Pixtica ဟာ မျိုးစုံအသုံးပြုနိုင်တဲ့ ကင်မရာ app တစ်ခုဖြစ်ပြီး gallery အဖြစ်ရော photo tools တွေရော image editor အဖြစ်ပါ အသုံးပြုနိုင်ပါတယ်။ ဓာတ်ပုံရိုက်ဝါသနာပါသူတွေနဲ့ ဗီဒီယိုရိုက်ရတာနှစ်သက်သူတွေ အသုံးပြုနိုင်ပြီး အမှတ်ရစရာ အခိုက်အတန့်အားလုံးကို လက်မလွတ်တမ်း မှတ်တမ်းတင်နိုင်ဖို့အတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ app ဖြစ်ပါတယ်။ ဝါသနာရှင်အဆင့်ဖြစ်စေ၊ ကျွမ်းကျင်ပညာရှင်အဆင့်ဖြစ်စေ၊ ဘယ်သူမဆို ကင်မရာကို တစ်ချက်ထိခိုက်ရုံမျှနဲ့ ဖန်တီးနိုင်စွမ်းကို အလိုအလျောက် ဖော်ထုတ်ပေးနိုင်အောင် ဖန်တီးထားတာပါ။ သင့်ရဲ့ device က manual control ရတယ်ဆိုရင်တော့ ဖုန်းကင်မရာကို DSLR ကင်မရာတစ်လုံးလို pro အဆင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ISO, Shutter speed, focus, exposure နဲ့ white balance တို့ကို ချိန်နိုင်ပါတယ်။ မတူညီတဲ့ capture mode တွေ သုံးပြီး GIF animation တွေလည်း ဖန်တီးနိုင်ပါတယ်။ မြင်ကွင်းကျယ်တွေ ရိုက်နိုင်ပါတယ်။ Document တွေကို JPEG (သို့) PDF အဖြစ် ပြောင်းပေးနိုင်သလို QR scanner အဖြစ်လည်း သုံးနိုင်ပါတယ်။ ပုံတွေကို RAW format နဲ့ ရိုက်ယူနိုင်ပါတယ်။ Android 5.1 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Pixtica

