတြနဲ႔ Features ေတြကို ထည့္သြင္းေပးထားတာကို ေတြ႕ရပါတယ္။ ၎ Series ထဲမွာ Samsung Galaxy Note 10 Plus က အေကာင္းဆုံးပဲျဖစ္ၿပီး ဒီဇိုင္းပုံစံကအစ ပိုမိုဆန္းသစ္တဲ့ Premium စမတ္ဖုန္း ပုံစံအတိုင္းျဖစ္ၿပီး အရင္ Note 9 ထက္ေဘာင္ေတြက ပိုမိုပါးလႊာၿပီး အေလးခ်ိန္အရလည္း ပိုမိုေပါ့ပါးသြားပါတယ္။ ၎ရဲ႕ အားသာခ်က္ေတြကေတာ့ မ်က္ႏွာျပင္ႀကီးမားက်ယ္ျပန႔္ျခင္း၊ စက္စြမ္းေဆာင္ ရည္ေကာင္းမြန္ျခင္း၊ အဆင့္ျမင့္ အေနာက္ကင္မရာ 4 လုံး ပါရွိျခင္းေတြအျပင္ ဘက္ထရီစြမ္းအားကလည္း ျမင့္မားမႈရွိပါတယ္။ ဒါေၾကာင့္ အဘက္ဘက္က ၿပီးျပည့္စုံမႈရွိတဲ့ ေနာက္ဆုံးေပၚအဆင့္ျမင့္ စမတ္ဖုန္းတစ္လုံးပဲ ျဖစ္ပါတယ္။ ၎ကို GSM, CDMA, HSPA, EVDO နဲ႔ LTE networks ေတြမွာ အသုံးျပဳႏိုင္ၿပီး Single SIM နဲ႔ Hybrid Dual SIM ဆိုတဲ့ version ေတြကို ထုတ္လုပ္ေပးထားပါတယ္။ ထည့္သြင္းသုံးစြဲႏိုင္မယ့္ SIM card အမ်ိဳးအစားကေတာ့ Nano SIM ပါ။ ဖုန္းကိုယ္ထည္ အေရွ႕ဘက္နဲ႔ ေနာက္ေက်ာဘက္ကို Corning Gorilla Glass 6 နဲ႔ျပဳလုပ္ထားၿပီး ေဘးေဘာင္ေတြကေတာ့ ေပါ့ပါးအၾကမ္းခံတဲ့ အဆင့္ျမင့္ အလူမီနီယံေတြနဲ႔ တည္ေဆာက္ေပးထားလို႔ ကိုယ္ထည္တစ္ခုလုံးကလည္း ေျပာင္လက္ေတာက္ပေနၿပီး ျပဳတ္က်မႈဒဏ္ေတြကိုလည္း ခံႏိုင္ရည္ရွိပါတယ္။

အေရွ႕၊ အေနာက္၊ အေပၚ၊ ေအာက္ေဘာင္ေတြလုံးဝ မပါရွိပဲ အေပၚမွာ Circular Notch ပုံစံအဝိုင္းေလးကိုပဲထည့္သာေၾကာင့္ ေထာက္ပံ့ထားတဲ့ မ်က္ႏွာျပင္အက်ယ္အတိုင္း ျမင္ကြင္းေတြကို ေတြ႕ျမင္ရမွာပါ။ ေနာက္ေက်ာဘက္ ညာဘက္ေထာင့္မွာ အေနာက္ Quad Camera Lens နဲ႔ LED Flash မီးလုံးတို႔ကို ေဒါင္လိုက္တပ္ဆင္ထားၿပီး Fingerprint scanner ကလည္း ေနာက္ေက်ာဘက္မွာ ရွိမေနေတာ့ဘဲ အေရွ႕မ်က္ႏွာျပင္ေအာက္မွာ ေနာက္ဆုံးေပၚအဆင့္ျမင့္ Under-Display Fingerprint Scanner ကို တပ္ဆင္ေပးထားပါတယ္။ ဖုန္းအ႐ြယ္အစားက 162.3 x 77.2 x 7.9 mm (6.39 x 3.04 x 0.31 in) ရွိၿပီး 196g ေလးပါတယ္။ 6.8 inches က်ယ္တဲ့ မ်က္ႏွာျပင္ကို Dynamic AMOLED capacitive touchscreen, 16M colors display အမ်ိဳးအစားနဲ႔ျပဳလုပ္ေပးထားၿပီး ၎မ်က္ႏွာျပင္က 19:9 ratio မွာ 1440 x 3040 pixels ရွိတဲ့ ျမင္ကြင္းစြမ္းအားေတြကို ျပသေပးႏိုင္ပါတယ္။ အထဲမွာ Android 9.0 (Pie) ကိုအေျခခံထားတဲ့ အဆင့္ျမင့္ One UI User Interface ကို run ေပးထားလို႔ အသုံးျပဳရတာ အဆင့္ျမင့္မားမႈရွိပါတယ္။ ၎ရဲ႕အေနာက္ကင္မရာက 12 MP, f/1.5-2.4, 27mm (wide), 1/2.55″, 1.4µm, Dual Pixel PDAF, OIS + 12 MP, f/2.1, 52mm (telephoto), 1/3.6″, 1.0µm, PDAF, OIS, 2x optical zoom + 16 MP, f/2.2, 12mm (ultrawide), 1.0µm, Super Steady video + TOF 3D VGA camera စြမ္းအားေတြကိုေထာက္ပံ့ေပးႏိုင္ၿပီး အေရွ႕ ကင္မရာကလည္း 10 MP, f/2.2, 26mm (wide), 1.22µm, Dual Pixel PDAF စြမ္းအားေတြပါရွိပါတယ္။ ဒါေၾကာင့္ တကယ့္ Professional ကင္မရာနဲ႔ ႐ိုက္ထားတဲ့ဓာတ္ပုံမ်ိဳးနဲ႔ အရည္အေသြးျမင့္ဗီဒီယိုေတြကို ရရွိႏိုင္မွာပဲျဖစ္ပါတယ္။

လ်င္ျမန္တိက်တဲ့ စက္စြမ္းေဆာင္ရည္ပိုင္းကို ရရွိေစဖို႔အတြက္ အဆင့္ျမင့္ Chipset, processor ေတြနဲ႔ အရည္အေသြးျမင့္ Graphics card ေတြကို အသုံးျပဳထားပါတယ္။ ဒါ့အျပင္ ဖုန္းေျပာတဲ့အခါမွာ အသံ ၾကည္လင္ျပတ္သားမႈရွိၿပီး Dolby Atmos/AKG sound စနစ္ပါရွိလို႔ စပီကာကေန အေကာင္းဆုံး အသံစြမ္းအားေတြကို ထုတ္လႊတ္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ဖုန္းတစ္လုံးရဲ႕ အဓိကလိုအပ္ခ်က္ေတြနဲ႔ အားလုံး ျပည့္စုံၿပီး ဒီဇိုင္းပုံစံပိုင္းကပါ ေခတ္မီဆန္းသစ္လွပမႈရွိတာေၾကာင့္ Samsung ခ်စ္သူေတြကေတာ့ တကယ့္ကို ႀကိဳက္ႏွစ္သက္ၾကမွာ ေသခ်ာပါတယ္။

  • Battery Life
    Non-removable Li-Ion 4300 mAh battery က တစ္ခါအား အျပည့္သြင္းထားရင္ နာရီေပါင္းမ်ားစြာ အသုံးျပဳႏိုင္ၿပီး ဒါ့အျပင္ ဖုန္းအားသြင္းရတာ ျမန္ဆန္တဲ့ Fast battery charging 45W စနစ္နဲ႔ Fast Qi/PMA wireless charging 15W လည္း ပါရွိပါေသးတယ္။
  • Design
    တည္ေဆာက္ပုံဒီဇိုင္းက က်စ္က်စ္လ်စ္လ်စ္နဲ႔ ေတာင့္တင္းခိုင္မာၿပီး သစ္လြင္ေတာက္ပေနတဲ့ ကိုယ္ထည္ဒီဇိုင္း ေၾကာင့္ ဆြဲေဆာင္မႈလည္း ရွိပါတယ္။ ၎ဖုန္းကို ေဈးကြက္ထဲမွာ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မယ့္ အေရာင္ေတြ ကေတာ့ Aura Glow, Aura White, Aura Black နဲ႔ Aura Blue ဆိုတဲ့အေရာင္ 4 မ်ိဳးပဲ ျဖစ္ပါတယ္။

  • Processor
    ဖုန္းစြမ္းေဆာင္ရည္ပိုင္းအတြက္ RAM 12GB ပါရွိတဲ့ Octa-core (4×2.7 GHz Mongoose M3 & 4×1.8 GHz Cortex-A55) processor နဲ႔ Exynos 9810 (10 nm) chipset တို႔ကိုထည့္ထားၿပီး Mali-G72 MP18 GPU က ႐ုပ္ထြက္ပိုင္းကိုလည္း ေထာက္ပံ့ထားလို႔ အံ့မခန္းေလာက္ေအာင္ လ်င္ျမန္တိက်တဲ့ လုပ္ေဆာင္ခ်က္ေတြကို ရရွိႏိုင္မွာပါ။
  • Display and Camera
    6.8 inches က်ယ္တဲ့ Dynamic AMOLED capacitive touchscreen, 16M colors display က 1080 x 2340 pixels ရွိတဲ့ full HD ျမင္ကြင္းစြမ္းအား ေတြကိုျပသေပးႏိုင္ပါတယ္။ အရည္အေသြးျမင့္ အေနာက္ကင္မရာ 4 လုံးနဲ႔ အေရွ႕ကင္မရာ 1 လုံးပါရွိၿပီး အလြန္အသုံးဝင္တဲ့ အဆင့္ျမင့္ features ေတြလည္း ပါရွိပါတယ္။
  • Verdict
    Samsung Galaxy Note 10 Plus ကို ေရအနက္ 1 မီတာခြဲမွာ မိနစ္ 30 ၾကာမွ် သုံးစြဲႏိုင္ၿပီး ေထာက္ပံ့ေပးထား တဲ့ Stylue Pen ရဲ႕ ေနာက္ဆုံးေပၚ features ေတြကိုလည္း အသုံးျပဳႏိုင္ဦးမွာပါ။ ဒါေၾကာင့္ ေနာက္ဆုံးေပၚ အဆင့္ျမင့္စမတ္ဖုန္းေတြကိုမွ ကိုင္တြယ္သုံးစြဲခ်င္တဲ့သူေတြအတြက္ ေ႐ြးခ်ယ္သင့္တဲ့ အဆင့္ျမင့္စမတ္ဖုန္း တစ္လုံးပါပဲ။

Specification
» Network : GSM/CDMA/HSPA/EVDO/LTE (Single SIM)
» Weight : 196 g
» Display : 6.8″, Dynamic AMOLED capacitive touchscreen
» Resolution : 1440 x 3040 pixels, 19:9 ratio (~498ppi)
» Dimensions : 162.3 x 77.2 x 7.9 mm » Memory : 256GB, 12GB RAM
» Camera : Quad 12MP, f/1.5-2.4, 1/2.55”, 1.4µm 12MP, f/2.1, 1/3.6”, 1.0µm, PDAF, 16MP f/2.2, 1/3.1”, 1.0µm, TOF 3D VGA Camera LED flash, auto-HDR, panorama Selfie : 10MP, f/2.2, 1/3″, 1.22µm
» Connectivity : GPS, WLAN, Bluetooth 5.0, USB 3.1
» OS : Android 9.0 (Pie); Android 10.0, One UI 2
» Chipset : Exynos 9825 (7nm) – EMEA/LATAM CPU : Octa-core (2×2.73 GHz Mongoose M4 & 2×2.4 GHz Cortex- A75), GPU : Mali-G76 MP12-EMEA/LATAM / Adreno 640
» Price : 1,699,000 Ks
» Contact Phone : 09-785222888 ( Win Mobile World )

NetGuide Journal (Every Wednesday)